PPP ပါတီသည် ဒုတိယအင်အားအကြီးဆုံးပါတီဖြစ်ကြောင်း ဒေါ်သက်သက်ခိုင်ဆို

 416

သက်ပိုင် (NP News) - စက်တင်ဘာ ၂၇
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) သည် မြန်မာနိုင်ငံတွင် ဒုတိယအင်အားအကြီးဆုံးပါတီတစ်ခုဖြစ်ကြောင်း ယင်းပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောသည်။
ယနေ့ (စက်တင်ဘာ (၂၇) ရက်) တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၊ ဗိုလ်မှူးအောင်ဆန်းသူရိယအေးချို ခန်းမတွင် ပြုလုပ်သော ပါတီဝင်များတွေ့ဆုံခြင်း၊ ပါတီဝင်အဆိုပြုလွှာပေးအပ်ခြင်းနှင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအခမ်းအနားတွင် ဒေါက်တာသက်သက်ခိုင်က ယခုကဲ့သို့ ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။
“ကျွန်မတို့ပါတီဟာ အခုအချိန်မှာတော့ မြန်မာပြည်မှာ ဒုတိယအင်အားအကြီးမားဆုံးသော ပါတီဖြစ်တယ်။ ပါတီဝင် တစ်သိန်းကျော် နဲ့ ဒုတိယအင်အားအကြီးမားဆုံးသော ပါတီဖြစ်တယ်။ အရမ်းအကြီးမားကြီးတော့ မဟုတ်သေးဘူး။ သို့သော်လည်း ဒုတိယအင်အား အကြီးဆုံးဖြစ်တယ်။ ကျွန်မတို့က စုစုစည်းစည်း၊ ကျစ်ကျစ်လစ်လစ်နဲ့ဆောင်ရွက်တဲ့ပါတီဖြစ်တယ်။ Solid ဖြစ်တဲ့ ပါတီဖြစ်တယ် ” ဟု ၎င်းက ပြောခဲ့သည်။
ထို့ပြင် စည်းစနစ်ကျသည့်အတွက်လည်း ပြည်ထောင်စုတစ်ဝှမ်းလုံးတွင် ယှဉ်ပြိင်မည့် ပါတီများဖြင့်လည်း မားမားမတ်မတ် ခိုင်ခိုင်မာမာရပ်တည်နေနိုင်ပြီဖြစ်ကြောင်း နှင့် ပါတီဝင်များအား တန်းတူရည်တူဆက်ဆံလျက်ရှိသည်ဟုလည်း ဒေါက်တာသက်သက်ခိုင်က ဆိုသည်။
PPP ပါတီအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း (၆၇၂) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင် (၁၉၃) ဦး ၊ အမျိုးသားလွှတ်တော်တွင် (၁၄၅) ဦးနှင့် ပြည်ထောင်စုလွှတ်တော်တွင် (၃၉၈) ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း နှင့် တိုင်းနှင့် ပြည်နယ်အားလုံးတွင် ကိုယ်စားလှယ်ပေါင်း (၃၂၀) ၊ တိုင်းရင်းသားကိုယ်စားလှယ်လောင်း (၂၉) နေရာရှိသည့်အနက် (၂၄) နေရာကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
PPP ပါတီသည္ ဒုတိယအင္အားအႀကီးဆုံးပါတီျဖစ္ေၾကာင္း ေဒၚသက္သက္ခိုင္ဆို
သက္ပိုင္ (NP News) - စက္တင္ဘာ ၂၇
ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP) သည္ ျမန္မာႏိုင္ငံတြင္ ဒုတိယအင္အားအႀကီးဆုံးပါတီတစ္ခုျဖစ္ေၾကာင္း ယင္းပါတီ၏ ဥကၠ႒ ေဒါက္တာသက္သက္ခိုင္က ေျပာသည္။
ယေန႔ (စက္တင္ဘာ (၂၇) ရက္) တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ တြံေတးၿမိဳ႕၊ ဗိုလ္မႉးေအာင္ဆန္းသူရိယေအးခ်ိဳ ခန္းမတြင္ ျပဳလုပ္ေသာ ပါတီဝင္မ်ားေတြ႕ဆုံျခင္း၊ ပါတီဝင္အဆိုျပဳလႊာေပးအပ္ျခင္းႏွင့္ အခမဲ့ က်န္းမာေရးေစာင့္ေရွာက္မႈေပးျခင္းအခမ္းအနားတြင္ ေဒါက္တာသက္သက္ခိုင္က ယခုကဲ့သို႔ ထည့္သြင္းေျပာၾကားလိုက္ျခင္းျဖစ္သည္။
“ကြၽန္မတို႔ပါတီဟာ အခုအခ်ိန္မွာေတာ့ ျမန္မာျပည္မွာ ဒုတိယအင္အားအႀကီးမားဆုံးေသာ ပါတီျဖစ္တယ္။ ပါတီဝင္ တစ္သိန္းေက်ာ္ နဲ႔ ဒုတိယအင္အားအႀကီးမားဆုံးေသာ ပါတီျဖစ္တယ္။ အရမ္းအႀကီးမားႀကီးေတာ့ မဟုတ္ေသးဘူး။ သို႔ေသာ္လည္း ဒုတိယအင္အား အႀကီးဆုံးျဖစ္တယ္။ ကြၽန္မတို႔က စုစုစည္းစည္း၊ က်စ္က်စ္လစ္လစ္နဲ႔ေဆာင္႐ြက္တဲ့ပါတီျဖစ္တယ္။ Solid ျဖစ္တဲ့ ပါတီျဖစ္တယ္ ” ဟု ၎က ေျပာခဲ့သည္။
ထို႔ျပင္ စည္းစနစ္က်သည့္အတြက္လည္း ျပည္ေထာင္စုတစ္ဝွမ္းလုံးတြင္ ယွဥ္ၿပိင္မည့္ ပါတီမ်ားျဖင့္လည္း မားမားမတ္မတ္ ခိုင္ခိုင္မာမာရပ္တည္ေနႏိုင္ၿပီျဖစ္ေၾကာင္း ႏွင့္ ပါတီဝင္မ်ားအား တန္းတူရည္တူဆက္ဆံလ်က္ရွိသည္ဟုလည္း ေဒါက္တာသက္သက္ခိုင္က ဆိုသည္။
PPP ပါတီအေနျဖင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ကိုယ္စားလွယ္ေလာင္း (၆၇၂) ဦး ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ၿပီး ျပည္သူ႔လႊတ္ေတာ္တြင္ (၁၉၃) ဦး ၊ အမ်ိဳးသားလႊတ္ေတာ္တြင္ (၁၄၅) ဦးႏွင့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ (၃၉၈) ဦးဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း ႏွင့္ တိုင္းႏွင့္ ျပည္နယ္အားလုံးတြင္ ကိုယ္စားလွယ္ေပါင္း (၃၂၀) ၊ တိုင္းရင္းသားကိုယ္စားလွယ္ေလာင္း (၂၉) ေနရာရွိသည့္အနက္ (၂၄) ေနရာကို ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.