လက်ဘနွန်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးသွားမယ့် ဟစ်ဇ်ဘိုလာ လက်နက်ဖြုတ်သိမ်းရေးအစီအစဉ်

104

တင်ဇာ (NP News) - စက်တင်ဘာလ ၁၇
လက်ဘနွန်အစိုးရဟာ စစ်တပ်က စက် တင်ဘာလ (၅)ရက်မှာတင်ပြခဲ့တဲ့ နိုင်ငံရဲ့အင်အား အကြီးဆုံး စစ်အင်အားစုဖြစ်တဲ့ ဟစ်ဇ်ဘိုလာကိုသိမ်း ရေးအစီအစဉ်ကို ကြိုဆိုလိုက်ပါတယ်။ ဒီလုပ် ဆောင်မှုက ပြည်တွင်းပဋိပက္ခကိုပါဖြစ်ပွားစေနိုင်တဲ့ မကြုံစဖူးခြေလှမ်းတစ်ခုဖြစ်ပါတယ်။ လက်ဘနွန် သ တင်းပြန်ကြားရေးဝန်ကြီး ပေါလ်မားကို့စ်ရဲ့ပြောကြား ချက်အရ စစ်တပ်ဟာ သဘောတူညီချက်ရဲ့ စည်း ကမ်းချက်တွေကို စတင်အကောင်အထည်ဖော်မှာ ဖြစ်ပေမယ့် အကန့်အသတ်နဲ့သာ စွမ်းဆောင်နိုင်မယ် လို့သိရပါတယ်။ အစိုးရက အစီအစဉ်အကောင်အ ထည်ဖော်မယ့်အချိန်ဇယားကိုမဖော်ပြခဲ့ပေမယ့် ဝန် ကြီးချုပ်နာဝပ်ဆလမ်ရဲ့ပြောကြားချက်အရ စစ်တပ် ဘက်က ဒီလုပ်ငန်းစဉ်ရဲ့တိုးတက်မှုအခြေအနေကို အစိုးရအဖွဲ့ထံ လစဉ်အစီရင်ခံစာတင်သွင်းသွားမယ် လို့သိရပါတယ်။
အမေရိကန်အပါအဝင် ဒေသတွင်းကဖိ အားတွေ အပြင်းအထန်ခံနေရတဲ့အစိုးရဟာ ဩဂုတ် လအစောပိုင်းမှာ ဟစ်ဇ်ဘိုလာကို လက်နက်ဖြုတ်သိမ်း နိုင်ရေးအစီအစဉ်တစ်ရပ်တင်ပြဖို့ စစ်တပ်ကိုတောင်း ဆိုခဲ့ပါတယ်။ သောကြာနေ့ကကျင်းပခဲ့တဲ့ အစိုးရအ ဖွဲ့အစည်းအဝေးမှာ ဟစ်ဇ်ဘိုလာပါဝင်နေတဲ့ သူ့ရဲ့ မဟာမိတ် Amal ပါတီမှ ဝန်ကြီး (၅)ဦးဟာ ဒီအစီ အစဉ်ကို စတင်ဆွေးနွေးချိန်မှာ အစည်းအဝေးကနေ နုတ်ထွက်သွားတယ်လို့ လက်ဘနွန်ရဲ့ တရားဝင် National News Agency ကဖော်ပြပါတယ်။ လက် ဘနွန်စစ်တပ်ရဲ့အစီအစဉ်ဟာ အီရန်ကျော ထောက်နောက်ခံပြုထားတဲ့ အင်အားအကြီးဆုံး ဒေသတွင်းလက်နက်ကိုင်တပ်ကို ဖျက်သိမ်းဖို့နဲ့ အစ္စရေးအပေါ် နိုင်ငံမဟုတ်တဲ့ ခြိမ်းခြောက်မှုအ ကြီးဆုံးထဲကတစ်ခုကို ဖယ်ရှားဖို့အတွက် မကြုံစဖူး ကြိုးပမ်းမှုတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂) နှစ်အတွင်း အစ္စရေးရဲ့ အပြင်းအထန်တိုက်ခိုက်မှုတွေကြောင့် ဟစ်ဇ်ဘိုလာဟာ အားနည်းသွားခဲ့ပေမယ့် လက်ဘနွန် ရဲ့ အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့အဖြစ် ဆက်ရှိနေပြီး ပြည်တွင်းက ရှီယိုက်အသိုင်းအဝိုင်းရဲ့ အားပေးထောက်ခံမှု အများအပြားရရှိထားပါတယ်။ အင်အားသုံးပြီး လက်နက်ဖျက်သိမ်းဖို့ကြိုးစားတာ ဟာ နိုင်ငံကို ပြည်တွင်းပဋိပက္ခထဲ ကျရောက်သွားစေ နိုင်တယ်လို့လည်း လေ့လာသူတွေက သတိပေးထား ပါတယ်။
လက်ဘနွန်စစ်တပ်ရဲ့ အစီအစဉ်အသေး စိတ်ကိုမသိရသေးပေမယ့် လက်နက်ကိုင်အဖွဲ့တွေ ပိုင်ဆိုင်တဲ့ လက်နက်အားလုံးဟာ ဒီနှစ်ကုန်မှာ နိုင်ငံ ရဲ့ထိန်းချုပ်မှုအောက်မှာရှိရမယ်လို့ အစိုးရကသတ် မှတ်ခဲ့ပါတယ်။ " ဒါဟာ အရေးကြီးတဲ့ အချိန်အခါတစ် ခုပါပဲ၊ ရည်ရွယ်ချက်ကတော့ လက်နက်တွေလွှဲပြောင်း ပေးအပ်တာကို ဒီနှစ်ကုန်မှာ အပြီး ဒါမှမဟုတ် ဒီနှစ် ကုန်မှာစတင်သွားမယ်" လို့ လက်ဘနွန် အကြီးတန်း အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားလာပါတယ်။ ဟစ်ဇ်ဘိုလာဟာ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ရုံသာ မက ဥပဒေပြုလွှတ်တော်မှာ ကိုယ်စားလှယ်နေရာတွေ ပါရရှိထားတဲ့ နိုင်ငံရေးပါတီတစ်ခုအဖြစ်ပါ ရပ်တည် နေပါတယ်။ ဒါ့ပြင် နိုင်ငံရဲ့တောင်ပိုင်းမှာရှိတဲ့ သူရဲ့မဲ ဆန္ဒရှင်တွေကို ဝန်ဆောင်မှုပေးတဲ့ လူမှုရေးလုပ်ငန်း ဌာနတစ်ခုလည်းရှိပါတယ်။ ဟစ်ဇ်ဘိုလာကို ဆန့်ကျင် သူအချို့က သူရဲ့လက်နက်ကိုင်တပ်ကို ဖျက်သိမ်းပြီး နိုင်ငံရေးပါတီတစ်ခုအနေနဲ့သာ ရပ်တည်ဖို့တောင်းဆို နေကြပါတယ်။ (၁၉၉၀)ပြည့်နှစ် လက်ဘနွန်ပြည် တွင်းစစ်ပြီးဆုံးချိန်မှာ ဟစ်ဇ်ဘိုလာဟာ တခြားလက် နက်ကိုင်အဖွဲ့တွေနဲ့မတူဘဲ နိုင်ငံရေးနဲ့ လူမှုရေးနယ် ပယ်မှာ သူရဲ့ဩဇာကိုချဲ့ထွင်နိုင်ခဲ့တာကြောင့် ပိုပြီး အင်အားကြီးထွားလာခဲ့ပါတယ်။ အစ္စရေးကို ခုခံတွန်း လှန်ရာမှာပါဝင်ခဲ့တဲ့ သူရဲ့အခန်းကဏ္ဍကြောင့် ွှငေ် သဘောတူညီချက်အရ ဟစ်ဇ်ဘိုလာဟာ လက်နက် ဖြုတ်သိမ်းမှုကနေ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။
(၂၀၂၃) ခုနှစ် အောက်တိုဘာ (၇) ရက် နေ့မှာ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမတ်စ် က အစ္စရေးကိုတိုက်ခိုက်ပြီးနောက် ဟစ်ဇ်ဘိုလာက ဟားမတ်စ်ကိုထောက်ခံခဲ့တာကြောင့် ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ကြား တစ်နှစ်ကြာ ပဋိပက္ခဖြစ်ပွားပြီး လက်ဘနွန်နိုင်ငံပျက်စီးခဲ့ပါတယ်။ အစ္စရေးရဲ့တိုက် ခိုက်မှုတွေကြောင့် ဟစ်ဇ်ဘိုလာဟာ အကြီးအကျယ် အားနည်းသွားခဲ့ပြီး သူရဲ့ခေါင်းဆောင် ဟာဆန်နာ ဆာလာ လုပ်ကြံခံရမှုနဲ့အတူ အဖွဲ့ရဲ့ ပြည်တွင်းဩဇာ လည်း သိသိသာသာလျော့ကျသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်က အမေရိကန်ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အပစ် အခတ်ရပ်စဲရေးဟာ လက်ဘနွန်အပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ အစ္စရေးရဲ့ နေ့စဉ်နီးပါးတိုက်ခိုက်မှုတွေနဲ့ လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ နေရာ (၅)ခုကို သိမ်း ပိုက်ထားတာတွေကြောင့် ဟစ်ဇ်ဘိုလာအနေနဲ့ လက် နက်မချဘဲ တိုက်ခိုက်ဖို့ကိုသာဦးတည်စေခဲ့ပါတယ်။ ဒါကြောင့် စစ်တပ်က လက်နက်ဖြုတ်သိမ်းဖို့ အရေး ယူဆောက်ရွက်လာမယ်ဆိုရင် စစ်တပ်နဲ့ ထိပ်တိုက် တွေ့ဆုံနိုင်ခြေရှိလာပါတယ်။
ဟစ်ဇ်ဘိုလာကိုဆန့်ကျင်သူတွေကတော့ နိုင်ငံကို အစ္စရေးနဲ့ စစ်ပွဲထဲ ဆွဲသွင်းခဲ့တယ်ဆိုပြီး အဲဒီ အဖွဲ့ကို ပြစ်တင်ပြောဆိုနေကြသလို နိုင်ငံကို ကာ ကွယ်ပေးမယ်ဆိုတဲ့ကတိတွေမတည်နိုင်ခဲ့လို့ သူ့ရဲ့ ခေါင်းဆောင်ပိုင်းကိုဝေဖန်ခဲ့ကြပါတယ်။ အမေရိကန် ကစေလွှတ်ထားတဲ့သံတမန်တွေဖြစ်တဲ့ တွမ်ဘား ရက်ခ်နဲ့ မော်ဂန်အော်တာဂတ်စ်တို့ဟာ ဟစ်ဇ်ဘိုလာ ရဲ့ အင်အားချည့်နဲ့နေတဲ့အခြေအနေကို အခွင့် ကောင်းယူပြီး လက်ဘနွန်နဲ့အစ္စရေးကြား ဆွေးနွေး မှုတွေပြန်စဖို့ ကြိုးပမ်းနေပါတယ်။ ဒီဆွေးနွေးမှုတွေ ဟာ ဟစ်ဇ်ဘိုလာကို လက်နက်ဖြုတ်သိမ်းရေးနဲ့ အစ္စရေးက လက်ဘနွန်ကနေ ပြန်လည်ဆုတ်ခွာရေး ကို အဓိကထားပါတယ်။ အမေရိကန်နဲ့ လက်ဘနွန် အရာရှိတွေဟာ ဟစ်ဇ်ဘိုလာကို ဆန္ဒအလျောက် လက်နက်ချဖို့ ဘယ်လိုမျိုးစည်းရုံးမယ်ဆိုတဲ့ အသေး စိတ်အချက်အလက်တွေကို အနည်းငယ်သာ ပြောပြ ထားပါတယ်။
