ရှန်ဟိုင်းမြို့၌ ကျင်းပမည့် CIIE ပြပွဲတွင် မြန်မာလုပ်ငန်းရှင်များအား တစ်ဦးလျှင် ပြခန်း(၄)အခမဲ့ ပေးအပ်သွားမည်

578

စော (NP News) - ဇွန် ၁၉
တရုတ်နိုင်ငံရှိ ရှန်ဟိုင်းမြို့တွင် ကျင်းပမည့် 6th China International Import Expo(CIIE)၌ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း သိရသည်။
ကုန်သည်စက်မှုအသင်းချုပ်မှ ယခုရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။
အဆိုပါပြပွဲသည် နိုဝင်ဘာလ(၅)ရက်မှ (၁ဝ)ရက်အထိ ကျင်းပပြုလုပ်သွားဖြစ်ပြီး မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် တစ်ဦးလျှင် ပြခန်း(၄)ခန်းစီဖြင့် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အရည်အသွေးမြင့်မားသည့် ထုတ်ကုန်များ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့ရောင်းချနိုင်ရေးနှင့် ဝင်ငွေများ တိုးမြှင့်နိုင်ရေးကို ရည်ရွယ်၍ အဆိုပါပြခန်း(၄)ခန်းစီကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် မြန်မာနိုင်ငံလက်ဖက်အသင်း၊ မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ကော်ဖီအသင်း၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ Korea TASK Project တွင် ပါဝင်သော ကုမ္ပဏီများအတွက် ပြခန်းတစ်ခန်းစီ ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
စော (NP News) - ဇွန် ၁၉