ရန်ကုန်ရွှေဈေး ငွေကျပ် သုံးဆယ်နှစ်သိန်းလေးသောင်းဖြင့် အကျဘက်သို့ ဦးတည်နေ

 2393

NP News - ဇွန် ၂၉

ဈေးအတက်ကြမ်းခဲ့သည့် ရန်ကုန်ရွှေဈေးသည် ယနေ့ (ဇွန်လ ၂၉ ရက်)တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သုံးဆယ့်နှစ်သိန်းလေးသောင်းဝန်းကျင်ဖြင့် အကျဈေးဘက်သို့ဦးတည်နေကြောင်း ရွှေကုန်သည်များထံမှသိရသည်။

ယခုသီတင်းပတ်အတွင်း ရန်ကုန်မြို့ရွှေဈေးကွက်အတွင်း၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သုံးဆယ့်တစ်သိန်းကျပ်ဝန်းကျင်မှ သုံးဆယ့်သုံးသိန်းခန့်အထိမြင့်တက်ခဲ့ရာမှ ယခုကဲ့သို့ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။

“ဒေါ်လာဈေးလဲတက်တယ်။ ရွှေဈေးကလဲလိုက်တက်လာတာပေါ့။ အခေါက်ရွှေအရောင်းအဝယ်မလုပ်ဘဲနားထားပါတယ်။ ဒီကနေ့ရောက်မှဘဲ ရွှေဈေးပြန်ကျသွားတာ။ အရောင်းအဝယ်လဲအေးပါတယ်”ဟု ရန်ကုန်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ဗဟိုဘဏ်သတ်မှတ်သည့် တစ်ဒေါ်လာ ၂၁ဝဝ ကျပ်ဖြင့်တွက် ချက်ပြီး ရွှေဈေးကြမ်းခင်းဈေးကို အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်နှစ်ဆယ့်နှစ်သိန်းငါးသောင်းအဖြစ် ကြေညာထားသည်။

သို့သော် ပြင်ပဈေးကွက်အတွင်း၌ အမေရိကန်တစ်ဒေါ်လာလျှင် ၃၂ဝဝ ကျပ် ဝန်းကျင်ပေါက်ဈေးဖြစ်ပေါ်နေခြင်းကြောင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သုံးဆယ့်နှစ်သိန်းလေးသောင်းအထိရောက်ရှိနေကြောင်းသိရသည်။

ပြည်တွင်းဒေါ်လာဈေးပေါ်မှုတည်ပြီး အခေါက်ရွှေဈေးပြန်လည်ကျဆင်းလာနိုင်ကြောင်းလည်း ရွှေဆိုင်ပိုင်ရှင်များက သုံးသပ်ပြောဆိုနေကြသည်။

zawgyi version
ရန္ကုန္ေ႐ႊေဈး ေငြက်ပ္ သုံးဆယ္ႏွစ္သိန္းေလးေသာင္းျဖင့္ အက်ဘက္သို႔ ဦးတည္ေန

NP News - ဇြန္ ၂၉

ေဈးအတက္ၾကမ္းခဲ့သည့္ ရန္ကုန္ေ႐ႊေဈးသည္ ယေန႔ (ဇြန္လ ၂၉ ရက္)တြင္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ သုံးဆယ့္ႏွစ္သိန္းေလးေသာင္းဝန္းက်င္ျဖင့္ အက်ေဈးဘက္သို႔ဦးတည္ေနေၾကာင္း ေ႐ႊကုန္သည္မ်ားထံမွသိရသည္။

ယခုသီတင္းပတ္အတြင္း ရန္ကုန္ၿမိဳ႕ေ႐ႊေဈးကြက္အတြင္း၌ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ သုံးဆယ့္တစ္သိန္းက်ပ္ဝန္းက်င္မွ သုံးဆယ့္သုံးသိန္းခန္႔အထိျမင့္တက္ခဲ့ရာမွ ယခုကဲ့သို႔ ျပန္လည္က်ဆင္းလာျခင္းျဖစ္သည္။

“ေဒၚလာေဈးလဲတက္တယ္။ ေ႐ႊေဈးကလဲလိုက္တက္လာတာေပါ့။ အေခါက္ေ႐ႊအေရာင္းအဝယ္မလုပ္ဘဲနားထားပါတယ္။ ဒီကေန႔ေရာက္မွဘဲ ေ႐ႊေဈးျပန္က်သြားတာ။ အေရာင္းအဝယ္လဲေအးပါတယ္”ဟု ရန္ကုန္ၿမိဳ႕ရွိ ေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးကေျပာသည္။

ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက ဗဟိုဘဏ္သတ္မွတ္သည့္ တစ္ေဒၚလာ ၂၁ဝဝ က်ပ္ျဖင့္တြက္ ခ်က္ၿပီး ေ႐ႊေဈးၾကမ္းခင္းေဈးကို အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ႏွစ္ဆယ့္ႏွစ္သိန္းငါးေသာင္းအျဖစ္ ေၾကညာထားသည္။

သို႔ေသာ္ ျပင္ပေဈးကြက္အတြင္း၌ အေမရိကန္တစ္ေဒၚလာလွ်င္ ၃၂ဝဝ က်ပ္ ဝန္းက်င္ေပါက္ေဈးျဖစ္ေပၚေနျခင္းေၾကာင့္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ သုံးဆယ့္ႏွစ္သိန္းေလးေသာင္းအထိေရာက္ရွိေနေၾကာင္းသိရသည္။

ျပည္တြင္းေဒၚလာေဈးေပၚမႈတည္ၿပီး အေခါက္ေ႐ႊေဈးျပန္လည္က်ဆင္းလာႏိုင္ေၾကာင္းလည္း ေ႐ႊဆိုင္ပိုင္ရွင္မ်ားက သုံးသပ္ေျပာဆိုေနၾကသည္။

Related news

© 2021. All rights reserved.