မန္တလေးရွှေအသင်းက ရွှေစျေးထိန်းချုပ်ရန် ရွှေတုံးများထုတ်ရောင်း

 1726

NP News - ဇွန် ၂ဝ

ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် မန္တလေးရွှေအသင်းက ယမန်နေ့ (ဇွန်လ ၁၉ ရက်)မှစတင်ကာ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ၃ဝ၅ဝဝဝဝ (ကျပ်သိန်းသုံးဆယ်ငါးသောင်း)ဖြင့် စတင်ရောင်းချပေးခဲ့ကြောင်းသိရသည်။

ရောင်းချမှုကို နေ့လည် ၁၂ နာရီမှစတင်ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး မန္တလေးရွှေအသင်းသားများမှလွဲ၍ မည်သူမဆို လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်ကြောင်း အသင်းက ပြောသည်။

“စျေးကျရင် ကျသွားသလို နောက်နေ့များမှာ ထပ်မံစျေးလျော့ရောင်းချသွားမှာပါ။ ဝယ်ယူလိုရင် အိမ် ထောင်စုဇယား၊ မှတ်ပုံတင် မူရင်း၊ မိတ္တူယူလာပေးရပါမယ်”ဟု အသင်းတာဝန်ရှိသူတစ်ဦးက ပြော သည်။

စနေနှင့် တနင်္ဂနွေ ဘဏ်ပိတ်ရက်မှအပနေ့စဉ် မန္တလေးတိုင်း ၆၇လမ်း၊ ၄ဝ x ၄၁ လမ်းကြားရှိ ရွှေလုပ်ငန်းရှင်များအသင်း၌ ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မန္တလေး၌ ရွှေဈေးများမြင့်တက်သည့်အတွက် လုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးမှုများ ယခုရက်ပိုင်းအ တွင်း၌ ကြုံတွေခဲ့ကြောင်း မြို့ခံများကပြောသည်။

zawgyi version
မႏၲေလးေ႐ႊအသင္းက ေ႐ႊေစ်းထိန္းခ်ဳပ္ရန္ ေ႐ႊတုံးမ်ားထုတ္ေရာင္း

NP News - ဇြန္ ၂ဝ

ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေရးအတြက္ မႏၲေလးေ႐ႊအသင္းက ယမန္ေန႔ (ဇြန္လ ၁၉ ရက္)မွစတင္ကာ အေခါက္ေ႐ႊတစ္က်ပ္သားကို ေငြက်ပ္ ၃ဝ၅ဝဝဝဝ (က်ပ္သိန္းသုံးဆယ္ငါးေသာင္း)ျဖင့္ စတင္ေရာင္းခ်ေပးခဲ့ေၾကာင္းသိရသည္။

ေရာင္းခ်မႈကို ေန႔လည္ ၁၂ နာရီမွစတင္ေရာင္းခ်ေပးခဲ့ျခင္းျဖစ္ၿပီး မႏၲေလးေ႐ႊအသင္းသားမ်ားမွလြဲ၍ မည္သူမဆို လြတ္လပ္စြာ လာေရာက္ဝယ္ယူႏိုင္ေၾကာင္း အသင္းက ေျပာသည္။

“ေစ်းက်ရင္ က်သြားသလို ေနာက္ေန႔မ်ားမွာ ထပ္မံေစ်းေလ်ာ့ေရာင္းခ်သြားမွာပါ။ ဝယ္ယူလိုရင္ အိမ္ ေထာင္စုဇယား၊ မွတ္ပုံတင္ မူရင္း၊ မိတၱဴယူလာေပးရပါမယ္”ဟု အသင္းတာဝန္ရွိသူတစ္ဦးက ေျပာ သည္။

စေနႏွင့္ တနဂၤေႏြ ဘဏ္ပိတ္ရက္မွအပေန႔စဥ္ မႏၲေလးတိုင္း ၆၇လမ္း၊ ၄ဝ x ၄၁ လမ္းၾကားရွိ ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း၌ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

မႏၲေလး၌ ေ႐ႊေဈးမ်ားျမင့္တက္သည့္အတြက္ လုပ္ငန္းရွင္မ်ားကို ေခၚယူစစ္ေဆးမႈမ်ား ယခုရက္ပိုင္းအ တြင္း၌ ႀကဳံေတြခဲ့ေၾကာင္း ၿမိဳ႕ခံမ်ားကေျပာသည္။

Related news

© 2021. All rights reserved.