ယူကရိန်းပဋိပက္ခနဲ့ အရှေ့အလယ်ပိုင်းအခြေအနေတွေကို ရုရှားနဲ့ ပြင်သစ်သမ္မတတို့ဆွေးနွေး

 148

Pika (NP News) - ဇူလိုင် ၃
ရုရှားသမ္မတပူတင်နဲ့ ပြင်သစ်သမ္မတမက်ခရွန်တို့ဟာ ယူကရိန်းပဋိပက္ခအပြင် အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွား နေတဲ့အခြေအနေတွေကို ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီဖုန်းခေါ်ဆိုမှုဟာ (၂ဝ၂၂)ခုနှစ် စက်တင်ဘာလနောက်ပိုင်းတည်းက ပူတင်နဲ့ မက်ခရွန်ကြား ပထမဆုံးအကြိမ်လုပ်ဆောင်တဲ့ ဖုန်းခေါ်ဆိုမှုတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။
ဖုန်းခေါ်ဆိုမှုအတွင်း ယူကရိန်းပဋိပက္ခဟာ ရုရှားရဲ့အကျိုးစီးပွားကို နှစ်ပေါင်းများစွာကြာအောင် လျစ်လျူရှုခဲ့တဲ့ အနောက်အုပ်စုရဲ့မူဝါဒတွေရဲ့တိုက်ရိုက်အကျိုးဆက်တစ်ခုဖြစ်တယ်လို့ ပူတင်က မက်ခရွန်ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ယူကရိန်းပဋိပက္ခကို ဖြေရှင်းဖို့အတွက် ရေရှည်လုပ်ဆောင်မှုတွေအပြင် မူလဇစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ပိုင်နက်နယ်မြေအသစ်ဆိုင်ရာ အဖြစ်မှန်တွေအပေါ် အခြေခံရမယ်လို့ ပူတင်က ထပ်မံပြောကြားခဲ့ပါတယ်။ ပူတင်နဲ့ မက်ခရွန်တို့ဟာ အစ္စရေးနဲ့အီရန်ကြား မြင့်တက်လျက်ရှိတဲ့ တင်းမာမှုတွေအပြင် အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် သံတမန်ရေးလမ်းကြောင်းကို ရှေ့ကိုဆက်သွားမယ့် လမ်းစတစ်ခုအဖြစ် ပူတင်နဲ့မက်ခရွန်တို့က သဘော တူညီခဲ့ကြပြီး ညှိနှိုင်းဆောင်ရွက်မှုတွေအတွက် ဆက်သွယ်မှုတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ သဘောတူညီခဲ့ ကြတယ်လို့ သိရပါတယ်။

Zawgyi Version:
ယူကရိန္းပဋိပကၡနဲ႔ အေရွ႕အလယ္ပိုင္းအေျခအေနေတြကို ႐ုရွားနဲ႔ ျပင္သစ္သမၼတတို႔ေဆြးေႏြး
Pika (NP News) - ဇူလိုင္ ၃
႐ုရွားသမၼတပူတင္နဲ႔ ျပင္သစ္သမၼတမက္ခ႐ြန္တို႔ဟာ ယူကရိန္းပဋိပကၡအျပင္ အေရွ႕အလယ္ပိုင္းေဒသမွာ ျဖစ္ပြား ေနတဲ့အေျခအေနေတြကို ေဆြးေႏြးမႈေတြလုပ္ေဆာင္ခဲ့ၾကတယ္လို႔ သိရပါတယ္။ အဲဒီဖုန္းေခၚဆိုမႈဟာ (၂ဝ၂၂)ခုႏွစ္ စက္တင္ဘာလေနာက္ပိုင္းတည္းက ပူတင္နဲ႔ မက္ခ႐ြန္ၾကား ပထမဆုံးအႀကိမ္လုပ္ေဆာင္တဲ့ ဖုန္းေခၚဆိုမႈတစ္ခု ျဖစ္တယ္လို႔လည္း သိရပါတယ္။
ဖုန္းေခၚဆိုမႈအတြင္း ယူကရိန္းပဋိပကၡဟာ ႐ုရွားရဲ႕အက်ိဳးစီးပြားကို ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ လ်စ္လ်ဴရႈခဲ့တဲ့ အေနာက္အုပ္စုရဲ႕မူဝါဒေတြရဲ႕တိုက္႐ိုက္အက်ိဳးဆက္တစ္ခုျဖစ္တယ္လို႔ ပူတင္က မက္ခ႐ြန္ကို ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ယူကရိန္းပဋိပကၡကို ေျဖရွင္းဖို႔အတြက္ ေရရွည္လုပ္ေဆာင္မႈေတြအျပင္ မူလဇစ္ျမစ္ကို ကိုင္တြယ္ေျဖရွင္းဖို႔နဲ႔ ပိုင္နက္နယ္ေျမအသစ္ဆိုင္ရာ အျဖစ္မွန္ေတြအေပၚ အေျခခံရမယ္လို႔ ပူတင္က ထပ္မံေျပာၾကားခဲ့ပါတယ္။ ပူတင္နဲ႔ မက္ခ႐ြန္တို႔ဟာ အစၥေရးနဲ႔အီရန္ၾကား ျမင့္တက္လ်က္ရွိတဲ့ တင္းမာမႈေတြအျပင္ အေရွ႕အလယ္ပိုင္းေဒသမွာ ျဖစ္ပြားေနတဲ့အေျခအေနေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ သံတမန္ေရးလမ္းေၾကာင္းကို ေရွ႕ကိုဆက္သြားမယ့္ လမ္းစတစ္ခုအျဖစ္ ပူတင္နဲ႔မက္ခ႐ြန္တို႔က သေဘာ တူညီခဲ့ၾကၿပီး ညႇိႏႈိင္းေဆာင္႐ြက္မႈေတြအတြက္ ဆက္သြယ္မႈေတြကို ဆက္လက္ထိန္းသိမ္းထားဖို႔ သေဘာတူညီခဲ့ ၾကတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.