ဇွန်လမှာ အမေရိကန်သံတမန် တွမ်ဘား ရက်ခ်ဟာ လက်ဘနွန်ကိုသွားရောက်ခဲ့ပြီး ဟစ်ဇ်ဘို လာကို လက်နက်အပြည့်အစုံဖြုတ်သိမ်းရေး အမေရိ ကန်ရဲ့အဆိုပြုချက်ကိုချပြခဲ့ပါတယ်။ အပြန်အလှန် အနေနဲ့ ဝါရှင်တန်က အစ္စရေးကို တိုက်ခိုက်မှုတွေရပ် တန့်ဖို့နဲ့ တပ်ဖွဲ့တွေ အဆင့်ဆင့်ရုပ်သိမ်းဖို့ ဖိအားပေး မှာဖြစ်ပြီး၊ နောက်ဆုံးမှာတော့ လက်ဘနွန်နိုင်ငံ ပြန် လည်တည်ဆောက်ရေးအတွက် နိုင်ငံခြားရန်ပုံငွေ တွေစုဆောင်းပေးမယ်လို့လည်း ကမ်းလှမ်းခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံရေးလေ့လာရေးစင်တာရဲ့ ဒါရိုက် တာဖြစ်သူ အက်ဒ်နန်ဘော်ဂျီကတော့ အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဟစ်ဇ်ဘိုလာကို အားနည်းအောင်လုပ် ဖို့ဆိုတဲ့ရည်မှန်းချက်တစ်ခုတည်းကိုပဲ ပိုင်ဆိုင် ထားတယ်လို့ပြောပါတယ်။ သူတို့က ဟစ်ဇ်ဘိုလာကို အီရန်ရဲ့မဟာမိတ်အဖြစ်သတ်မှတ်ထားပြီး ဒေသ တွင်း အမေရိကန်နဲ့အစ္စရေး ဆန့်ကျင်ရေးအဖွဲ့အ စည်းရဲ့ အဓိက ကစားသမားအဖြစ်ရှုမြင်ထားပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ လက်နက်ဖြုတ် သိမ်းရေးအစီအစဉ်ကိုမကြိုက်ကြောင်း ဖော်ပြခဲ့ပါ တယ်။ သူတို့ကတော့ အဲဒီဆုံးဖြတ်ချက်ကို မရှိသလိုပဲ သဘောထားမယ်လို့ပြောခဲ့ပါတယ်။ " ဝန်ကြီးချုပ် နာ ဝပ်ဆလမ်အစိုးရဟာ လက်ဘနွန်ရဲ့လက်နက်တွေကို ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်ချက်ချတာက ကြီးလေးတဲ့အ ပြစ်ကိုကျူးလွန်လိုက်တာပါ။ ဒီဆုံးဖြတ်ချက်ဟာ အစ္စရေးရဲ့အကျိုးစီးပွားအတွက်သာ အပြည့်အဝအ ထောက်အကူပြုနေတယ်" လို့ ဟစ်ဇ်ဘိုလာအဖွဲ့က ထုတ်ပြန်ကြေညာချက်တစ်ခုမှာဖော်ပြခဲ့ပါတယ်။ အစိုးရရဲ့ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ငြင်း ပယ်ခဲ့ပေမယ့် ဟစ်ဇ်ဘိုလာဟာ လက်ရှိအချိန်အထိ အင်အားသုံးပြီးတုံ့ပြန်ခြင်းမရှိသေးပါဘူး။ သူတို့ရဲ့ ကွယ်လွန်သွားတဲ့ခေါင်းဆောင် ဟာဆန်နာဆာလာ လက်ထက်မှာတော့ သူတို့ကိုဆန့်ကျင်တဲ့ ဘယ်လို လုပ်ရပ်မျိုးမဆို ပြည်တွင်းစစ်ဖြစ်စေနိုင်တယ်လို့ ခြိမ်း ခြောက်ခဲ့ဖူးပါတယ်။
ဒီတစ်ကြိမ်မှာတော့ ဟစ်ဇ်ဘိုလာဟာ စစ် ရေးအရတုံ့ပြန်မှုတွေ မလုပ်ဆောင်သေးပါဘူး။ ဒါဟာ သူတို့ရဲ့မဟာဗျူဟာပြောင်းလဲမှုကြောင့် ဒါမှမဟုတ် စစ်ပွဲနောက်ပိုင်း အင်အားချည့်နဲ့သွားမှုရဲ့ အကျိုး ဆက်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဟစ်ဇ်ဘိုလာကို ထောက်ခံသူအချို့ကတော့ အစိုးရရဲ့ဆုံးဖြတ်ချက်အ ပြီး ဘေရွတ်လေဆိပ်လမ်းမကို ခေတ္တပိတ်ဆို့ခဲ့ပေမယ့် တခြားကြီးမားတဲ့ဆန္ဒပြမှုတွေတော့ မရှိခဲ့ပါဘူး။ အီရန်နိုင်ငံက ဟစ်ဇ်ဘိုလာကိုထောက်ခံကြောင်း ပြောကြားခဲ့ပေမယ့် အဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေ ဒါမှမ ဟုတ် မူဝါဒတွေချမှတ်ရာမှာ ပါဝင်ပတ်သက်မှု မရှိဘူး လို့ဆိုပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီက ဟစ်ဇ်ဘိုလာကို လက်နက်ဖြုတ်သိမ်းဖို့ ကြိုးပမ်းမှုတွေဟာ အောင်မြင်မှာမဟုတ်ဘူးလို့ ပြော ကြားခဲ့ပါတယ်။ " ဟစ်ဇ်ဘိုလာကို လက်နက်ဖြုတ် သိမ်းဖို့ကြိုးစားခဲ့တာ ဒါ ပထမဆုံးအကြိမ်မဟုတ်ဘူး"လို့ အာရာချီကဖော်ပြခဲ့ပါတယ်။
