မလေးရှားနိုင်ငံသို့သွားရောက်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ဝ ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

 910

ဂျန်ဇက် (NP News) - ဇူလိုင် ၅

ထိုင်းရဲတပ်ဖွဲ့သည် ဇူလိုင် ၄ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ဆာဒါအိုပြည်နယ် Ban Chaikhuan လမ်းရှိ အိမ်တစ်အိမ်ကို စီးနင်းရှာဖွေချိန်အတွင်းမလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ရန် ကြိုးပမ်းနေသော မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ဝ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ ရောက်ရှိနေသည်ဆိုသော သတင်းကို လက်ခံရရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့သည် Ban Chaikhuan လမ်းရှိ အိမ်တစ်အိမ်ကို စီးနင်းခဲ့ရာ အသက် ၁၉ နှစ်နှင့် အသက် ၂၆ နှစ်အရွယ်ကြားရှိ အမျိုးသား ၁၆ ဦး နှင့် အမျိုးသမီး ၄ ဦးကို ဖမ်းမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများက ၎င်းတို့သည် မြန်မာနိုင်ငံရှိ မတူညီသောမြို့များမှ လာရောက်သူများဖြစ်ပြီး မလေးရှားနိုင်ငံတွင် အလုပ်သွားလုပ်ရန် စီစဉ်ထားကြောင်း၊ ထိုင်း နှင့် မြန်မာနယ်စပ်ဒေသဖြစ်သော Prachuap Khiri Khan ဒေသကို တောလမ်းမှတဆင့် ဖြတ်သန်းဝင်ရောက်လာခဲ့ပြီးနောက် ပွဲစားများက ပစ်ကပ်ကားဖြင့် မလေးရှားနှင့် ထိုင်းနယ်စပ်ဒေသဖြစ်သော ဆာဒါအိုပြည်နယ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသည်။

၎င်းတို့သည် မလေးရှားနိုင်ငံထဲသို့ ပို့ဆောင်ပေးမည့်သူကို စောင့်ဆိုင်းနေချိန်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ မလေးရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်လုပ်ရန်အတွက် ပွဲစားခအဖြစ် တစ်ဦးကိုဘတ် နှစ်သောင်း ပေးရကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများက ဝန်ခံပြောဆိုထား သည်။

ထိုင်းရဲတပ်ဖွဲ့သည်အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ဝ ဦးကို ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းမှုဖြင့် စွဲချက်တင်ထားပြီး အသေးစိတ်စုံစမ်းစစ်ဆေးမှုများ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

Zawgyi Version;
မေလးရွားႏိုင္ငံသို႔သြားေရာက္မည့္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၂ဝ ကို ထိုင္းရဲတပ္ဖြဲ႕ ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၅

ထိုင္းရဲတပ္ဖြဲ႕သည္ ဇူလိုင္ ၄ ရက္က ထိုင္းႏိုင္ငံေတာင္ပိုင္း ဆာဒါအိုျပည္နယ္ Ban Chaikhuan လမ္းရွိ အိမ္တစ္အိမ္ကို စီးနင္းရွာေဖြခ်ိန္အတြင္းမေလးရွားႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ရန္ ႀကိဳးပမ္းေနေသာ ျမန္မာ ေ႐ႊ႕ေျပာင္းအလုပ္သမား ၂ဝ ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

မေလးရွားႏိုင္ငံသို႔ တရားမဝင္သြားေရာက္အလုပ္လုပ္ကိုင္မည့္ ျမန္မာႏိုင္ငံသားမ်ား ေရာက္ရွိေနသည္ဆိုေသာ သတင္းကို လက္ခံရရွိခဲ့ၿပီးေနာက္ ထိုင္းရဲတပ္ဖြဲ႕သည္ Ban Chaikhuan လမ္းရွိ အိမ္တစ္အိမ္ကို စီးနင္းခဲ့ရာ အသက္ ၁၉ ႏွစ္ႏွင့္ အသက္ ၂၆ ႏွစ္အ႐ြယ္ၾကားရွိ အမ်ိဳးသား ၁၆ ဦး ႏွင့္ အမ်ိဳးသမီး ၄ ဦးကို ဖမ္းမိခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

ဖမ္းဆီးခံရေသာ ျမန္မာႏိုင္ငံသားမ်ားက ၎တို႔သည္ ျမန္မာႏိုင္ငံရွိ မတူညီေသာၿမိဳ႕မ်ားမွ လာေရာက္သူမ်ားျဖစ္ၿပီး မေလးရွားႏိုင္ငံတြင္ အလုပ္သြားလုပ္ရန္ စီစဥ္ထားေၾကာင္း၊ ထိုင္း ႏွင့္ ျမန္မာနယ္စပ္ေဒသျဖစ္ေသာ Prachuap Khiri Khan ေဒသကို ေတာလမ္းမွတဆင့္ ျဖတ္သန္းဝင္ေရာက္လာခဲ့ၿပီးေနာက္ ပြဲစားမ်ားက ပစ္ကပ္ကားျဖင့္ မေလးရွားႏွင့္ ထိုင္းနယ္စပ္ေဒသျဖစ္ေသာ ဆာဒါအိုျပည္နယ္သို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ဝန္ခံထြက္ဆိုထားသည္။

၎တို႔သည္ မေလးရွားႏိုင္ငံထဲသို႔ ပို႔ေဆာင္ေပးမည့္သူကို ေစာင့္ဆိုင္းေနခ်ိန္အတြင္း ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း၊ မေလးရွားႏိုင္ငံရွိ ေဆာက္လုပ္ေရးလုပ္ငန္း၊ ငါးဖမ္းလုပ္ငန္း၊ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္ အလုပ္လုပ္ရန္အတြက္ ပြဲစားခအျဖစ္ တစ္ဦးကိုဘတ္ ႏွစ္ေသာင္း ေပးရေၾကာင္း ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားက ဝန္ခံေျပာဆိုထား သည္။

ထိုင္းရဲတပ္ဖြဲ႕သည္အဆိုပါ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၂ဝ ဦးကို ထိုင္းႏိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္ရန္ ႀကိဳးပမ္းမႈျဖင့္ စြဲခ်က္တင္ထားၿပီး အေသးစိတ္စုံစမ္းစစ္ေဆးမႈမ်ား ထပ္မံလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။

Related news

© 2021. All rights reserved.