အိန္ဒိယ၊ မြန်မာ နဲ့ ထိုင်းနိုင်ငံတို့ ချိတ်ဆက်မယ့် အမြန်လမ်းဖောက်လုပ်မှုက ပြီးစီးခါးနီးနေပြီး ၇ဝ ရာခိုင်နှုန်းဖောက်လုပ်ထားနိုင်ဟုဆို

2148

ဂျန်ဇက် (NP News) - ဇူလိုင် ၃
အိန္ဒိယ-ထိုင်း နဲ့ မြန်မာနိုင်ငံတို့ ချိတ်ဆက်မယ့်အမြန်လမ်းဖောက်လုပ်နေမှုတွေဟာ လက်ရှိအချိန်မှာ ပြီးစီးခါနီးနေ ကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ထိုင်းသံအမတ်ကြီး Pattarat Hongton က "ထိုင်း၊ မြန်မာ နဲ့ အိန္ဒိယနိုင်ငံကြား သုံးနိုင်ငံချိတ်ဆက်နိုင်မယ့် လမ်းဖောက်လုပ်မှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်။ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ချိတ်ဆက်မယ့် လမ်းပိုင်းကတော့ တည်ဆောက်မှုကနေ ပြီးနေပါပြီ" လို့ ပြောပါတယ်။
အိန္ဒိယ သယ်ယူပို့ဆောင်ရေးဝန်ကြီး နီတင် ဂါကာရီကအိန္ဒိယ၊ မြန်မာ နဲ့ ထိုင်းနိုင်ငံတို့ချိတ်ဆက်မယ့် အရှည် ၁၃၆ဝ ကီလိုမီတာရှိ လမ်းဖောက်လုပ်မှုဟာ လက်ရှိအချိန်မှာ ၇၀ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ ဒါပေမယ့် ခရီးသွား များအတွက် ဘယ်အချိန်အသုံးပြုခွင့်ပေးမယ့်ဆိုတဲ့ရက်ကိုတော့ ကြေညာနိုင်မှာမဟုတ်သေးကြောင်း၊ သုံးနိုင်ငံ ချိတ်ဆက်မယ့်အမြန်လမ်းတည်ဆောက်မှုဟာ သုံးနိုင်ငံကြား ကုန်သွယ်ရေးပိုမိုကောင်းမွန်စေဖို့၊ ကုန်စည် ပို့ဆောင်မှုတွေ အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောပါတယ်။
အဆိုပါ သုံးနိုင်ငံချိတ်ဆက်မယ့်လမ်း ပြီးဆုံးသွားပါက ခရီးသွားရမယ့်အချိန်လျော့ချနိုင်တဲ့အပြင် ခရီးစရိတ်လည်း များစွာ သက်သာဖွယ်ရှိနေကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများက ပြောပါတယ်။ အိန္ဒိယအစိုးရဟာ ထိုင်း နဲ့ မြန်မာနိုင်ငံနဲ့ ချိတ်ဆက်နိုင်မယ့် အမြန်လမ်းဖောက်လုပ်မှုအပြင် လာအို၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့နဲ့ ချိတ်ဆက်မယ့်လမ်းများဖောက်လုပ်ဖို့လည်း စီစဉ်နေကြောင်း သိရပါတယ်။
ထိုင်း၊ မြန်မာ နဲ့ အိန္ဒိယနိုင်ငံတို့ချိတ်ဆက်မယ့် အမြန်လမ်းကြောင့် အိန္ဒိယနိုင်ငံ ကာလကတ္တားကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ကားနဲ့ သွားရောက်နိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