အစ္စရေးနဲ့ဖြစ်ခဲ့တဲ့ပဋိပက္ခကြောင့် ပျက်စီး သွားတဲ့လက်ဘနွန်ကို ပြန်လည်တည်ဆောက်ဖို့ အတွက် ဒေါ်လာ (၁၀) ဘီလီယံကျော်ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအခြေအနေဟာ နိုင်ငံရေးအရ ဒီဆုံးဖြတ်ချက်ရဲ့အရေးပါပုံကိုပြသနေပါတယ်။ နိုင်ငံ တော်ကသာ တစ်ဦးတည်း လက်နက်ကိုင်ဆောင်သူ ဖြစ်ကြောင်းသေချာမှသာ ရန်ပုံငွေထောက်ပံ့သူတွေ က ရင်းနှီးမြှုပ်နှံမယ်လို့ ပွင့်ပွင့်လင်းလင်း ပြောကြား ထားပါတယ်။ ဒါကြောင့် လက်နက်ဖြုတ်သိမ်းရေးဟာ ဆွေးနွေးမှုတွေမှာ အဓိကအချက်ဖြစ်လာပါတယ်။ အစိုးရက လက်နက်ထိန်းချုပ်မှုများလေလေ၊ ဘဏ္ဍာ ရေးအကူအညီတွေ ပိုမိုရရှိလေလေဖြစ်ပါတယ်။
အစိုးရဟာ ဒီအခြေအနေကိုသိရှိထားပြီး ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ ဟစ်ဇ်ဘိုလာကိုပါ ဖိအားပေးဖို့အသုံးချနေပါတယ်။ ဒါကြောင့် လက်နက် တွေကို အစိုးရကသာ တစ်ဦးတည်းထိန်းချုပ်နိုင်ဖို့ဆို တာဟာ သဘောတရားအရသာမဟုတ်ဘဲ နိုင်ငံတ ကာ ပြန်လည်တည်ဆောက်ရေးရန်ပုံငွေတွေ နိုင်ငံထဲ ကိုရောက်ရှိလာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေ အနေတစ်ခုဖြစ်လာပါတယ်။ အစိုးရဟာ အသိဉာဏ်မဲ့ သူမဟုတ်ဘူးဆိုတာကို နောက်ထပ် အပြိုင်လုပ် ဆောင်နေတဲ့အဆင့်တစ်ဆင့်ကလည်း ပြသနေပါ တယ်။ အဲဒါကတော့ လက်ဘနွန်သမ္မတ ဂျိုးဇက် အောင်းနဲ့ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ် တို့ရဲ့သဘောတူညီချက်အပေါ်အခြေခံပြီး ပါလက်စ တိုင်းအဖွဲ့တွေရဲ့စခန်းတွေမှာ လက်နက်ဖြုတ်သိမ်း မှုတွေကိုစတင်ခဲ့တာပါ။ ဒါကြောင့် လက်နက်ဖြုတ် သိမ်းရေးအစီအစဉ်ဟာ ဟစ်ဇ်ဘိုလာတစ်ဖွဲ့တည်းကို သာရည်ရွယ်တာမဟုတ်ဘဲ အစိုးရရဲ့ ခွင့်ပြုချက်မူ ဘောင်ပြင်ပမှာ လက်နက်ကိုင်တွေမရှိရဘူးဆိုတဲ့မူကိုအခြေခံထားကြောင်း ဖော်ပြနေပါတယ်။
လေ့လာသုံးသပ်သူတွေကတော့ လက် နက်ဖြုတ်သိမ်းရေးဟာ ချောမွေ့စွာရှေ့ဆက်နိုင်မှာ မဟုတ်ဘူးလို့ သံသယရှိနေပါတယ်။ လက်ဘနွန်နိုင်ငံ ရေးလေ့လာဆန်းစစ်သူ ယူဆက်ဖ်ဒီယက်ဘ်က လက်နက်ဖြုတ်သိမ်းတာဟာ ဟစ်ဇ်ဘိုလာကို နိုင်ငံ ရေးအာဏာအရဖယ်ရှားပစ်တာလို့ရှုမြင်ထားပြီး ဒါ ဟာ သူတို့အဖွဲ့ရဲ့ ရှင်သန်ရပ်တည်ရေးနဲ့လည်း သက် ဆိုင်နေတယ်လို့ဆိုပါတယ်။ အမေရိကန်ရဲ့ဖိအားတွေ ကြောင့် လက်ဘနွန်အစိုးရဟာ ဟစ်ဇ်ဘိုလာနဲ့ ထိပ် တိုက်ရင်ဆိုင်မှုဖြစ်လာနိုင်တယ်လို့လည်း လေ့လာသူ တွေကသတိပေးထားပါတယ်။ အတင်းအကြပ် လက် နက်ဖြုတ်သိမ်းဖို့ချဉ်းကပ်မှုဟာ နိုင်ငံရေးကွဲပြားမှုတွေ ကို ပိုမိုနက်ရှိုင်းစေပြီး ရှီယိုက်အသိုင်းအဝိုင်းရဲ့ဒေါသ ကိုဆွပေးနိုင်သလို လက်ဘနွန်စစ်တပ်အနေနဲ့ အဖွဲ့ ကို အတင်းအကြပ်လက်နက်ဖြုတ်သိမ်းနိုင်တဲ့ စွမ်း ရည်မရှိဘူးလို့လည်း မှတ်ချက်ပြုပါတယ်။ ဒါ့ပြင် လက်ဘနွန်ပြည်သူအများအပြားဟာ အမေရိကန်ကို ရိုးသားတဲ့ ကြားခံညှိနှိုင်းသူအဖြစ် မမြင်ကြဘူးလို့ လည်း လေ့လာသူတချို့ကဆိုပါတယ်။ သူတို့ဟာ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့စစ်ပွဲအတွင်း အမေရိကန်က အစ္စရေးကိုထောက်ပံ့ခဲ့တာနဲ့ လက် ဘနွန်ပိုင်နက်တွေကိုသိမ်းပိုက်ထားတာကို မြင်တွေ့ ခဲ့ရတာကြောင့် အမေရိကန်ဟာ လက်ဘနွန်ရဲ့အကျိုး စီးပွားအတွက်ဆောင်ရွက်ပေးနိုင်သူမဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်။ ဒါကြောင့် သမိုင်းမှာရော၊ လက်ရှိမှာပါ လက်ဘနွန်ပြည်သူတွေကို အကာအ ကွယ်ပေးနေတယ်လို့ယူဆထားတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ ကို လက်နက်ဖြုတ်သိမ်းဖို့ဆိုတာဟာ ထင်သလောက် လွယ်ကူရိုးရှင်းစွာအကောင်အထည်ဖော်လို့ရမယ့် ကိစ္စတော့ မဖြစ်နိုင်ပါ။
