ရုရှားကိုပြစ်တင်ရှုတ်ချသည့်စာတမ်းကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ(၃၆)နိုင်ငံကသာ ထောက်ခံ

254

Pika (NP News) - စက်တင်ဘာ ၂၇
ရုရှားကို ပြစ်တင်ရှုတ်ချသည့် ယူကရိန်းနှင့် ဥရောပသမဂ္ဂတို့၏ ပူးတွဲထုတ်ပြန်ချက်ကို ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံ (၁၉၃)နိုင်ငံတွင် (၃၆)နိုင်ငံကသာ ထောက်ခံခဲ့ကြောင်းသိရသည်။ အဆိုပါ ပူးတွဲထုတ်ပြန်ချက်ကို အမေရိကန်နိုင်ငံက လည်း သိသိသာသာ ရှောင်နေခဲ့ကြောင်းသိရသည်။ ဥရောပသမဂ္ဂနိုင်ငံခြားရေးဆိုင်ရာအကြီးအကဲ ကာဂျာကဲ လက်စ်နှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရေးဆီဘီဂါတို့ တင်ပြခဲ့သောစာတမ်းတွင် ယူကရိန်းအပေါ် ရုရှား၏လုပ်ရပ်များ သည် ကုလသမဂ္ဂ၏အခြေခံဥပဒေများကို ပြောင်ပြောင်တင်းတင်းချိုး ဖောက်နေခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထား သည်။
အဆိုပါစာတမ်းထဲတွင် ရုရှားအပေါ် အမြင့်ဆုံးဖိအားပေးမှုများလုပ်ဆောင်ရန်နှင့် နိုင်ငံတကာအသိအမှတ်ပြု နယ်နိမိတ်အတွင်း ယူကရိန်း၏ နယ်မြေအချုပ်အခြာအာဏာကိုထောက်ခံရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆို ထားကြောင်း လည်းသိရသည်။ ယင်းပူးတွဲထုတ်ပြန်ချက်ကို ဟန်ဂေရီနိုင်ငံမှလွဲ၍ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၂၆)နိုင်ငံ က ထောက်ခံထားပြီး အယ်လ်ဘေးနီးယား၊ အန်ဒိုရာ၊ ဩစတြေးလျ၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ကနေဒါ၊ ဂျပန်၊ မိုနာကို၊ နယူးဇီလန်၊ နော်ဝေးနှင့် ဗြိတိန်နိုင်ငံတို့ကလည်း ထောက်ခံခဲ့ကြောင်းသိရ သည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလတုန်းကလည်း ယူကရိန်းနှင့် ၎င်း၏ဥရောပသမဂ္ဂကျောထောက် နောက်ခံနိုင်ငံများက ရေးဆွဲခဲ့သော ရုရှားဆန့်ကျင် ရေးစာတမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ငြင်းဆန်ပယ်ချခဲ့ကြောင်းသိရသည်။ ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပွားခဲ့သည်မှာ အချိန်(၃)နှစ်ကျော် ကြာမြင့် နေပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ နှစ်နိုင်ငံ စလုံးက သိသာထင်ရှားသောသဘောတူညီချက်များကို ရယူနိုင်ခြင်းမျိုးမရှိသေးကြောင်းသိရသည်။
ရုရှားနှင့်ယူကရိန်းတို့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သော် လည်း အကျဉ်း သားအပြန်အလှန်လဲလှယ်ရေးနှင့် သေဆုံးခဲ့သောစစ်သားများ၏ ရုပ်အလောင်းများ အပြန်အလှန်ပေးအပ်ရေး သဘော တူညီချက်များကိုသာ ရယူနိုင်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
