ချေးငွေပြေကျေခြင်းမရှိသည့် အငှားဝယ်မော်တော်ယာဉ်များအား နိုဝင်ဘာလမှ စ၍ ပြန်လည် သိမ်းဆည်းမည်

1174

Pearl (NP News) - စက်တင်ဘာ ၁၀
ချေးငွေပြေကျေခြင်းမရှိသည့် အငှားဝယ်မော်တော်ယာဉ်များအား နိုဝင်ဘာလမှ စ၍ ပြန်လည် သိမ်းဆည်းမည်ဖြစ်ကြောင်း နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။
နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် လီမီတက်မှ အငှားဝယ်ချေးဝယ်ရယူ၍ ဝယ်ယူခဲ့သည့် မော်တော်ယာဉ်များနှင့် သက်ဆိုင်သောစာရွက်စာတမ်းများနှင့် ယာဉ်မှတ်ပုံတင်စာအုပ် မူရင်းများသည် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် လီမီတက်တွင် အာမခံအဖြစ် တည်ရှိလျက်ရှိသည့်အပြင် အငှားဝယ်ယူသူနှင့် ဘဏ်တို့ ချုပ်ဆိုခဲ့သည့် ကတိစာချုပ်များအရ မော်တော်ယာဉ် များသည် ဘဏ်၏ ပိုင်ဆိုင်မှု ပစ္စည်း အဖြစ်တည်ရှိကြောင်း (၇)ကြိမ်ထိ ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အငှားဝယ်ချေးဝယ်ရယူပြီး မော်တော်ယာဉ်လက်ဝယ်ရှိသူများနှင့် အကြောင်းအမျိုးမျိုးဖြင့် မော်တော်ယာဉ် လက်ဝယ်ရှိသူများသည် မိမိတို့ လက်ဝယ်ရှိ မော်တော်ယာဉ်များနှင့် ပတ်သက်၍ ပိုင်ဆိုင်မှုခိုင်မာစေရေးအတွက် အငှားချေးငွေ ကြွေးကျန်များအား လာမည့် အောက်တိုဘာလ နောက်ဆုံးထား၍ ပြေကျေစွာ ပြန်လည်ပေးဆပ်ရန် အသိပေးထားသည်။
ချေးငွေပြေကျေခြင်းမရှိသည့် အငှားဝယ်မော်တော်ယာဉ်များအား နိုဝင်ဘာလမှ စတင်၍ ပဋိညာဉ်စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ ပြန်လည် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ယာဉ် အမျိုးအစားများနှင့် အတူ ယာဉ်ပိုင်ရှင် (၄၂)ဦးကို နောက်ဆုံးအကြိမ် အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
ေခ်းေငြေျပေက်ျခင္းမရွိသည့္ အငွားဝယ္ေမာ္ေတာ္ယာဥ္မ်ားအား ႏိုဝင္ဘာလမွ စ၍ ျပန္လည္ သိမ္းဆည္းမည္
Pearl (NP News) - စက္တင္ဘာ ၁၀
ေခ်းေငြေျပေက်ျခင္းမရွိသည့္ အငွားဝယ္ေမာ္ေတာ္ယာဥ္မ်ားအား ႏိုဝင္ဘာလမွ စ၍ ျပန္လည္ သိမ္းဆည္းမည္ျဖစ္ေၾကာင္း ေနျပည္ေတာ္ ဖြံ႕ၿဖိဳးေရးဘဏ္မွ အသိေပးထုတ္ျပန္ထားသည္။
ေနျပည္ေတာ္ ဖြံ႕ၿဖိဳးေရးဘဏ္ လီမီတက္မွ အငွားဝယ္ေခ်းဝယ္ရယူ၍ ဝယ္ယူခဲ့သည့္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ သက္ဆိုင္ေသာစာ႐ြက္စာတမ္းမ်ားႏွင့္ ယာဥ္မွတ္ပုံတင္စာအုပ္ မူရင္းမ်ားသည္ ေနျပည္ေတာ္ ဖြံ႕ၿဖိဳးေရးဘဏ္ လီမီတက္တြင္ အာမခံအျဖစ္ တည္ရွိလ်က္ရွိသည့္အျပင္ အငွားဝယ္ယူသူႏွင့္ ဘဏ္တို႔ ခ်ဳပ္ဆိုခဲ့သည့္ ကတိစာခ်ဳပ္မ်ားအရ ေမာ္ေတာ္ယာဥ္ မ်ားသည္ ဘဏ္၏ ပိုင္ဆိုင္မႈ ပစၥည္း အျဖစ္တည္ရွိေၾကာင္း (၇)ႀကိမ္ထိ ေၾကညာခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အငွားဝယ္ေခ်းဝယ္ရယူၿပီး ေမာ္ေတာ္ယာဥ္လက္ဝယ္ရွိသူမ်ားႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေမာ္ေတာ္ယာဥ္ လက္ဝယ္ရွိသူမ်ားသည္ မိမိတို႔ လက္ဝယ္ရွိ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ပတ္သက္၍ ပိုင္ဆိုင္မႈခိုင္မာေစေရးအတြက္ အငွားေခ်းေငြ ေႂကြးက်န္မ်ားအား လာမည့္ ေအာက္တိုဘာလ ေနာက္ဆုံးထား၍ ေျပေက်စြာ ျပန္လည္ေပးဆပ္ရန္ အသိေပးထားသည္။
ေခ်းေငြေျပေက်ျခင္းမရွိသည့္ အငွားဝယ္ေမာ္ေတာ္ယာဥ္မ်ားအား ႏိုဝင္ဘာလမွ စတင္၍ ပဋိညာဥ္စာခ်ဳပ္ပါ စည္းကမ္းခ်က္မ်ားႏွင့္အညီ ျပန္လည္ သိမ္းဆည္းသြားမည္ျဖစ္ေၾကာင္း ယာဥ္ အမ်ိဳးအစားမ်ားႏွင့္ အတူ ယာဥ္ပိုင္ရွင္ (၄၂)ဦးကို ေနာက္ဆုံးအႀကိမ္ အသိေပးထုတ္ျပန္ထားသည္။