ကိုးကား
• https://www.aljazeera.com/news/2025/8/10/will-lebanon-succeed-in-disarming-hezbollah
• https://edition.cnn.com/ 2025/ 09/05/middleeast/lebanon-hezbollah-disarm-plan-intl
• https://english.news.cn/20250908/fb583e9532344cccaabe421ae3a7ceac/c.html

Zawgyi Version:
လက္ဘႏြန္ရဲ႕ အနာဂတ္ကို အဆုံးအျဖတ္ေပးသြားမယ့္ ဟစ္ဇ္ဘိုလာ လက္နက္ျဖဳတ္သိမ္းေရးအစီအစဥ္
တင္ဇာ (NP News) - စက္တင္ဘာလ ၁၇
လက္ဘႏြန္အစိုးရဟာ စစ္တပ္က စက္ တင္ဘာလ (၅)ရက္မွာတင္ျပခဲ့တဲ့ ႏိုင္ငံရဲ႕အင္အား အႀကီးဆုံး စစ္အင္အားစုျဖစ္တဲ့ ဟစ္ဇ္ဘိုလာကိုသိမ္း ေရးအစီအစဥ္ကို ႀကိဳဆိုလိုက္ပါတယ္။ ဒီလုပ္ ေဆာင္မႈက ျပည္တြင္းပဋိပကၡကိုပါျဖစ္ပြားေစႏိုင္တဲ့ မႀကဳံစဖူးေျခလွမ္းတစ္ခုျဖစ္ပါတယ္။ လက္ဘႏြန္ သ တင္းျပန္ၾကားေရးဝန္ႀကီး ေပါလ္မားကို႔စ္ရဲ႕ေျပာၾကား ခ်က္အရ စစ္တပ္ဟာ သေဘာတူညီခ်က္ရဲ႕ စည္း ကမ္းခ်က္ေတြကို စတင္အေကာင္အထည္ေဖာ္မွာ ျဖစ္ေပမယ့္ အကန႔္အသတ္နဲ႔သာ စြမ္းေဆာင္ႏိုင္မယ္ လို႔သိရပါတယ္။ အစိုးရက အစီအစဥ္အေကာင္အ ထည္ေဖာ္မယ့္အခ်ိန္ဇယားကိုမေဖာ္ျပခဲ့ေပမယ့္ ဝန္ ႀကီးခ်ဳပ္နာဝပ္ဆလမ္ရဲ႕ေျပာၾကားခ်က္အရ စစ္တပ္ ဘက္က ဒီလုပ္ငန္းစဥ္ရဲ႕တိုးတက္မႈအေျခအေနကို အစိုးရအဖြဲ႕ထံ လစဥ္အစီရင္ခံစာတင္သြင္းသြားမယ္ လို႔သိရပါတယ္။
အေမရိကန္အပါအဝင္ ေဒသတြင္းကဖိ အားေတြ အျပင္းအထန္ခံေနရတဲ့အစိုးရဟာ ဩဂုတ္ လအေစာပိုင္းမွာ ဟစ္ဇ္ဘိုလာကို လက္နက္ျဖဳတ္သိမ္း ႏိုင္ေရးအစီအစဥ္တစ္ရပ္တင္ျပဖို႔ စစ္တပ္ကိုေတာင္း ဆိုခဲ့ပါတယ္။ ေသာၾကာေန႔ကက်င္းပခဲ့တဲ့ အစိုးရအ ဖြဲ႕အစည္းအေဝးမွာ ဟစ္ဇ္ဘိုလာပါဝင္ေနတဲ့ သူ႔ရဲ႕ မဟာမိတ္ Amal ပါတီမွ ဝန္ႀကီး (၅)ဦးဟာ ဒီအစီ အစဥ္ကို စတင္ေဆြးေႏြးခ်ိန္မွာ အစည္းအေဝးကေန ႏုတ္ထြက္သြားတယ္လို႔ လက္ဘႏြန္ရဲ႕ တရားဝင္ National News Agency ကေဖာ္ျပပါတယ္။ လက္ ဘႏြန္စစ္တပ္ရဲ႕အစီအစဥ္ဟာ အီရန္ေက်ာ ေထာက္ေနာက္ခံျပဳထားတဲ့ အင္အားအႀကီးဆုံး ေဒသတြင္းလက္နက္ကိုင္တပ္ကို ဖ်က္သိမ္းဖို႔နဲ႔ အစၥေရးအေပၚ ႏိုင္ငံမဟုတ္တဲ့ ၿခိမ္းေျခာက္မႈအ ႀကီးဆုံးထဲကတစ္ခုကို ဖယ္ရွားဖို႔အတြက္ မႀကဳံစဖူး ႀကိဳးပမ္းမႈတစ္ခုျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ (၂) ႏွစ္အတြင္း အစၥေရးရဲ႕ အျပင္းအထန္တိုက္ခိုက္မႈေတြေၾကာင့္ ဟစ္ဇ္ဘိုလာဟာ အားနည္းသြားခဲ့ေပမယ့္ လက္ဘႏြန္ ရဲ႕ အင္အားအႀကီးဆုံးလက္နက္ကိုင္အဖြဲ႕အျဖစ္ ဆက္ရွိေနၿပီး ျပည္တြင္းက ရွီယိုက္အသိုင္းအဝိုင္းရဲ႕ အားေပးေထာက္ခံမႈ အမ်ားအျပားရရွိထားပါတယ္။ အင္အားသုံးၿပီး လက္နက္ဖ်က္သိမ္းဖို႔ႀကိဳးစားတာ ဟာ ႏိုင္ငံကို ျပည္တြင္းပဋိပကၡထဲ က်ေရာက္သြားေစ ႏိုင္တယ္လို႔လည္း ေလ့လာသူေတြက သတိေပးထား ပါတယ္။
လက္ဘႏြန္စစ္တပ္ရဲ႕ အစီအစဥ္အေသး စိတ္ကိုမသိရေသးေပမယ့္ လက္နက္ကိုင္အဖြဲ႕ေတြ ပိုင္ဆိုင္တဲ့ လက္နက္အားလုံးဟာ ဒီႏွစ္ကုန္မွာ ႏိုင္ငံ ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာရွိရမယ္လို႔ အစိုးရကသတ္ မွတ္ခဲ့ပါတယ္။ " ဒါဟာ အေရးႀကီးတဲ့ အခ်ိန္အခါတစ္ ခုပါပဲ၊ ရည္႐ြယ္ခ်က္ကေတာ့ လက္နက္ေတြလႊဲေျပာင္း ေပးအပ္တာကို ဒီႏွစ္ကုန္မွာ အၿပီး ဒါမွမဟုတ္ ဒီႏွစ္ ကုန္မွာစတင္သြားမယ္" လို႔ လက္ဘႏြန္ အႀကီးတန္း အရာရွိတစ္ဦးက