ယခုနှစ်တွင် ပြည်တွင်းမှထွက်ရှိမည့် Hass ထောပတ်သီးများကို စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့ အဓိကတင်ပို့မည်

 223

NP News - စက်တင်ဘာ ၂ဝ
ယခုနှစ်တွင် ပြည်တွင်းမှထွက်ရှိမည့် အရည်အသွေးမြင့် Hass ထောပတ်သီးများကို စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့ အဓိက တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
ပြည်တွင်း၌ Hass ထောပတ်သီးစိုက် ဧကပေါင်း ၂၀၀၀၀ ခန့်ရှိပြီး နှစ်စဉ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း Hass ထောပတ်သီးများ လှိုင်လှိုင်ထွက်ရှိကာ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက်ရှိသည်။
ထိုသို့ ထောပတ်သီးများ တင်ပို့ရာတွင် Hass ထောပတ်သီးများအပြင် Buccaneer၊ 034၊ Booth 7 နှင့် အမရာ စသော ထောပတ်သီးမျိုးများကိုလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
"မြန်မာနိုင်ငံမှာ Hass ထောပတ်သီးကို ဧက ၂၀၀၀၀ လောက် စိုက်ပျိုးထားတာဖြစ်တဲ့အတွက် ပြည်ပစျေးကွက်ကို ကြိုးစားရှာဖွေရပါတယ်။ ဒီနှစ်မှာ ထွက်မယ့် Hass ထောပတ်သီးတွေကိုတော့ စင်ကာပူနဲ့ ထိုင်းနိုင်ငံကို အဓိကထားတင်ပို့ ဖို့ စီစဉ်ထားတယ်။ တရုတ်နိုင်ငံကိုလည်း မြန်မာ့ထောပတ်သီးအများအပြား တရားဝင်တင်ပို့နိုင်အောင် GACC လက်မှတ်ရရှိဖို့ စိုက်ပျိုးရေးဦးစီးဌာနနဲ့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့ ပူးပေါင်းဆောင်ရွက်နေပါတယ်" ဟု မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် ထောပတ်သီးရာသီက အရည်အသွေးမြင့် Hass ထောပတ်သီး တန်ချိန် ၃၀၀၀ ခန့်ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ပိုမိုထွက်ရှိရန် မျှော်မှန်းထားကာ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံ များသို့လည်း တင်ပို့ရောင်းချမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ အများအားဖြင့် ကိုင်းဆက်စိုက်ပျိုးထားသည့် Hass ထောပတ်သီးများနှင့် Buccaneer ထောပတ်သီးများကို ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီး များက အဓိကထား စားသုံးကြသဖြင့် နှစ်စဉ် အမြောက်အမြားတင်ပို့ရောင်းချရကြောင်း သိရသည်။
ယခုအခါ မြန်မာ့ထောပတ်သီးများသည် ပြည်တွင်းပြည်ပဈေးကွက်တွင် ဝယ်လိုအား ကောင်းလာ၍ ထောပတ်သီး စိုက်ပျိုးသော တောင်သူများအနေဖြင့် ဈေးကွက်လိုအပ်ချက်ရှိသော ထောပတ်မျိုးကို ဦးစားပေးစိုက်ပျိုးကြရန် မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တိုက်တွန်းထားကြောင်း သိရသည်။

