ယခုတစ်ပါတ်အတွင်းရင်းနှီးမြှုပ်နှံမှု(၈)ခုကိုရန်ကုန်တိုင်းအတွင်းခွင့်ပြု

 219

(NP News) ဇွန် ၂၈ ရက်
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း (၆၇၀၀) ကျော်အတွက် CMP ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈) ခုကို ခွင့်ပြုပေးခဲ့ကြောင်း ၎င်းကော်မတီ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ခွင့်ပြုလုပ်ငန်း (၈) ခုအဖြစ် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆) ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုတို့ကို ယခုတစ်ပတ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၅)ကြိမ်မြောက် အစည်းအဝေး၌ ခွင့်ပြုခဲ့ခြင်းဖြစ်သည် ။
လုပ်ငန်းအမျိုးအစားများအနေဖြင့်လည်း CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးနှင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းများဖြစ်ပြီး ၎င်းလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ (၇ ဒသမ ၇၉၁) သန်းဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ထိုသို့လုပ်ငန်းများခွင့်ပြုခြင်းနှင့်အတူ ခွင့်ပြုချက်တောင်းခံလာသည့် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းနမူနာများကိုလည်း အဆိုပါအစည်းအဝေးတွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
လွန်ခဲ့သော မေလကုန်ပိုင်းမှာ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးမှာလည်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုနှင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုတို့ကို ခွင့်ပြုပေးခဲ့သည့်အပြင် အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ရင်းနှီးငွေပမာဏသည် ငွေကျပ်သန်း (၆,၆၁၃ ဒသမ ၂၅၀) နှင့် အမေရိကန်ဒေါ်လာ (၀ ဒသမ ၈၆၆) သန်းတို့ဖြစ်ကာ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၂၂၀) ကိုဖန်တီးပေးနိုင်ခဲ့ကြောင်း သိရပါသည်။

Zawgyi Version:
ယခုတစ္ပါတ္အတြင္းရင္းႏွီးျမႇဳပ္ႏွံမႈ(၈)ခုကိုရန္ကုန္တိုင္းအတြင္းခြင့္ျပဳ
(NP News) ဇြန္ ၂၈ ရက္
ရန္ကုန္တိုင္းေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီအေနျဖင့္ ျပည္တြင္းအလုပ္အကိုင္အခြင့္အလမ္းေပါင္း (၆၇၀၀) ေက်ာ္အတြက္ CMP ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၈) ခုကို ခြင့္ျပဳေပးခဲ့ေၾကာင္း ၎ေကာ္မတီ၏ သတင္းထုတ္ျပန္ခ်က္အရသိရသည္။
ခြင့္ျပဳလုပ္ငန္း (၈) ခုအျဖစ္ စက္မႈက႑တြင္ ရာခိုင္ႏႈန္းျပည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၆) ခုႏွင့္ ဖက္စပ္ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၂) ခုတို႔ကို ယခုတစ္ပတ္အတြင္း က်င္းပျပဳလုပ္ခဲ့သည့္ ရန္ကုန္တိုင္းေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ၏ (၆/၂၀၂၅)ႀကိမ္ေျမာက္ အစည္းအေဝး၌ ခြင့္ျပဳခဲ့ျခင္းျဖစ္သည္ ။
လုပ္ငန္းအမ်ိဳးအစားမ်ားအေနျဖင့္လည္း CMP စနစ္ျဖင့္ Wearing Apparel အမ်ိဳးမ်ိဳးႏွင့္ အဝတ္အထည္အမ်ိဳးမ်ိဳးခ်ဳပ္လုပ္ျခင္းလုပ္ငန္းမ်ားျဖစ္ၿပီး ၎လုပ္ငန္းမ်ားအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏအေနျဖင့္ အေမရိကန္ေဒၚလာ (၇ ဒသမ ၇၉၁) သန္းျဖစ္ေၾကာင္းသိရသည္။
ရန္ကုန္တိုင္းေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီအေနျဖင့္ ထိုသို႔လုပ္ငန္းမ်ားခြင့္ျပဳျခင္းႏွင့္အတူ ခြင့္ျပဳခ်က္ေတာင္းခံလာသည့္ ရင္းႏွီးျမႇဳပ္ႏွံသူလုပ္ငန္းရွင္မ်ား၏ ထုတ္ကုန္ပစၥည္းနမူနာမ်ားကိုလည္း အဆိုပါအစည္းအေဝးတြင္ ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္းသိရသည္။
လြန္ခဲ့ေသာ ေမလကုန္ပိုင္းမွာ ျပဳလုပ္ခဲ့သည့္ ရန္ကုန္တိုင္းေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ၏ (၅/၂၀၂၅)ႀကိမ္ေျမာက္ အစည္းအေဝးမွာလည္း ဟိုတယ္ႏွင့္ ခရီးသြားက႑တြင္ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၂) ခုႏွင့္ စက္မႈက႑တြင္ ရာခိုင္ႏႈန္းျပည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၁) ခုတို႔ကို ခြင့္ျပဳေပးခဲ့သည့္အျပင္ အဆိုပါရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ရင္းႏွီးေငြပမာဏသည္ ေငြက်ပ္သန္း (၆,၆၁၃ ဒသမ ၂၅၀) ႏွင့္ အေမရိကန္ေဒၚလာ (၀ ဒသမ ၈၆၆) သန္းတို႔ျဖစ္ကာ ျပည္တြင္းအလုပ္အကိုင္ အခြင့္အလမ္းေပါင္း (၁,၂၂၀) ကိုဖန္တီးေပးႏိုင္ခဲ့ေၾကာင္း သိရပါသည္။

© 2021. All rights reserved.