တရုတ်နဲ့ အမေရိကန်တို့ လက်ရှိမူဝါဒများအတိုင်း ဆက်လုပ်မယ်ဆိုရင် စစ်ရေးပဋိပက္ခများဖြစ်လာနိုင်ဖွယ်ရှိနေဟု ဟင်နရီကစ်ဆင်ဂျာသုံးသပ်

 2037

ဂျန်ဇက် (NP News) - ဇွန် ၁၇

တရုတ်နိုင်ငံ နဲ့ အမေရိကန်နိုင်ငံတို့ဟာ လက်ရှိ မူဝါဒများအတိုင်း ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုများဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာက သတိပေးပြောဆိုလိုက်ပါတယ်။

ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အမေရိကန် နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး တင်းမာမှုများရှိလာခဲ့ပြီးနောက် ဟင်နရီကစ်ဆင်ဂျာက အခုလိုမျိုး သတိပေးလိုက်တာဖြစ်ပါတယ်။ ၎င်းက "အမေရိကန် နဲ့ တရုတ်နိုင်ငံတို့ဟာ လက်ရှိပုံစံအတိုင်းသွားမယ်ဆိုရင် စစ်ရေးပဋိပက္ခများဆက်လက်ဖြစ်လာနိုင်တယ်။ အမေရိကန် နဲ့ တရုတ်နိုင်ငံတို့ဟာ တစ်နိုင်ငံအပေါ်တစ်နိုင်ငံက သံသယဖြစ်မှုတွေကြီးမားနေတယ်။ တရုတ်နိုင်ငံကို အကြီးမားဆုံးခြိမ်းခြောက်နေတဲ့နိုင်ငံက အမေရိကန်ဖြစ်တယ်လို့ တရုတ်ဘက်က ရှုမြင်နေသလို အမေရိကန်ကလည်း တရုတ်နိုင်ငံအပေါ် မယုံကြည်မှုများပြားနေတယ်။ နှစ်နိုင်ငံကြားစစ်ပွဲဖြစ်လာမယ်ဆိုရင် ကုန်ကျစရိတ်ပိုမိုများပြားလာမှာဖြစ်တယ်။ လက်ရှိအချိန်မှာ နှစ်နိုင်ငံစလုံးဟာ ချောက်ကမ်းပါးထိပ်ကနေ ပြန်ဆုတ်ခွာရမှာဖြစ်တယ်။ တင်းမာမှုအရှိန်ကို လျှော့ချဖို့ ကြိုးပမ်းရမှာဖြစ်တယ်"လို့ပြောပါတယ်။

အမေရိကန် နဲ့ တရုတ်နိုင်ငံကြားစစ်ရေး ပဋိပက္ခများမဖြစ်လာစေဖို့အတွက် လက်ရှိဆက်ဆံရေးလမ်း ကြောင်းကို အပြောင်းအလဲလုပ်ဆောင်ရမှာဖြစ်ကြောင်း၊ နှစ်ဖက်စလုံးဟာ တင်းမာမှုများကိုလျှော့ချပစ်ရမှာဖြစ်ကြောင်း ကစ်ဆင်ဂျာက သုံးသပ်ပြောဆိုထားပါတယ်။ ၎င်းက "လက်ရှိအချိန်အထိတော့ နှစ်နိုင်ငံစလုံးဟာ စေ့စပ်ဆွေးနွေးမှုတွေမလုပ်နိုင်သေးဘူး။ ဒါပေမယ့် နှစ်နိုင်ငံစလုံးဟာ စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းအပေါ်ကို ရောက်ရှိလာမယ်လို့မျှော်လင့်ထားတယ်"လို့ ပြောပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ ရောင်းချပေးနေသလို အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ မကြာခဏသွားရောက်နေခြင်းကြောင့် အမေရိကန် နဲ့ တရုတ်နိုင်ငံကြားတင်းမာမှုများရှိနေကြောင်းသိရပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ ပိုင်နက်ဖြစ်ပြီး အမေရိကန်အနေနဲ့ One China မူဝါဒတွေကို လေးစားလိုက်နာစေလိုကြောင်းပြောထားပါတယ်။

zawgyi version
တ႐ုတ္နဲ႔ အေမရိကန္တို႔ လက္ရွိမူဝါဒမ်ားအတိုင္း ဆက္လုပ္မယ္ဆိုရင္ စစ္ေရးပဋိပကၡမ်ားျဖစ္လာႏိုင္ဖြယ္ရွိေနဟု ဟင္နရီကစ္ဆင္ဂ်ာသုံးသပ္
ဂ်န္ဇက္ (NP News) - ဇြန္ ၁၇