အိႏၵိယ၊ ျမန္မာ နဲ႔ ထိုင္းႏိုင္ငံတို႔ ခ်ိတ္ဆက္မယ့္ အျမန္လမ္းေဖာက္လုပ္မႈက ၿပီးစီးခါးနီးေနၿပီး ၇ဝ ရာခိုင္ႏႈန္းေဖာက္လုပ္ထားႏိုင္ဟုဆို
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၃
အိႏၵိယ-ထိုင္း နဲ႔ ျမန္မာႏိုင္ငံတို႔ ခ်ိတ္ဆက္မယ့္အျမန္လမ္းေဖာက္လုပ္ေနမႈေတြဟာ လက္ရွိအခ်ိန္မွာ ၿပီးစီးခါနီးေန ေၾကာင္း အိႏၵိယအစိုးရတာဝန္ရွိသူတစ္ဦးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ထိုင္းသံအမတ္ႀကီး Pattarat Hongton က "ထိုင္း၊ ျမန္မာ နဲ႔ အိႏၵိယႏိုင္ငံၾကား သုံးႏိုင္ငံခ်ိတ္ဆက္ႏိုင္မယ့္ လမ္းေဖာက္လုပ္မႈေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္။ ထိုင္းႏိုင္ငံကေန ျမန္မာႏိုင္ငံကို ခ်ိတ္ဆက္မယ့္ လမ္းပိုင္းကေတာ့ တည္ေဆာက္မႈကေန ၿပီးေနပါၿပီ" လို႔ ေျပာပါတယ္။
အိႏၵိယ သယ္ယူပို႔ေဆာင္ေရးဝန္ႀကီး နီတင္ ဂါကာရီကအိႏၵိယ၊ ျမန္မာ နဲ႔ ထိုင္းႏိုင္ငံတို႔ခ်ိတ္ဆက္မယ့္ အရွည္ ၁၃၆ဝ ကီလိုမီတာရွိ လမ္းေဖာက္လုပ္မႈဟာ လက္ရွိအခ်ိန္မွာ ၇၀ရာခိုင္ႏႈန္း ၿပီးစီးေနၿပီျဖစ္ေၾကာင္း၊ ဒါေပမယ့္ ခရီးသြား မ်ားအတြက္ ဘယ္အခ်ိန္အသုံးျပဳခြင့္ေပးမယ့္ဆိုတဲ့ရက္ကိုေတာ့ ေၾကညာႏိုင္မွာမဟုတ္ေသးေၾကာင္း၊ သုံးႏိုင္ငံ ခ်ိတ္ဆက္မယ့္အျမန္လမ္းတည္ေဆာက္မႈဟာ သုံးႏိုင္ငံၾကား ကုန္သြယ္ေရးပိုမိုေကာင္းမြန္ေစဖို႔၊ ကုန္စည္ ပို႔ေဆာင္မႈေတြ အဆင္ေျပေခ်ာေမြ႕ေစဖို႔ ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း ေျပာပါတယ္။
အဆိုပါ သုံးႏိုင္ငံခ်ိတ္ဆက္မယ့္လမ္း ၿပီးဆုံးသြားပါက ခရီးသြားရမယ့္အခ်ိန္ေလ်ာ့ခ်ႏိုင္တဲ့အျပင္ ခရီးစရိတ္လည္း မ်ားစြာ သက္သာဖြယ္ရွိေနေၾကာင္း အိႏၵိယအစိုးရတာဝန္ရွိသူမ်ားက ေျပာပါတယ္။ အိႏၵိယအစိုးရဟာ ထိုင္း နဲ႔ ျမန္မာႏိုင္ငံနဲ႔ ခ်ိတ္ဆက္ႏိုင္မယ့္ အျမန္လမ္းေဖာက္လုပ္မႈအျပင္ လာအို၊ ကေမာၻဒီးယားႏိုင္ငံ၊ ဗီယက္နမ္ႏိုင္ငံတို႔နဲ႔ ခ်ိတ္ဆက္မယ့္လမ္းမ်ားေဖာက္လုပ္ဖို႔လည္း စီစဥ္ေနေၾကာင္း သိရပါတယ္။
ထိုင္း၊ ျမန္မာ နဲ႔ အိႏၵိယႏိုင္ငံတို႔ခ်ိတ္ဆက္မယ့္ အျမန္လမ္းေၾကာင့္ အိႏၵိယႏိုင္ငံ ကာလကတၱားကေန ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ကို ကားနဲ႔ သြားေရာက္ႏိုင္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။