Zawgyi Version:
ယခုႏွစ္တြင္ ျပည္တြင္းမွထြက္ရွိမည့္ Hass ေထာပတ္သီးမ်ားကို စင္ကာပူႏွင့္ ထိုင္းႏိုင္ငံတို႔သို႔ အဓိကတင္ပို႔မည္
NP News - စက္တင္ဘာ ၂ဝ
ယခုႏွစ္တြင္ ျပည္တြင္းမွထြက္ရွိမည့္ အရည္အေသြးျမင့္ Hass ေထာပတ္သီးမ်ားကို စင္ကာပူႏွင့္ ထိုင္းႏိုင္ငံတို႔သို႔ အဓိက တင္ပို႔မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ေထာပတ္သီးစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ သိရသည္။
ျပည္တြင္း၌ Hass ေထာပတ္သီးစိုက္ ဧကေပါင္း ၂၀၀၀၀ ခန႔္ရွိၿပီး ႏွစ္စဥ္ စက္တင္ဘာလမွ ဒီဇင္ဘာလအတြင္း Hass ေထာပတ္သီးမ်ား လႈိင္လႈိင္ထြက္ရွိကာ ျပည္တြင္းစားသုံးမႈအျပင္ ျပည္ပႏိုင္ငံမ်ားသို႔လည္း တင္ပို႔လ်က္ရွိသည္။
ထိုသို႔ ေထာပတ္သီးမ်ား တင္ပို႔ရာတြင္ Hass ေထာပတ္သီးမ်ားအျပင္ Buccaneer၊ 034၊ Booth 7 ႏွင့္ အမရာ စေသာ ေထာပတ္သီးမ်ိဳးမ်ားကိုလည္း တင္ပို႔ေရာင္းခ်လ်က္ရွိေၾကာင္း သိရသည္။
"ျမန္မာႏိုင္ငံမွာ Hass ေထာပတ္သီးကို ဧက ၂၀၀၀၀ ေလာက္ စိုက္ပ်ိဳးထားတာျဖစ္တဲ့အတြက္ ျပည္ပေစ်းကြက္ကို ႀကိဳးစားရွာေဖြရပါတယ္။ ဒီႏွစ္မွာ ထြက္မယ့္ Hass ေထာပတ္သီးေတြကိုေတာ့ စင္ကာပူနဲ႔ ထိုင္းႏိုင္ငံကို အဓိကထားတင္ပို႔ ဖို႔ စီစဥ္ထားတယ္။ တ႐ုတ္ႏိုင္ငံကိုလည္း ျမန္မာ့ေထာပတ္သီးအမ်ားအျပား တရားဝင္တင္ပို႔ႏိုင္ေအာင္ GACC လက္မွတ္ရရွိဖို႔ စိုက္ပ်ိဳးေရးဦးစီးဌာနနဲ႔ ျမန္မာႏိုင္ငံ ေထာပတ္သီးစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ားအသင္းတို႔ ပူးေပါင္းေဆာင္႐ြက္ေနပါတယ္" ဟု ျမန္မာႏိုင္ငံ ေထာပတ္သီးစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ားအသင္းမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္ႏွစ္ ေထာပတ္သီးရာသီက အရည္အေသြးျမင့္ Hass ေထာပတ္သီး တန္ခ်ိန္ ၃၀၀၀ ခန႔္ထြက္ရွိခဲ့ၿပီး ယခုႏွစ္တြင္ ပိုမိုထြက္ရွိရန္ ေမွ်ာ္မွန္းထားကာ ျပည္တြင္းစားသုံးမႈအျပင္ ျပည္ပႏိုင္ငံ မ်ားသို႔လည္း တင္ပို႔ေရာင္းခ်မည္ျဖစ္ေၾကာင္း၊ ျပည္တြင္း၌ အမ်ားအားျဖင့္ ကိုင္းဆက္စိုက္ပ်ိဳးထားသည့္ Hass ေထာပတ္သီးမ်ားႏွင့္ Buccaneer ေထာပတ္သီးမ်ားကို ရန္ကုန္၊ မႏၲေလး စသည့္ၿမိဳ႕ႀကီး မ်ားက အဓိကထား စားသုံးၾကသျဖင့္ ႏွစ္စဥ္ အေျမာက္အျမားတင္ပို႔ေရာင္းခ်ရေၾကာင္း သိရသည္။
ယခုအခါ ျမန္မာ့ေထာပတ္သီးမ်ားသည္ ျပည္တြင္းျပည္ပေဈးကြက္တြင္ ဝယ္လိုအား ေကာင္းလာ၍ ေထာပတ္သီး စိုက္ပ်ိဳးေသာ ေတာင္သူမ်ားအေနျဖင့္ ေဈးကြက္လိုအပ္ခ်က္ရွိေသာ ေထာပတ္မ်ိဳးကို ဦးစားေပးစိုက္ပ်ိဳးၾကရန္ ျမန္မာႏိုင္ငံ ေထာပတ္သီးစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ တိုက္တြန္းထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.