ယနေ့မှစ၍ အောက်တိုဘာလ (၃) ရက်အထိ ဒေသအလိုက်မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးဇလ သတိပေး

 337

သက်ပိုင် (NP News) - စက်တင်ဘာ ၂၇
ယနေ့ (စက်တင်ဘာလ ၂၇ ရက်) မှစ၍ အောက်တိုဘာလ (၃) ရက်အထိ ဒေသအလိုက်မိုးကြီးခြင်း များဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည်။
တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့်လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်”(BUALOI)မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေထု မငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက် နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက သတိပေးထားသည်။
ထို့ပြင် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်အထိ တိုက်ခတ်နိုင်ကြောင်းနှင့် လှိုင်းအမြင့်မှာ (၁၀) ပေမှ (၁၂) ပေခန့်အထိ ရှိနိုင်ကြောင်း သတိပေးထားသည်။
ယင်းအပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည့်အတွက် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် မိုးဇလက သတိပေးထားသည်။

Zawgyi Version:
ယေန႔မွစ၍ ေအာက္တိုဘာလ (၃) ရက္အထိ ေဒသအလိုက္မိုးႀကီးျခင္းမ်ားျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလ သတိေပး
သက္ပိုင္ (NP News) - စက္တင္ဘာ ၂၇
ယေန႔ (စက္တင္ဘာလ ၂၇ ရက္) မွစ၍ ေအာက္တိုဘာလ (၃) ရက္အထိ ေဒသအလိုက္မိုးႀကီးျခင္း မ်ားျဖစ္ေပၚႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ သတိေပးခ်က္ထုတ္ျပန္ထားသည္။
တိုင္းထြာခ်က္မ်ားအရ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ မုတ္သုံေလ အားေကာင္းေနျခင္းေၾကာင့္လည္းေကာင္း၊ ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္ ျဖစ္ေပၚေနေသာ တိုင္ဖြန္းမုန္တိုင္း “ဘူအလြိဳင္”(BUALOI)မွ ျပတ္ထြက္လာေသာ တိမ္တိုက္မ်ားေၾကာင့္လည္းေကာင္း၊ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ ေလထု မၿငိမ္မသက္မႈမ်ား ျဖစ္ေပၚလာႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ထို႔ေၾကာင့္ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္ ႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တို႔တြင္ ေနရာက်ဲက်ဲႏွင့္ ေနျပည္ေတာ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္ ႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္း) တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး အခ်ိဳ႕ေဒသမ်ားတြင္ ေဒသအလိုက္ ႏွင့္ ေနရာကြက္၍ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလက သတိေပးထားသည္။
ထို႔ျပင္ ျမန္မာ့ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး လႈိင္းႀကီးႏိုင္ကာ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ (၃၅) မိုင္အထိ တိုက္ခတ္ႏိုင္ေၾကာင္းႏွင့္ လႈိင္းအျမင့္မွာ (၁၀) ေပမွ (၁၂) ေပခန္႔အထိ ရွိႏိုင္ေၾကာင္း သတိေပးထားသည္။
ယင္းအျပင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္း၊ မိုးသီးေႂကြျခင္း၊ လွ်ပ္တစ္ျပက္ေရႀကီးျခင္းႏွင့္ ေျမၿပိဳျခင္းစသည့္ သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ေပၚႏိုင္သည့္အတြက္ အဆိုပါေဒသမ်ားရွိ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္ ၾကသူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္၊ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ ေရလွ်ံမႈမ်ားကို ႀကိဳတင္သတိျပဳေရွာင္ရွားႏိုင္ရန္ႏွင့္ ျပည္တြင္းေရေၾကာင္းသြားလာေရး၊ ေလေၾကာင္းပ်ံသန္းေရးႏွင့္ ဆည္ေျမာင္းတာတမံမ်ားအေနျဖင့္ လိုအပ္သည္မ်ား ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ထားၾကရန္ မိုးဇလက သတိေပးထားသည္။

Related news

© 2021. All rights reserved.