ထုတ္ေဖာ္ေျပာၾကားလာပါတယ္။ ဟစ္ဇ္ဘိုလာဟာ လက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္႐ုံသာ မက ဥပေဒျပဳလႊတ္ေတာ္မွာ ကိုယ္စားလွယ္ေနရာေတြ ပါရရွိထားတဲ့ ႏိုင္ငံေရးပါတီတစ္ခုအျဖစ္ပါ ရပ္တည္ ေနပါတယ္။ ဒါ့ျပင္ ႏိုင္ငံရဲ႕ေတာင္ပိုင္းမွာရွိတဲ့ သူရဲ႕မဲ ဆႏၵရွင္ေတြကို ဝန္ေဆာင္မႈေပးတဲ့ လူမႈေရးလုပ္ငန္း ဌာနတစ္ခုလည္းရွိပါတယ္။ ဟစ္ဇ္ဘိုလာကို ဆန႔္က်င္ သူအခ်ိဳ႕က သူရဲ႕လက္နက္ကိုင္တပ္ကို ဖ်က္သိမ္းၿပီး ႏိုင္ငံေရးပါတီတစ္ခုအေနနဲ႔သာ ရပ္တည္ဖို႔ေတာင္းဆို ေနၾကပါတယ္။ (၁၉၉၀)ျပည့္ႏွစ္ လက္ဘႏြန္ျပည္ တြင္းစစ္ၿပီးဆုံးခ်ိန္မွာ ဟစ္ဇ္ဘိုလာဟာ တျခားလက္ နက္ကိုင္အဖြဲ႕ေတြနဲ႔မတူဘဲ ႏိုင္ငံေရးနဲ႔ လူမႈေရးနယ္ ပယ္မွာ သူရဲ႕ဩဇာကိုခ်ဲ႕ထြင္ႏိုင္ခဲ့တာေၾကာင့္ ပိုၿပီး အင္အားႀကီးထြားလာခဲ့ပါတယ္။ အစၥေရးကို ခုခံတြန္း လွန္ရာမွာပါဝင္ခဲ့တဲ့ သူရဲ႕အခန္းက႑ေၾကာင့္ ႊေင္ သေဘာတူညီခ်က္အရ ဟစ္ဇ္ဘိုလာဟာ လက္နက္ ျဖဳတ္သိမ္းမႈကေန ကင္းလြတ္ခြင့္ရခဲ့ပါတယ္။
(၂၀၂၃) ခုႏွစ္ ေအာက္တိုဘာ (၇) ရက္ ေန႔မွာ ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕ ဟားမတ္စ္ က အစၥေရးကိုတိုက္ခိုက္ၿပီးေနာက္ ဟစ္ဇ္ဘိုလာက ဟားမတ္စ္ကိုေထာက္ခံခဲ့တာေၾကာင့္ ဟစ္ဇ္ဘိုလာနဲ႔ အစၥေရးတို႔ၾကား တစ္ႏွစ္ၾကာ ပဋိပကၡျဖစ္ပြားၿပီး လက္ဘႏြန္ႏိုင္ငံပ်က္စီးခဲ့ပါတယ္။ အစၥေရးရဲ႕တိုက္ ခိုက္မႈေတြေၾကာင့္ ဟစ္ဇ္ဘိုလာဟာ အႀကီးအက်ယ္ အားနည္းသြားခဲ့ၿပီး သူရဲ႕ေခါင္းေဆာင္ ဟာဆန္နာ ဆာလာ လုပ္ႀကံခံရမႈနဲ႔အတူ အဖြဲ႕ရဲ႕ ျပည္တြင္းဩဇာ လည္း သိသိသာသာေလ်ာ့က်သြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္က အေမရိကန္ၾကားဝင္ေစ့စပ္ေပးခဲ့တဲ့ အပစ္ အခတ္ရပ္စဲေရးဟာ လက္ဘႏြန္အေပၚ အစၥေရးရဲ႕ တိုက္ခိုက္မႈေတြကိုရပ္တန႔္ဖို႔ ရည္႐ြယ္ခဲ့တာပါ။ ဒါေပမဲ့ အစၥေရးရဲ႕ ေန႔စဥ္နီးပါးတိုက္ခိုက္မႈေတြနဲ႔ လက္ဘႏြန္ေတာင္ပိုင္းမွာရွိတဲ့ ေနရာ (၅)ခုကို သိမ္း ပိုက္ထားတာေတြေၾကာင့္ ဟစ္ဇ္ဘိုလာအေနနဲ႔ လက္ နက္မခ်ဘဲ တိုက္ခိုက္ဖို႔ကိုသာဦးတည္ေစခဲ့ပါတယ္။ ဒါေၾကာင့္ စစ္တပ္က လက္နက္ျဖဳတ္သိမ္းဖို႔ အေရး ယူေဆာက္႐ြက္လာမယ္ဆိုရင္ စစ္တပ္နဲ႔ ထိပ္တိုက္ ေတြ႕ဆုံႏိုင္ေျခရွိလာပါတယ္။
ဟစ္ဇ္ဘိုလာကိုဆန႔္က်င္သူေတြကေတာ့ ႏိုင္ငံကို အစၥေရးနဲ႔ စစ္ပြဲထဲ ဆြဲသြင္းခဲ့တယ္ဆိုၿပီး အဲဒီ အဖြဲ႕ကို ျပစ္တင္ေျပာဆိုေနၾကသလို ႏိုင္ငံကို ကာ ကြယ္ေပးမယ္ဆိုတဲ့ကတိေတြမတည္ႏိုင္ခဲ့လို႔ သူ႔ရဲ႕ ေခါင္းေဆာင္ပိုင္းကိုေဝဖန္ခဲ့ၾကပါတယ္။ အေမရိကန္ ကေစလႊတ္ထားတဲ့သံတမန္ေတြျဖစ္တဲ့ တြမ္ဘား ရက္ခ္နဲ႔ ေမာ္ဂန္ေအာ္တာဂတ္စ္တို႔ဟာ ဟစ္ဇ္ဘိုလာ ရဲ႕ အင္အားခ်ည့္နဲ႔ေနတဲ့အေျခအေနကို အခြင့္ ေကာင္းယူၿပီး လက္ဘႏြန္နဲ႔အစၥေရးၾကား ေဆြးေႏြး မႈေတြျပန္စဖို႔ ႀကိဳးပမ္းေနပါတယ္။ ဒီေဆြးေႏြးမႈေတြ ဟာ ဟစ္ဇ္ဘိုလာကို လက္နက္ျဖဳတ္သိမ္းေရးနဲ႔ အစၥေရးက လက္ဘႏြန္ကေန ျပန္လည္ဆုတ္ခြာေရး ကို အဓိကထားပါတယ္။ အေမရိကန္နဲ႔ လက္ဘႏြန္ အရာရွိေတြဟာ ဟစ္ဇ္ဘိုလာကို ဆႏၵအေလ်ာက္ လက္နက္ခ်ဖို႔ ဘယ္လိုမ်ိဳးစည္း႐ုံးမယ္ဆိုတဲ့ အေသး စိတ္အခ်က္အလက္ေတြကို အနည္းငယ္သာ ေျပာျပ ထားပါတယ္။
