ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် မြန်မာ့အရေး ဆွေးနွေးပွဲကို စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားတို့ တက်ရောက်ဖွယ်မရှိဟုဆို

 3743

ဂျန်ဇက် (NP News) - ဇွန် ၁၈

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် မြန်မာ့အရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံခြားရေးဝန်ကြီး နဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်မှာဖြစ်ပေမယ့်
စင်ကာပူ၊ အင်ဒိုနီးရှား နဲ့ မလေးရှား နိုင်ငံတို့က ကိုယ်စားလှယ်တွေ တက်ရောက်မှာမဟုတ်ကြောင်း ထွက်ပေါ်နေတဲ့ သတင်းများအရသိရပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုများပြန်လည်ရရှိစေဖို့ ရည်ရွယ်ပြီး နစက နဲ့ အပြည့်အဝပြန် လည်စေ့စပ်ဆွေးနွေးမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်မှာ မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ဖိတ်စာပေးပို့ခဲ့ကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာ့အရေးအတွက် ဇွန်လ ၁၈ ရက်နဲ့ ဇွန်လ ၁၉ ရက်တို့မှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်း တက်ရောက်မှာဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။

နစက တာဝန်ရှိသူများကလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ ဖိတ်စာကိုလက်ခံရရှိခဲ့ပြီး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ် ဘလာကရစ်ချ်နန်က (၂)နှစ်ကျော်အတွင်း မြန်မာနိုင်ငံရေးအခြေအနေများတိုးတက်ကောင်းမွန်မှုမရှိဘဲ အာဆီယံထိပ်သီးအစည်းအဝေး သို့မဟုတ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွေမှာ နစကတာဝန်ရှိသူတွေ နဲ့ ပြန်လည်စေ့စပ်ဆွေးနွေးမှုများပြုလုပ်ဖို့ အချိန်မတန်သေးဘူးလို့ဆိုပါတယ်။

အာဆီယံ သံတမန်အသိုင်းအဝိုင်းနှင့်နီးစပ်သော သတင်းအရင်းမြစ်တစ်ဦးက "မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Dr Zambry Abdul Kadir ဟာ ဇွန်လ ၁၈ ရက်မှာကျင်းပမယ့် မြန်မာ့အရေးတွေ့ဆုံဆွေးနွေးပွဲကို သွားရောက်မှာမဟုတ်ပါဘူး။ ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာမလေးရှားနိုင်ငံက ကိုယ်စားလှယ်ပါဝင်မှာမဟုတ်ဘူး"လို့ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံကတော့ အဆိုပါ အလွတ်သဘောအစည်းအဝေးကို ငြင်းဆန်ထားပြီး ဖိတ်စာမရသေးဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောဆိုခဲ့ဖူးကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။ အင်ဒိုနီးရှား၊ စင်ကာပူ နဲ့ မလေးရှားနိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်ခဲ့ခြင်းမရှိဘဲ မြန်မာအပါအဝင် အာဆီယံငါးနိုင်ငံပဲတက်ရောက်ခဲ့ကြောင်းသိရပါတယ်။

zawgyi version
ထိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပမယ့္ ျမန္မာ့အေရး ေဆြးေႏြးပြဲကို စင္ကာပူ၊ မေလးရွား၊ အင္ဒိုနီးရွားတို႔ တက္ေရာက္ဖြယ္မရွိဟုဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၁၈

ထိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပမယ့္ ျမန္မာ့အေရး အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးပြဲကို ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး နဲ႔ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးတို႔ တက္ေရာက္မွာျဖစ္ေပမယ့္
စင္ကာပူ၊ အင္ဒိုနီးရွား နဲ႔ မေလးရွား ႏိုင္ငံတို႔က ကိုယ္စားလွယ္ေတြ တက္ေရာက္မွာမဟုတ္ေၾကာင္း ထြက္ေပၚေနတဲ့ သတင္းမ်ားအရသိရပါတယ္။

ထိုင္းႏိုင္ငံဟာ ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းမႈမ်ားျပန္လည္ရရွိေစဖို႔ ရည္႐ြယ္ၿပီး နစက နဲ႔ အျပည့္အဝျပန္ လည္ေစ့စပ္ေဆြးေႏြးမယ့္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို အိမ္ရွင္အျဖစ္လက္ခံက်င္းပမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ ဇြန္လ ၁၄ ရက္မွာ ျမန္မာအပါအဝင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားကို ဖိတ္စာေပးပို႔ခဲ့ေၾကာင္းသိရပါတယ္။ ထိုင္းႏိုင္ငံမွာ ျမန္မာ့အေရးအတြက္ ဇြန္လ ၁၈ ရက္နဲ႔ ဇြန္လ ၁၉ ရက္တို႔မွာက်င္းပမယ့္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး ပရက္ဆိုခြန္း တက္ေရာက္မွာျဖစ္ေၾကာင္း ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ၿပီးခဲ့တဲ့ရက္ပိုင္းမွာသတင္းထုတ္ျပန္ထားပါတယ္။

နစက တာဝန္ရွိသူမ်ားကလည္း ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြဟာ ဖိတ္စာကိုလက္ခံရရွိခဲ့ၿပီး အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးပြဲကိုတက္ေရာက္မွာျဖစ္တယ္လို႔ ဆိုပါတယ္။ စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီး ဗီဗီယမ္ ဘလာကရစ္ခ်္နန္က (၂)ႏွစ္ေက်ာ္အတြင္း ျမန္မာႏိုင္ငံေရးအေျခအေနမ်ားတိုးတက္ေကာင္းမြန္မႈမရွိဘဲ အာဆီယံထိပ္သီးအစည္းအေဝး သို႔မဟုတ္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးေတြမွာ နစကတာဝန္ရွိသူေတြ နဲ႔ ျပန္လည္ေစ့စပ္ေဆြးေႏြးမႈမ်ားျပဳလုပ္ဖို႔ အခ်ိန္မတန္ေသးဘူးလို႔ဆိုပါတယ္။

အာဆီယံ သံတမန္အသိုင္းအဝိုင္းႏွင့္နီးစပ္ေသာ သတင္းအရင္းျမစ္တစ္ဦးက "မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီး Datuk Seri Dr Zambry Abdul Kadir ဟာ ဇြန္လ ၁၈ ရက္မွာက်င္းပမယ့္ ျမန္မာ့အေရးေတြ႕ဆုံေဆြးေႏြးပြဲကို သြားေရာက္မွာမဟုတ္ပါဘူး။ ထိုင္းႏိုင္ငံကအိမ္ရွင္အျဖစ္လက္ခံက်င္းပမယ့္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးမွာမေလးရွားႏိုင္ငံက ကိုယ္စားလွယ္ပါဝင္မွာမဟုတ္ဘူး"လို႔ေျပာပါတယ္။

အင္ဒိုနီးရွားႏိုင္ငံကေတာ့ အဆိုပါ အလြတ္သေဘာအစည္းအေဝးကို ျငင္းဆန္ထားၿပီး ဖိတ္စာမရေသးဘူးလို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေျပာဆိုခဲ့ဖူးေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ပါတယ္။ အင္ဒိုနီးရွား၊ စင္ကာပူ နဲ႔ မေလးရွားႏိုင္ငံတို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလတုန္းကလည္း ထိုင္းႏိုင္ငံကအိမ္ရွင္အျဖစ္လက္ခံက်င္းပတဲ့ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးပြဲကိုတက္ေရာက္ခဲ့ျခင္းမရွိဘဲ ျမန္မာအပါအဝင္ အာဆီယံငါးႏိုင္ငံပဲတက္ေရာက္ခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.