တ႐ုတ္ႏိုင္ငံ နဲ႔ အေမရိကန္ႏိုင္ငံတို႔ဟာ လက္ရွိ မူဝါဒမ်ားအတိုင္း ဆက္လက္လုပ္ေဆာင္ေနမယ္ဆိုရင္ စစ္ေရးအရ ထိပ္တိုက္ေတြ႕ဆုံမႈမ်ားျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဟင္နရီကစ္ဆင္ဂ်ာက သတိေပးေျပာဆိုလိုက္ပါတယ္။

ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး အေမရိကန္ နဲ႔ တ႐ုတ္ႏိုင္ငံၾကား ဆက္ဆံေရး တင္းမာမႈမ်ားရွိလာခဲ့ၿပီးေနာက္ ဟင္နရီကစ္ဆင္ဂ်ာက အခုလိုမ်ိဳး သတိေပးလိုက္တာျဖစ္ပါတယ္။ ၎က "အေမရိကန္ နဲ႔ တ႐ုတ္ႏိုင္ငံတို႔ဟာ လက္ရွိပုံစံအတိုင္းသြားမယ္ဆိုရင္ စစ္ေရးပဋိပကၡမ်ားဆက္လက္ျဖစ္လာႏိုင္တယ္။ အေမရိကန္ နဲ႔ တ႐ုတ္ႏိုင္ငံတို႔ဟာ တစ္ႏိုင္ငံအေပၚတစ္ႏိုင္ငံက သံသယျဖစ္မႈေတြႀကီးမားေနတယ္။ တ႐ုတ္ႏိုင္ငံကို အႀကီးမားဆုံးၿခိမ္းေျခာက္ေနတဲ့ႏိုင္ငံက အေမရိကန္ျဖစ္တယ္လို႔ တ႐ုတ္ဘက္က ရႈျမင္ေနသလို အေမရိကန္ကလည္း တ႐ုတ္ႏိုင္ငံအေပၚ မယုံၾကည္မႈမ်ားျပားေနတယ္။ ႏွစ္ႏိုင္ငံၾကားစစ္ပြဲျဖစ္လာမယ္ဆိုရင္ ကုန္က်စရိတ္ပိုမိုမ်ားျပားလာမွာျဖစ္တယ္။ လက္ရွိအခ်ိန္မွာ ႏွစ္ႏိုင္ငံစလုံးဟာ ေခ်ာက္ကမ္းပါးထိပ္ကေန ျပန္ဆုတ္ခြာရမွာျဖစ္တယ္။ တင္းမာမႈအရွိန္ကို ေလွ်ာ့ခ်ဖို႔ ႀကိဳးပမ္းရမွာျဖစ္တယ္"လို႔ေျပာပါတယ္။

အေမရိကန္ နဲ႔ တ႐ုတ္ႏိုင္ငံၾကားစစ္ေရး ပဋိပကၡမ်ားမျဖစ္လာေစဖို႔အတြက္ လက္ရွိဆက္ဆံေရးလမ္း ေၾကာင္းကို အေျပာင္းအလဲလုပ္ေဆာင္ရမွာျဖစ္ေၾကာင္း၊ ႏွစ္ဖက္စလုံးဟာ တင္းမာမႈမ်ားကိုေလွ်ာ့ခ်ပစ္ရမွာျဖစ္ေၾကာင္း ကစ္ဆင္ဂ်ာက သုံးသပ္ေျပာဆိုထားပါတယ္။ ၎က "လက္ရွိအခ်ိန္အထိေတာ့ ႏွစ္ႏိုင္ငံစလုံးဟာ ေစ့စပ္ေဆြးေႏြးမႈေတြမလုပ္ႏိုင္ေသးဘူး။ ဒါေပမယ့္ ႏွစ္ႏိုင္ငံစလုံးဟာ ေစ့စပ္ေဆြးေႏြးေရးလမ္းေၾကာင္းအေပၚကို ေရာက္ရွိလာမယ္လို႔ေမွ်ာ္လင့္ထားတယ္"လို႔ ေျပာပါတယ္။

အေမရိကန္ဟာ ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းမ်ား ေရာင္းခ်ေပးေနသလို အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား မၾကာခဏသြားေရာက္ေနျခင္းေၾကာင့္ အေမရိကန္ နဲ႔ တ႐ုတ္ႏိုင္ငံၾကားတင္းမာမႈမ်ားရွိေနေၾကာင္းသိရပါတယ္။ တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ဟာ ၎တို႔ ပိုင္နက္ျဖစ္ၿပီး အေမရိကန္အေနနဲ႔ One China မူဝါဒေတြကို ေလးစားလိုက္နာေစလိုေၾကာင္းေျပာထားပါတယ္။

Related news

© 2021. All rights reserved.