ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးမှာ တောင်တက်သမားတစ်ဦး ဝက်ဝံတိုက်ခိုက်ခံရပြီး သေဆုံး

143

ရောင်နီ (NP News) - သြဂုတ် ၁၆
ဂျပန်နိုင်ငံမြောက်ပိုင်း၊ ဟော့ကိုင်းဒိုးရှိ၊ ရာဆူတောင်ပေါ်မှာ တောရိုင်းဝက်ဝံတစ်ကောင်ရဲ့ တိုက်ခိုက်မှု ကြောင့် တောင်တက်သမားတစ်ဦး သေဆုံးခဲ့တယ်လို့ သောကြာနေ့ (သြဂုတ် ၁၅ ရက်) က တာဝန်ရှိသူတွေမှ ပြောကြားခဲ့ပါတယ်။
သေဆုံးသူဟာ အသက်နှစ်ဆယ်ကျော်အရွယ် တောင်တက်သမားဖြစ်ပြီး ဝက်ဝံကို တိုက်ထုတ်ဖို့ ကြိုးစားခဲ့ ပေမယ့် မအောင်မြင်ခဲ့ပဲ သွေးသံရဲရဲနဲ့ တောအုပ်ထဲ ဆွဲခေါ်ခံခဲ့ရပုံပေါ်တယ်လို့ Yomiuri Shimbun သတင်းစာအပါအဝင် ဒေသတွင်းမီဒီယာတွေက ပြောကြားပါတယ်။
အမျိုးသားဟာ ဟော့ကိုင်းဒိုးကျွန်း မြောက်ပိုင်းရှိ ရာဆူတောင်ပေါ်မှာ ကြာသပတေးနေ့ (ဩဂုတ်လ ၁၄ ရက်) နံနက်က လမ်းလျှောက်နေစဉ် ဝက်ဝံတိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ယူဆရပါတယ်။ စုတ်ပြဲ၊ သွေးစွန်းနေတဲ့ ရှပ်အင်္ကျီတစ်ထည်၊ ပိုက်ဆံအိတ်၊ သစ်ပင်နဲ့မြေဆီလွှာမှာ စွန်းထင်းနေတဲ့သွေးတွေကို အရင်တွေ့ရှိခဲ့ပြီးနောက် သောကြာနေ့ (ဩဂုတ်လ ၁၅ ရက်) မွန်းလွဲပိုင်းအချိန်မှာ ရုပ်အလောင်းကို တွေ့ရှိခဲ့ရတာဖြစ်ပြီး အဲဒီနားမှာပဲ အခြားမုဆိုးတွေက ဝက်ဝံတစ်ကောင်ကို ဖမ်းဆီးသတ်ဖြတ်ရမိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူဟာ အမှန် တကယ် ဝက်ဝံ တိုက်ခိုက်ခံရခဲ့ခြင်း ဟုတ်/မဟုတ်ကိုတော့ DNA စစ်ဆေးမှုပြုလုပ်မယ်လို့ ဆိုပါတယ်။
ဟော့ကိုင်းဒိုးမှာ ဝက်ဝံညိုအရေအတွက် ၂၀၂၃ နှစ်ကုန်က တွတ်ချက်မှုအရ အကောင်ရေ ၁၁,၆ဝဝ ခန့်ရှိ တယ်လို့ သိရပါတယ်။

Zawgyi Version:
ဂ်ပန္နိုင္ငံ၊ ေဟာ့ကိုင္းဒိုးမွာ ေတာင္တက္သမားတစ္ဦး ဝက္ဝံတိုက္ခိုက္ခံရၿပီး ေသဆုံး
ေရာင္နီ (NP News) - ၾသဂုတ္ ၁၆
ဂ်ပန္နိုင္ငံေျမာက္ပိုင္း၊ ေဟာ့ကိုင္းဒိုးရွိ၊ ရာဆူေတာင္ေပၚမွာ ေတာရိုင္းဝက္ဝံတစ္ေကာင္ရဲ့ တိုက္ခိုက္မႈ ေၾကာင့္ ေတာင္တက္သမားတစ္ဦး ေသဆုံးခဲ့တယ္လို႔ ေသာၾကာေန႔ (ၾသဂုတ္ ၁၅ ရက္) က တာဝန္ရွိသူေတြမွ ေျပာၾကားခဲ့ပါတယ္။
ေသဆုံးသူဟာ အသက္ႏွစ္ဆယ္ေက်ာ္အရြယ္ ေတာင္တက္သမားျဖစ္ၿပီး ဝက္ဝံကို တိုက္ထုတ္ဖို႔ ႀကိဳးစားခဲ့ ေပမယ့္ မေအာင္ျမင္ခဲ့ပဲ ေသြးသံရဲရဲနဲ႔ ေတာအုပ္ထဲ ဆြဲေခၚခံခဲ့ရပုံေပၚတယ္လို႔ Yomiuri Shimbun သတင္းစာအပါအဝင္ ေဒသတြင္းမီဒီယာေတြက ေျပာၾကားပါတယ္။
အမ်ိဳးသားဟာ ေဟာ့ကိုင္းဒိုးကၽြန္း ေျမာက္ပိုင္းရွိ ရာဆူေတာင္ေပၚမွာ ၾကာသပေတးေန႔ (ဩဂုတ္လ ၁၄ ရက္) နံနက္က လမ္းေလၽွာက္ေနစဥ္ ဝက္ဝံတိုက္ခိုက္ခံခဲ့ရတာ ျဖစ္တယ္လို႔ ယူဆရပါတယ္။ စုတ္ျပဲ၊ ေသြးစြန္းေနတဲ့ ရွပ္အကၤ်ီတစ္ထည္၊ ပိုက္ဆံအိတ္၊ သစ္ပင္နဲ႔ေျမဆီလႊာမွာ စြန္းထင္းေနတဲ့ေသြးေတြကို အရင္ေတြ႕ရွိခဲ့ၿပီးေနာက္ ေသာၾကာေန႔ (ဩဂုတ္လ ၁၅ ရက္) မြန္းလြဲပိုင္းအခ်ိန္မွာ ႐ုပ္အေလာင္းကို ေတြ႕ရွိခဲ့ရတာျဖစ္ၿပီး အဲဒီနားမွာပဲ အျခားမုဆိုးေတြက ဝက္ဝံတစ္ေကာင္ကို ဖမ္းဆီးသတ္ျဖတ္ရမိခဲ့တယ္လို႔ သိရပါတယ္။ ေသဆုံးသူဟာ အမွန္ တကယ္ ဝက္ဝံ တိုက္ခိုက္ခံရခဲ့ျခင္း ဟုတ္/မဟုတ္ကိုေတာ့ DNA စစ္ေဆးမႈျပဳလုပ္မယ္လို႔ ဆိုပါတယ္။
ေဟာ့ကိုင္းဒိုးမွာ ဝက္ဝံညိဳအေရအတြက္ ၂၀၂၃ ႏွစ္ကုန္က တြတ္ခ်က္မႈအရ အေကာင္ေရ ၁၁,၆ဝဝ ခန႔္ရွိ တယ္လို႔ သိရပါတယ္။