(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပုံမီးလောင်မှုဖြစ်စဥ်တွင် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

971

NP News - ဇွန် ၂၂
(၁)နာရီကျော်ကြာ မီးလောင်မှုဖြစ်ပွားခဲ့သည့် ထိန်ပင်အမှိုက်ပုံမီးလောင်မှုဖြစ်စဥ်တွင် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ယနေ့(ဇွန်လ ၂၂ ရက်)၊ နံနက်(၁ဝ)နာရီ (၄၅)မိနစ်အချိန်တွင် လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ၌ ဖြစ်ပွားခဲ့ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးခဲ့သည့် လူမှုကူညီရေးအသင်း ဝင်တစ်ဦးမှ ဆိုသည်။
အဆိုပါဖြစ်စဥ်မှာ တွဲကားပေါ်ရှိ စွန့်ပစ်ဓာတုပစ္စည်းများကို ဘတ်ဟိုးဖြင့် အောက်သို့ချရာမှ ပွတ်တိုက်မှုဖြစ်ကာ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အဲဒီအမှိုက်ပုံမှာက ဓာတုစွန့်ပစ်ပစ္စည်းတွေထားတဲ့နေရာရှိတယ်လေ။ တွဲကားက အဲဒီပစ္စည်းတွေကို လာချတာ ဘတ်ဟိုးက အောက်ကိုချပေးရင်းနဲ့ပွတ်တိုက်မိတော့ မီးပွားတွေဖြစ်လာတာ။ ပြီးတော့ မီးပွားတွေကပျံ့ကုန်တော့ ဓာတုပစ္စည်းတွေကနေ မီးလောင်မှု ဖြစ်တာပါ”ဟု အထက်ပါသတင်းအရင်းအမြစ်က NP News ကိုဆိုသည်။
အဆိုပါ မီးလောင်မှုဖြစ်စဥ်ကို level-2 အဆင့်သတ်မှတ်ခဲ့ပြီး မီးငြှိမ်းသတ်နေသူများအနက်မှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“တခြားထိခိုက်တဲ့သူတော့မရှိဘူး။ ရှေ့တန်းမှာမီးငြှိမ်းသတ်တဲ့ မီးသတ်သမားတစ်ယောက်ကတော့ မီးဟပ်သွားတယ်လို့ကြားတယ်။ ဘယ်စခန်းကလဲတော့ စုံစမ်းနေတုန်းပဲ”ဟု ၎င်းက ဆက်လက်ပြောဆိုထားသည်။
မီးလောင်မှုဖြစ်စဥ်ကြောင့် ဘတ်ဟိုး(၂)စီး အပါအဝင် တွဲကားတစ်စီး ပျက်စီးဆုံးရှုံးခဲ့ပြီး နေ့လည် (၁၂)နာရီ (၁၅)မိနစ် အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

zawgyi version
(၁)နာရီေက်ာ္ၾကာေလာင္ကြၽမ္းခဲ့သည့္ ထိန္ပင္အမႈိက္ပုံမီးေလာင္မႈျဖစ္စဥ္တြင္ မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့
NP News - ဇြန္ ၂၂
(၁)နာရီေက်ာ္ၾကာ မီးေလာင္မႈျဖစ္ပြားခဲ့သည့္ ထိန္ပင္အမႈိက္ပုံမီးေလာင္မႈျဖစ္စဥ္တြင္ မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ဇြန္လ ၂၂ ရက္)၊ နံနက္(၁ဝ)နာရီ (၄၅)မိနစ္အခ်ိန္တြင္ လႈိင္သာယာၿမိဳ႕နယ္ရွိ ထိန္ပင္အမႈိက္ပုံ၌ ျဖစ္ပြားခဲ့ေၾကာင္း ကူညီကယ္ဆယ္ေရးလုပ္ငန္းေဆာင္႐ြက္ေပးခဲ့သည့္ လူမႈကူညီေရးအသင္း ဝင္တစ္ဦးမွ ဆိုသည္။
အဆိုပါျဖစ္စဥ္မွာ တြဲကားေပၚရွိ စြန႔္ပစ္ဓာတုပစၥည္းမ်ားကို ဘတ္ဟိုးျဖင့္ ေအာက္သို႔ခ်ရာမွ ပြတ္တိုက္မႈျဖစ္ကာ မီးေလာင္မႈစတင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“အဲဒီအမႈိက္ပုံမွာက ဓာတုစြန႔္ပစ္ပစၥည္းေတြထားတဲ့ေနရာရွိတယ္ေလ။ တြဲကားက အဲဒီပစၥည္းေတြကို လာခ်တာ ဘတ္ဟိုးက ေအာက္ကိုခ်ေပးရင္းနဲ႔ပြတ္တိုက္မိေတာ့ မီးပြားေတြျဖစ္လာတာ။ ၿပီးေတာ့ မီးပြားေတြကပ်ံ႕ကုန္ေတာ့ ဓာတုပစၥည္းေတြကေန မီးေလာင္မႈ ျဖစ္တာပါ”ဟု အထက္ပါသတင္းအရင္းအျမစ္က NP News ကိုဆိုသည္။
အဆိုပါ မီးေလာင္မႈျဖစ္စဥ္ကို level-2 အဆင့္သတ္မွတ္ခဲ့ၿပီး မီးျငႇိမ္းသတ္ေနသူမ်ားအနက္မွ မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
“တျခားထိခိုက္တဲ့သူေတာ့မရွိဘူး။ ေရွ႕တန္းမွာမီးျငႇိမ္းသတ္တဲ့ မီးသတ္သမားတစ္ေယာက္ကေတာ့ မီးဟပ္သြားတယ္လို႔ၾကားတယ္။ ဘယ္စခန္းကလဲေတာ့ စုံစမ္းေနတုန္းပဲ”ဟု ၎က ဆက္လက္ေျပာဆိုထားသည္။
မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ ဘတ္ဟိုး(၂)စီး အပါအဝင္ တြဲကားတစ္စီး ပ်က္စီးဆုံးရႈံးခဲ့ၿပီး ေန႔လည္ (၁၂)နာရီ (၁၅)မိနစ္ အခ်ိန္ခန႔္တြင္ မီးျငႇိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။