ဇြန္လမွာ အေမရိကန္သံတမန္ တြမ္ဘား ရက္ခ္ဟာ လက္ဘႏြန္ကိုသြားေရာက္ခဲ့ၿပီး ဟစ္ဇ္ဘို လာကို လက္နက္အျပည့္အစုံျဖဳတ္သိမ္းေရး အေမရိ ကန္ရဲ႕အဆိုျပဳခ်က္ကိုခ်ျပခဲ့ပါတယ္။ အျပန္အလွန္ အေနနဲ႔ ဝါရွင္တန္က အစၥေရးကို တိုက္ခိုက္မႈေတြရပ္ တန႔္ဖို႔နဲ႔ တပ္ဖြဲ႕ေတြ အဆင့္ဆင့္႐ုပ္သိမ္းဖို႔ ဖိအားေပး မွာျဖစ္ၿပီး၊ ေနာက္ဆုံးမွာေတာ့ လက္ဘႏြန္ႏိုင္ငံ ျပန္ လည္တည္ေဆာက္ေရးအတြက္ ႏိုင္ငံျခားရန္ပုံေငြ ေတြစုေဆာင္းေပးမယ္လို႔လည္း ကမ္းလွမ္းခဲ့ပါတယ္။ လက္ဘႏြန္ႏိုင္ငံေရးေလ့လာေရးစင္တာရဲ႕ ဒါ႐ိုက္ တာျဖစ္သူ အက္ဒ္နန္ေဘာ္ဂ်ီကေတာ့ အေမရိကန္နဲ႔ အစၥေရးတို႔ဟာ ဟစ္ဇ္ဘိုလာကို အားနည္းေအာင္လုပ္ ဖို႔ဆိုတဲ့ရည္မွန္းခ်က္တစ္ခုတည္းကိုပဲ ပိုင္ဆိုင္ ထားတယ္လို႔ေျပာပါတယ္။ သူတို႔က ဟစ္ဇ္ဘိုလာကို အီရန္ရဲ႕မဟာမိတ္အျဖစ္သတ္မွတ္ထားၿပီး ေဒသ တြင္း အေမရိကန္နဲ႔အစၥေရး ဆန႔္က်င္ေရးအဖြဲ႕အ စည္းရဲ႕ အဓိက ကစားသမားအျဖစ္ရႈျမင္ထားပါတယ္။
ဟစ္ဇ္ဘိုလာအဖြဲ႕ကေတာ့ လက္နက္ျဖဳတ္ သိမ္းေရးအစီအစဥ္ကိုမႀကိဳက္ေၾကာင္း ေဖာ္ျပခဲ့ပါ တယ္။ သူတို႔ကေတာ့ အဲဒီဆုံးျဖတ္ခ်က္ကို မရွိသလိုပဲ သေဘာထားမယ္လို႔ေျပာခဲ့ပါတယ္။ " ဝန္ႀကီးခ်ဳပ္ နာ ဝပ္ဆလမ္အစိုးရဟာ လက္ဘႏြန္ရဲ႕လက္နက္ေတြကို ဖယ္ရွားပစ္ဖို႔ ဆုံးျဖတ္ခ်က္ခ်တာက ႀကီးေလးတဲ့အ ျပစ္ကိုက်ဴးလြန္လိုက္တာပါ။ ဒီဆုံးျဖတ္ခ်က္ဟာ အစၥေရးရဲ႕အက်ိဳးစီးပြားအတြက္သာ အျပည့္အဝအ ေထာက္အကူျပဳေနတယ္" လို႔ ဟစ္ဇ္ဘိုလာအဖြဲ႕က ထုတ္ျပန္ေၾကညာခ်က္တစ္ခုမွာေဖာ္ျပခဲ့ပါတယ္။ အစိုးရရဲ႕ဆုံးျဖတ္ခ်က္ကို ျပတ္ျပတ္သားသား ျငင္း ပယ္ခဲ့ေပမယ့္ ဟစ္ဇ္ဘိုလာဟာ လက္ရွိအခ်ိန္အထိ အင္အားသုံးၿပီးတုံ႔ျပန္ျခင္းမရွိေသးပါဘူး။ သူတို႔ရဲ႕ ကြယ္လြန္သြားတဲ့ေခါင္းေဆာင္ ဟာဆန္နာဆာလာ လက္ထက္မွာေတာ့ သူတို႔ကိုဆန႔္က်င္တဲ့ ဘယ္လို လုပ္ရပ္မ်ိဳးမဆို ျပည္တြင္းစစ္ျဖစ္ေစႏိုင္တယ္လို႔ ၿခိမ္း ေျခာက္ခဲ့ဖူးပါတယ္။
ဒီတစ္ႀကိမ္မွာေတာ့ ဟစ္ဇ္ဘိုလာဟာ စစ္ ေရးအရတုံ႔ျပန္မႈေတြ မလုပ္ေဆာင္ေသးပါဘူး။ ဒါဟာ သူတို႔ရဲ႕မဟာဗ်ဴဟာေျပာင္းလဲမႈေၾကာင့္ ဒါမွမဟုတ္ စစ္ပြဲေနာက္ပိုင္း အင္အားခ်ည့္နဲ႔သြားမႈရဲ႕ အက်ိဳး ဆက္ေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။ ဟစ္ဇ္ဘိုလာကို ေထာက္ခံသူအခ်ိဳ႕ကေတာ့ အစိုးရရဲ႕ဆုံးျဖတ္ခ်က္အ ၿပီး ေဘ႐ြတ္ေလဆိပ္လမ္းမကို ေခတၱပိတ္ဆို႔ခဲ့ေပမယ့္ တျခားႀကီးမားတဲ့ဆႏၵျပမႈေတြေတာ့ မရွိခဲ့ပါဘူး။ အီရန္ႏိုင္ငံက ဟစ္ဇ္ဘိုလာကိုေထာက္ခံေၾကာင္း ေျပာၾကားခဲ့ေပမယ့္ အဖြဲ႕ရဲ႕ဆုံးျဖတ္ခ်က္ေတြ ဒါမွမ ဟုတ္ မူဝါဒေတြခ်မွတ္ရာမွာ ပါဝင္ပတ္သက္မႈ မရွိဘူး လို႔ဆိုပါတယ္။ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အဘတ္စ္ အာရာခ်ီက ဟစ္ဇ္ဘိုလာကို လက္နက္ျဖဳတ္သိမ္းဖို႔ ႀကိဳးပမ္းမႈေတြဟာ ေအာင္ျမင္မွာမဟုတ္ဘူးလို႔ ေျပာ ၾကားခဲ့ပါတယ္။ " ဟစ္ဇ္ဘိုလာကို လက္နက္ျဖဳတ္ သိမ္းဖို႔ႀကိဳးစားခဲ့တာ ဒါ ပထမဆုံးအႀကိမ္မဟုတ္ဘူး"လို႔ အာရာခ်ီကေဖာ္ျပခဲ့ပါတယ္။
အစၥေရးနဲ႔ျဖစ္ခဲ့တဲ့ပဋိပကၡေၾကာင့္ ပ်က္စီး သြားတဲ့လက္ဘႏြန္ကို ျပန္လည္တည္ေဆာက္ဖို႔ အတြက္ ေဒၚလာ (၁၀) ဘီလီယံေက်ာ္ကုန္က်မယ္လို႔ ခန႔္မွန္းထားပါတယ္။ ဒီအေျခအေနဟာ ႏိုင္ငံေရးအရ ဒီဆုံးျဖတ္ခ်က္ရဲ႕အေရးပါပုံကိုျပသေနပါတယ္။ ႏိုင္ငံ ေတာ္ကသာ တစ္ဦးတည္း လက္နက္ကိုင္ေဆာင္သူ ျဖစ္ေၾကာင္းေသခ်ာမွသာ ရန္ပုံေငြေထာက္ပံ့သူေတြ က ရင္းႏွီးျမႇဳပ္ႏွံမယ္လို႔ ပြင့္ပြင့္လင္းလင္း ေျပာၾကား ထားပါတယ္။ ဒါေၾကာင့္ လက္နက္ျဖဳတ္သိမ္းေရးဟာ ေဆြးေႏြးမႈေတြမွာ အဓိကအခ်က္ျဖစ္လာပါတယ္။ အစိုးရက လက္နက္ထိန္းခ်ဳပ္မႈမ်ားေလေလ၊ ဘ႑ာ ေရးအကူအညီေတြ ပိုမိုရရွိေလေလျဖစ္ပါတယ္။
