မျှစ်ခြောက်ကို ဂျပန်က အမှာများသော်လည်း (၁ဝ) ရာခိုင်နှုန်းခန့်သာ တင်ပို့နိုင်

 139

Preal (NP News) - စက်တင်ဘာလ ၁၇

မျှစ်ခြောက်ကို ဂျပန်က အမှာများသော် လည်း ကုန်ကြမ်းအခက်အခဲကြောင့် (၁၀) ရာခိုင်နှုန်း ခန့်သာ တင်ပို့နိုင်သေးကြောင်း မျှစ်နှင့် ဝါးစိုက်ပျိုးထုတ်လုပ်သူအသင်းဥက္ကဋ္ဌ ဦးသူရိန်ထွန်းထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ပြည်တွင်းဈေးကွက်၌ ရောင်းချလျက်ရှိသည့် မျှစ်စိုနှင့် မျှစ်ခြောက်များကို လက်ရှိတွင် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ တရုတ်(တိုင်ပေ)နှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့ရောင်းချမှုများရှိနေ ကြောင်း သိရသည်။
" ပို့ကုန်တွေကတော့ တရုတ်၊ ထိုင်း၊ တရုတ်(တိုင်ပေ) ၊ ဂျပန်ရယ်ကို ပို့နေတယ်။ အခု လောလောဆယ် ဝါးပိုးမျှစ်ခြောက်ရယ်၊ မြင်မျှစ် ခြောက်ရယ် တင်ပို့နေပါတယ်။ မြင်မျှစ်ခြောက်ကတော့ အိမ်နီးချင်းနိုင်ငံ တရုတ်ရယ်၊ ထိုင်းရယ်ကို ပို့ပေးနေ တယ်။ ဝါးပိုးမျှစ်ခြောက်ကတော့ ဂျပန်ကို ပို့နေတယ်။ ဂျပန်ကတော့ ကုမ္ပဏီတစ်ခုတည်းကကို တန်(၂၀ဝ)လောက် လိုချင်တာ။ ကျွန်တော်တို့ဘက်က (၇)တန်၊ (၁၀)တန် ။ အဲဒီလောက်ပဲ ပို့နိုင်ပါတယ်။ ဘာကြောင့် လဲဆိုရင် ကုန်ကြမ်းလုံလောက်မှု မရှိလို့ပါ။ ကုန်ကြမ်း လုံလောက်မှုမရှိတာကလည်း သဘာဝစိုက်ခင်းတွေ ကနေ ဖြစ်သလိုချိုးနေတာများတယ်။ စနစ်တကျ ချိုး တာမရှိဘူး။ ကုန်ကြမ်းက လိုသလောက်မရဘူး။ အဲဒါကြောင့် ပြည်ပက အမှာများသော်လည်း ကျွန် တော်တို့ဆီက ပို့ကုန်အနေနဲ့ (၁၀%)တောင်မမီသေး ပါဘူး" ဟု ဦးသူရိန်ထွန်းကNP News သို့ ပြောသည်။
အဆိုပါနိုင်ငံများအနက် ဂျပန်နိုင်ငံအနေ ဖြင့် တစ်နှစ်လျှင် မျှစ်ခြောက် တန်ချိန် (၂၀ဝ)ကျော် နှစ်စဉ် ဝယ်လိုအားရှိသော်လည်း ကုန်ကြမ်းမလုံ လောက်မှုကြောင့် လိုအပ်သည့် တန်ချိန်မရရှိသည့် အတွက် ပြည်ပဝယ်လိုအား၏ (၁၀)ရာခိုင်နှုန်းခန့် ကိုသာ တင်ပို့နိုင်သေးကြောင်းလည်း သိရသည်။
ထို့ကြောင့် မျှစ်နှင့် ဝါးစိုက်ပျိုးထုတ်လုပ်သူအသင်းအနေဖြင့် ပြည်ပဝယ်လိုအားပြည့်မီစွာ တင်ပို့နိုင်ရေးအတွက် ဝါးစိုက်ပျိုးမြေများကို အစိုးရ ထံမှတောင်းခံထားပြီး စိုက်ပျိုးမြေရရှိပါက မျိုးကောင်းမျိုးသန့်များကို စနစ်တကျစိုက်ပျိုး၍ ပြည် ပလိုအပ်ချက်အတိုင်းတင်ပို့နိုင်ရန် မျှော်မှန်းထား ကြောင်းလည်း သိရသည်။