႐ုရွားကိုျပစ္တင္ရႈတ္ခ်သည့္စာတမ္းကို ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံ(၃၆)ႏိုင္ငံကသာ ေထာက္ခံ
Pika (NP News) - စက္တင္ဘာ ၂၇
႐ုရွားကို ျပစ္တင္ရႈတ္ခ်သည့္ ယူကရိန္းႏွင့္ ဥေရာပသမဂၢတို႔၏ ပူးတြဲထုတ္ျပန္ခ်က္ကို ကုလသမဂၢအဖြဲ႕ ဝင္ႏိုင္ငံ (၁၉၃)ႏိုင္ငံတြင္ (၃၆)ႏိုင္ငံကသာ ေထာက္ခံခဲ့ေၾကာင္းသိရသည္။ အဆိုပါ ပူးတြဲထုတ္ျပန္ခ်က္ကို အေမရိကန္ႏိုင္ငံက လည္း သိသိသာသာ ေရွာင္ေနခဲ့ေၾကာင္းသိရသည္။ ဥေရာပသမဂၢႏိုင္ငံျခားေရးဆိုင္ရာအႀကီးအကဲ ကာဂ်ာကဲ လက္စ္ႏွင့္ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး အန္ဒေရးဆီဘီဂါတို႔ တင္ျပခဲ့ေသာစာတမ္းတြင္ ယူကရိန္းအေပၚ ႐ုရွား၏လုပ္ရပ္မ်ား သည္ ကုလသမဂၢ၏အေျခခံဥပေဒမ်ားကို ေျပာင္ေျပာင္တင္းတင္းခ်ိဳး ေဖာက္ေနျခင္းျဖစ္ေၾကာင္း ေရးသားေဖာ္ျပထား သည္။
အဆိုပါစာတမ္းထဲတြင္ ႐ုရွားအေပၚ အျမင့္ဆုံးဖိအားေပးမႈမ်ားလုပ္ေဆာင္ရန္ႏွင့္ ႏိုင္ငံတကာအသိအမွတ္ျပဳ နယ္နိမိတ္အတြင္း ယူကရိန္း၏ နယ္ေျမအခ်ဳပ္အျခာအာဏာကိုေထာက္ခံရန္ ႏိုင္ငံတကာအသိုင္းအဝိုင္းကို ေတာင္းဆို ထားေၾကာင္း လည္းသိရသည္။ ယင္းပူးတြဲထုတ္ျပန္ခ်က္ကို ဟန္ေဂရီႏိုင္ငံမွလြဲ၍ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံ (၂၆)ႏိုင္ငံ က ေထာက္ခံထားၿပီး အယ္လ္ေဘးနီးယား၊ အန္ဒိုရာ၊ ဩစေၾတးလ်၊ ေဘာ့စနီးယားႏွင့္ ဟာဇီဂိုဗီးနား၊ ကေနဒါ၊ ဂ်ပန္၊ မိုနာကို၊ နယူးဇီလန္၊ ေနာ္ေဝးႏွင့္ ၿဗိတိန္ႏိုင္ငံတို႔ကလည္း ေထာက္ခံခဲ့ေၾကာင္းသိရ သည္။
ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလတုန္းကလည္း ယူကရိန္းႏွင့္ ၎၏ဥေရာပသမဂၢေက်ာေထာက္ ေနာက္ခံႏိုင္ငံမ်ားက ေရးဆြဲခဲ့ေသာ ႐ုရွားဆန႔္က်င္ ေရးစာတမ္းကို ကုလသမဂၢလုံၿခဳံေရးေကာင္စီက ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္းသိရသည္။ ႐ုရွား-ယူကရိန္း စစ္ပြဲျဖစ္ပြားခဲ့သည္မွာ အခ်ိန္(၃)ႏွစ္ေက်ာ္ ၾကာျမင့္ ေနၿပီျဖစ္ေသာ္လည္း လက္ရွိအခ်ိန္အထိ ႏွစ္ႏိုင္ငံ စလုံးက သိသာထင္ရွားေသာသေဘာတူညီခ်က္မ်ားကို ရယူႏိုင္ျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။
႐ုရွားႏွင့္ယူကရိန္းတို႔သည္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားကို အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့ေသာ္ လည္း အက်ဥ္း သားအျပန္အလွန္လဲလွယ္ေရးႏွင့္ ေသဆုံးခဲ့ေသာစစ္သားမ်ား၏ ႐ုပ္အေလာင္းမ်ား အျပန္အလွန္ေပးအပ္ေရး သေဘာတူညီခ်က္မ်ားကိုသာ ရယူႏိုင္ခဲ့ေၾကာင္းသိရသည္။