အစိုးရဟာ ဒီအေျခအေနကိုသိရွိထားၿပီး ျပည္တြင္းအဖြဲ႕အစည္းေတြနဲ႔ ဟစ္ဇ္ဘိုလာကိုပါ ဖိအားေပးဖို႔အသုံးခ်ေနပါတယ္။ ဒါေၾကာင့္ လက္နက္ ေတြကို အစိုးရကသာ တစ္ဦးတည္းထိန္းခ်ဳပ္ႏိုင္ဖို႔ဆို တာဟာ သေဘာတရားအရသာမဟုတ္ဘဲ ႏိုင္ငံတ ကာ ျပန္လည္တည္ေဆာက္ေရးရန္ပုံေငြေတြ ႏိုင္ငံထဲ ကိုေရာက္ရွိလာဖို႔အတြက္ မရွိမျဖစ္လိုအပ္တဲ့ အေျခ အေနတစ္ခုျဖစ္လာပါတယ္။ အစိုးရဟာ အသိဉာဏ္မဲ့ သူမဟုတ္ဘူးဆိုတာကို ေနာက္ထပ္ အၿပိဳင္လုပ္ ေဆာင္ေနတဲ့အဆင့္တစ္ဆင့္ကလည္း ျပသေနပါ တယ္။ အဲဒါကေတာ့ လက္ဘႏြန္သမၼတ ဂ်ိဳးဇက္ ေအာင္းနဲ႔ ပါလက္စတိုင္းသမၼတ မာမြတ္အဘတ္စ္ တို႔ရဲ႕သေဘာတူညီခ်က္အေပၚအေျခခံၿပီး ပါလက္စ တိုင္းအဖြဲ႕ေတြရဲ႕စခန္းေတြမွာ လက္နက္ျဖဳတ္သိမ္း မႈေတြကိုစတင္ခဲ့တာပါ။ ဒါေၾကာင့္ လက္နက္ျဖဳတ္ သိမ္းေရးအစီအစဥ္ဟာ ဟစ္ဇ္ဘိုလာတစ္ဖြဲ႕တည္းကို သာရည္႐ြယ္တာမဟုတ္ဘဲ အစိုးရရဲ႕ ခြင့္ျပဳခ်က္မူ ေဘာင္ျပင္ပမွာ လက္နက္ကိုင္ေတြမရွိရဘူးဆိုတဲ့မူကိုအေျခခံထားေၾကာင္း ေဖာ္ျပေနပါတယ္။
ေလ့လာသုံးသပ္သူေတြကေတာ့ လက္ နက္ျဖဳတ္သိမ္းေရးဟာ ေခ်ာေမြ႕စြာေရွ႕ဆက္ႏိုင္မွာ မဟုတ္ဘူးလို႔ သံသယရွိေနပါတယ္။ လက္ဘႏြန္ႏိုင္ငံ ေရးေလ့လာဆန္းစစ္သူ ယူဆက္ဖ္ဒီယက္ဘ္က လက္နက္ျဖဳတ္သိမ္းတာဟာ ဟစ္ဇ္ဘိုလာကို ႏိုင္ငံ ေရးအာဏာအရဖယ္ရွားပစ္တာလို႔ရႈျမင္ထားၿပီး ဒါ ဟာ သူတို႔အဖြဲ႕ရဲ႕ ရွင္သန္ရပ္တည္ေရးနဲ႔လည္း သက္ ဆိုင္ေနတယ္လို႔ဆိုပါတယ္။ အေမရိကန္ရဲ႕ဖိအားေတြ ေၾကာင့္ လက္ဘႏြန္အစိုးရဟာ ဟစ္ဇ္ဘိုလာနဲ႔ ထိပ္ တိုက္ရင္ဆိုင္မႈျဖစ္လာႏိုင္တယ္လို႔လည္း ေလ့လာသူ ေတြကသတိေပးထားပါတယ္။ အတင္းအၾကပ္ လက္ နက္ျဖဳတ္သိမ္းဖို႔ခ်ဥ္းကပ္မႈဟာ ႏိုင္ငံေရးကြဲျပားမႈေတြ ကို ပိုမိုနက္ရႈိင္းေစၿပီး ရွီယိုက္အသိုင္းအဝိုင္းရဲ႕ေဒါသ ကိုဆြေပးႏိုင္သလို လက္ဘႏြန္စစ္တပ္အေနနဲ႔ အဖြဲ႕ ကို အတင္းအၾကပ္လက္နက္ျဖဳတ္သိမ္းႏိုင္တဲ့ စြမ္း ရည္မရွိဘူးလို႔လည္း မွတ္ခ်က္ျပဳပါတယ္။ ဒါ့ျပင္ လက္ဘႏြန္ျပည္သူအမ်ားအျပားဟာ အေမရိကန္ကို ႐ိုးသားတဲ့ ၾကားခံညႇိႏႈိင္းသူအျဖစ္ မျမင္ၾကဘူးလို႔ လည္း ေလ့လာသူတခ်ိဳ႕ကဆိုပါတယ္။ သူတို႔ဟာ ဂါဇာကမ္းေျမာင္ေဒသမွာ အစၥေရးနဲ႔စစ္ပြဲအတြင္း အေမရိကန္က အစၥေရးကိုေထာက္ပံ့ခဲ့တာနဲ႔ လက္ ဘႏြန္ပိုင္နက္ေတြကိုသိမ္းပိုက္ထားတာကို ျမင္ေတြ႕ ခဲ့ရတာေၾကာင့္ အေမရိကန္ဟာ လက္ဘႏြန္ရဲ႕အက်ိဳး စီးပြားအတြက္ေဆာင္႐ြက္ေပးႏိုင္သူမဟုတ္ဘူးလို႔ ယုံၾကည္ေနၾကပါတယ္။ ဒါေၾကာင့္ သမိုင္းမွာေရာ၊ လက္ရွိမွာပါ လက္ဘႏြန္ျပည္သူေတြကို အကာအ ကြယ္ေပးေနတယ္လို႔ယူဆထားတဲ့ ဟစ္ဇ္ဘိုလာအဖြဲ႕ ကို လက္နက္ျဖဳတ္သိမ္းဖို႔ဆိုတာဟာ ထင္သေလာက္ လြယ္ကူ႐ိုးရွင္းစြာအေကာင္အထည္ေဖာ္လို႔ရမယ့္ ကိစၥေတာ့ မျဖစ္ႏိုင္ပါ။
ကိုးကား
• https://www.aljazeera.com/news/2025/8/10/will-lebanon-succeed-in-disarming-hezbollah
• https://edition.cnn.com/ 2025/ 09/05/middleeast/lebanon-hezbollah-disarm-plan-intl
• https://english.news.cn/20250908/fb583e9532344cccaabe421ae3a7ceac/c.html