" ကျွန်တော်တို့ကလည်း ပို့ကုန်တွေ များ များပို့နိုင်အောင် ဝါးစိုက်ခင်းထောင်ဖို့အတွက်ကို နိုင်ငံတော်အစိုးရဆီမှာ ဝါးစိုက်ပျိုးမြေဧကတွေ တောင်းခံထားတာ ရှိပါတယ်။ အခုချိန်ထိတော့ မရ သေးပါဘူး။ ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့ MSME ပြပွဲ မှာလည်း နိုင်ငံတော်အကြီးအကဲကို တင်ပြလိုက် တာရှိပါတယ်။ ဝါးစိုက်ပျိုးမြေတွေပေးမယ်လို့ ပြော သွားပါတယ်။ အဲဒီချိန်ကတည်းက စပြီးလျှောက်နေ တာ ရှိပါတယ်။ လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ကိုယ်ပိုင် ဝါးစိုက်ခင်းလုပ်ဖို့ သက်ဆိုင်ရာဌာန အသီးသီးကနေ လျှောက်နေပါတယ်။ လောလောဆယ်တော့ တရား ဝင်စိုက်ခွင့် မရသေးပါဘူး။ မြေတော့ ပေးမယ်လို့ ပြောထားပါတယ်။ ကိုယ်ပိုင်စိုက်ခင်းနဲ့ စနစ်တကျ စိုက်ပျိုးနိုင်ရင် ပြည်ပက လိုအပ်ချက်အတိုင်း ကျွန် တော်တို့ပို့နိုင်မယ်လို့ ယူဆပါတယ်။ ကိုယ်တိုင်စိုက် ပျိုးနိုင်ရင် မျိုးကောင်းမျိုးသန့်ကိုလည်း ထုတ်လုပ် နိုင်မယ်လို့ မျှော်မှန်းထားပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ပြည်ပဈေးကွက်၌ မျှစ်ခြောက် တစ်တန်လျှင် ဒေါ်လာ (၁၈၀ဝဝ) မှ (၂၀ဝဝဝ)ကြား ရရှိကြောင်းသိရသည်။

Zawgyi Version:
မွ်စ္ေျခာက္ကို ဂ်ပန္က အမွာမ်ားေသာ္လည္း (၁ဝ) ရာခိုင္ႏႈန္းခန႔္သာ တင္ပို႔ႏိုင္
Preal (NP News) - စက္တင္ဘာလ ၁၇
မွ်စ္ေျခာက္ကို ဂ်ပန္က အမွာမ်ားေသာ္ လည္း ကုန္ၾကမ္းအခက္အခဲေၾကာင့္ (၁၀) ရာခိုင္ႏႈန္း ခန႔္သာ တင္ပို႔ႏိုင္ေသးေၾကာင္း မွ်စ္ႏွင့္ ဝါးစိုက္ပ်ိဳးထုတ္လုပ္သူအသင္းဥကၠ႒ ဦးသူရိန္ထြန္းထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
ျပည္တြင္းေဈးကြက္၌ ေရာင္းခ်လ်က္ရွိသည့္ မွ်စ္စိုႏွင့္ မွ်စ္ေျခာက္မ်ားကို လက္ရွိတြင္ ထိုင္းႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံ၊ တ႐ုတ္(တိုင္ေပ)ႏွင့္ ဂ်ပန္ႏိုင္ငံမ်ားသို႔လည္း တင္ပို႔ေရာင္းခ်မႈမ်ားရွိေန ေၾကာင္း သိရသည္။
" ပို႔ကုန္ေတြကေတာ့ တ႐ုတ္၊ ထိုင္း၊ တ႐ုတ္(တိုင္ေပ) ၊ ဂ်ပန္ရယ္ကို ပို႔ေနတယ္။ အခု ေလာေလာဆယ္ ဝါးပိုးမွ်စ္ေျခာက္ရယ္၊ ျမင္မွ်စ္ ေျခာက္ရယ္ တင္ပို႔ေနပါတယ္။ ျမင္မွ်စ္ေျခာက္ကေတာ့ အိမ္နီးခ်င္းႏိုင္ငံ တ႐ုတ္ရယ္၊ ထိုင္းရယ္ကို ပို႔ေပးေန တယ္။ ဝါးပိုးမွ်စ္ေျခာက္ကေတာ့ ဂ်ပန္ကို ပို႔ေနတယ္။ ဂ်ပန္ကေတာ့ ကုမၸဏီတစ္ခုတည္းကကို တန္(၂၀ဝ)ေလာက္ လိုခ်င္တာ။ ကြၽန္ေတာ္တို႔ဘက္က (၇)တန္၊ (၁၀)တန္ ။ အဲဒီေလာက္ပဲ ပို႔ႏိုင္ပါတယ္။ ဘာေၾကာင့္ လဲဆိုရင္ ကုန္ၾကမ္းလုံေလာက္မႈ မရွိလို႔ပါ။ ကုန္ၾကမ္း လုံေလာက္မႈမရွိတာကလည္း သဘာဝစိုက္ခင္းေတြ ကေန ျဖစ္သလိုခ်ိဳးေနတာမ်ားတယ္။ စနစ္တက် ခ်ိဳး တာမရွိဘူး။ ကုန္ၾကမ္းက လိုသေလာက္မရဘူး။ အဲဒါေၾကာင့္ ျပည္ပက အမွာမ်ားေသာ္လည္း ကြၽန္ ေတာ္တို႔ဆီက ပို႔ကုန္အေနနဲ႔ (၁၀%)ေတာင္မမီေသး ပါဘူး" ဟု ဦးသူရိန္ထြန္းကNP News သို႔ ေျပာသည္။
အဆိုပါႏိုင္ငံမ်ားအနက္ ဂ်ပန္ႏိုင္ငံအေန ျဖင့္ တစ္ႏွစ္လွ်င္ မွ်စ္ေျခာက္ တန္ခ်ိန္ (၂၀ဝ)ေက်ာ္ ႏွစ္စဥ္ ဝယ္လိုအားရွိေသာ္လည္း ကုန္ၾကမ္းမလုံ ေလာက္မႈေၾကာင့္ လိုအပ္သည့္ တန္ခ်ိန္မရရွိသည့္ အတြက္ ျပည္ပဝယ္လိုအား၏ (၁၀)ရာခိုင္ႏႈန္းခန႔္ ကိုသာ တင္ပို႔ႏိုင္ေသးေၾကာင္းလည္း သိရသည္။
ထို႔ေၾကာင့္ မွ်စ္ႏွင့္ ဝါးစိုက္ပ်ိဳးထုတ္လုပ္သူအသင္းအေနျဖင့္ ျပည္ပဝယ္လိုအားျပည့္မီစြာ တင္ပို႔ႏိုင္ေရးအတြက္ ဝါးစိုက္ပ်ိဳးေျမမ်ားကို အစိုးရ ထံမွေတာင္းခံထားၿပီး စိုက္ပ်ိဳးေျမရရွိပါက မ်ိဳးေကာင္းမ်ိဳးသန႔္မ်ားကို စနစ္တက်စိုက္ပ်ိဳး၍ ျပည္ ပလိုအပ္ခ်က္အတိုင္းတင္ပို႔ႏိုင္ရန္ ေမွ်ာ္မွန္းထား ေၾကာင္းလည္း သိရသည္။
" ကြၽန္ေတာ္တို႔ကလည္း ပို႔ကုန္ေတြ မ်ား မ်ားပို႔ႏိုင္ေအာင္ ဝါးစိုက္ခင္းေထာင္ဖို႔အတြက္ကို ႏိုင္ငံေတာ္အစိုးရဆီမွာ ဝါးစိုက္ပ်ိဳးေျမဧကေတြ ေတာင္းခံထားတာ ရွိပါတယ္။ အခုခ်ိန္ထိေတာ့ မရ ေသးပါဘူး။ ၿပီးခဲ့တဲ့ ျပည္ေထာင္စုေန႔ MSME ျပပြဲ မွာလည္း ႏိုင္ငံေတာ္အႀကီးအကဲကို တင္ျပလိုက္ တာရွိပါတယ္။ ဝါးစိုက္ပ်ိဳးေျမေတြေပးမယ္လို႔ ေျပာ သြားပါတယ္။ အဲဒီခ်ိန္ကတည္းက စၿပီးေလွ်ာက္ေန တာ ရွိပါတယ္။ လုပ္ငန္းရွင္ေတြ ပူးေပါင္းၿပီး ကိုယ္ပိုင္ ဝါးစိုက္ခင္းလုပ္ဖို႔ သက္ဆိုင္ရာဌာန အသီးသီးကေန ေလွ်ာက္ေနပါတယ္။ ေလာေလာဆယ္ေတာ့ တရား ဝင္စိုက္ခြင့္ မရေသးပါဘူး။ ေျမေတာ့ ေပးမယ္လို႔ ေျပာထားပါတယ္။ ကိုယ္ပိုင္စိုက္ခင္းနဲ႔ စနစ္တက် စိုက္ပ်ိဳးႏိုင္ရင္ ျပည္ပက လိုအပ္ခ်က္အတိုင္း ကြၽန္ ေတာ္တို႔ပို႔ႏိုင္မယ္လို႔ ယူဆပါတယ္။ ကိုယ္တိုင္စိုက္ ပ်ိဳးႏိုင္ရင္ မ်ိဳးေကာင္းမ်ိဳးသန႔္ကိုလည္း ထုတ္လုပ္ ႏိုင္မယ္လို႔ ေမွ်ာ္မွန္းထားပါတယ္" ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ ျပည္ပေဈးကြက္၌ မွ်စ္ေျခာက္ တစ္တန္လွ်င္ ေဒၚလာ (၁၈၀ဝဝ) မွ (၂၀ဝဝဝ)ၾကား ရရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.