အစ္စရေးက ကာတာအပေါ် တိုက်ခိုက်မှုတွေကို ထပ်မံလုပ်ဆောင်တော့မှာမဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော

115

Pika (NP News) - စက်တင်ဘာ ၁၇
ကာတာနိုင်ငံဟာ ကောင်းမွန်တဲ့မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အစ္စရေးနိုင်ငံဟာ ကာတာအပေါ် တိုက်ခိုက်မှု တွေကို ထပ်မံလုပ်ဆောင်မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ကာတာနိုင်ငံ ဒိုဟာမြို့မှာရှိတဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့အဆောက်အဦးကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို အစ္စရေးက လုပ်ဆောင်ခဲ့ပြီးနောက် သီတင်းပတ်တစ်ပတ်ခန့်အကြာမှာ ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အစ္စရေးနိုင်ငံဟာ ဂါဇာကမ်းမြောင်ဒေသ ဒါမှမဟုတ် ဟားမက်လက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “အစ္စရေးဟာ ကာတာနိုင်ငံကို တိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အစ္စရေးဟာ ပြည်သူတွေကို လူသား ဒိုင်းကာအဖြစ်အသုံးပြုနေတဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ ကိုတော့ ဆက်လက်တိုက်ခိုက်သွားပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဓါးစာခံတွေကို လူသားဒိုင်းကာအဖြစ် အသုံးပြုသွားနိုင်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အစၥေရးက ကာတာအေပၚ တိုက္ခိုက္မႈေတြကို ထပ္မံလုပ္ေဆာင္ေတာ့မွာမဟုတ္ဘူးလို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - စက္တင္ဘာ ၁၇
ကာတာႏိုင္ငံဟာ ေကာင္းမြန္တဲ့မိတ္ဖက္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး အစၥေရးႏိုင္ငံဟာ ကာတာအေပၚ တိုက္ခိုက္မႈ ေတြကို ထပ္မံလုပ္ေဆာင္မွာမဟုတ္ဘူးလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕မွာရွိတဲ့ ဟားမက္လက္နက္ကိုင္အဖြဲ႕အေဆာက္အဦးကို ပစ္မွတ္ထားတဲ့ ေလေၾကာင္း တိုက္ခိုက္မႈေတြကို အစၥေရးက လုပ္ေဆာင္ခဲ့ၿပီးေနာက္ သီတင္းပတ္တစ္ပတ္ခန႔္အၾကာမွာ ေဒၚနယ္ထရမ့္ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း အစၥေရးႏိုင္ငံဟာ ဂါဇာကမ္းေျမာင္ေဒသ ဒါမွမဟုတ္ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို တိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္သြားလိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “အစၥေရးဟာ ကာတာႏိုင္ငံကို တိုက္ခိုက္မႈေတြ ထပ္မံလုပ္ေဆာင္ေတာ့မွာ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း အစၥေရးဟာ ျပည္သူေတြကို လူသား ဒိုင္းကာအျဖစ္အသုံးျပဳေနတဲ့ ဟားမက္လက္နက္ကိုင္အဖြဲ႕ ကိုေတာ့ ဆက္လက္တိုက္ခိုက္သြားပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ ၎တို႔ ဖမ္းဆီးထိန္းသိမ္းထားတဲ့ ဓါးစာခံေတြကို လူသားဒိုင္းကာအျဖစ္ အသုံးျပဳသြားႏိုင္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။