နှစ်စဉ် ချောင်းရေတိုက်စားသောဒဏ်ကို ခံနေရသည့် နေပြည်တော်ကောင်စီနယ်မြေမှ ကျေးရွာ တစ်ရွာက ရွာပြောင်းခွင့်ရရှိရန် ကြိုးပမ်းနေ

 489

စော (NP News)- စက်တင်ဘာ ၂၇
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်သေချောင်းနှင့် ကြက်မြှောင်ချောင်းကြားတွင် တည်ရှိပြီး နှစ်စဉ် ချောင်းရေ တိုက်စားသောဒဏ်ကို ခံနေရအတွက် ယင်းရွာတွင် နေထိုင်သူများက ရွာပြောင်းရွေ့ခွင့် ရရှိရန် ကြိုးမ်းနေကြောင်း သိရသည်။
အဆိုပါ ကျေးရွာ၏ အမည်မှာ ကုလားရွာဖြစ်ကာ ပြီးခဲ့သည့်ရက်ပိုင်းက ရွာ၏ အနောက်ဘက်ဖြစ်သော ကြက်မြှောင်ချောင်းမှ ချောင်းရေမြင့်တက်လာကြောင့် လမ်းများလည်းထိခိုက်ပျက်စီးခဲ့သည့်အပြင် လူနေအိမ်တစ်လုံးရေစီးထဲမျောပါသွားခဲ့ပြီး အိမ် (၃)လုံးခန့်ကို ဖျက်ထားရကြောင်း သိရသည်။
“ကျွန်တော်တို့ရွာတွေကတော့ နှစ်တိုင်းပဲ ကြုံနေရတာ။ မိုးရွာမှာကိုကြောက်နေတာ။ မိုးတွေရွာလို့ချောင်းနှစ်ချောင်းက ညှပ်ပြီးစားတဲ့အခါကျတော့ နှစ်တိုင်းနှစ်တိုင်းကတော့ ကြုံနေရတာ။ ကျွန်တော်တို့ရွာက ပုဗ္ဗသီရိမြို့နယ်မှာပဲရှိတာ လူအသိအပေါက်နည်းတယ်။ မြေကာလေးတွေ၊ မြောတိုင်လေးတွေ ရိုက်ထားတာတော့ရှိတယ်။ ဒါပေမဲ့ တစ်ခါတစ်လေကျတော့ သူက ခဏလောက် အထိန်းလောက်ကို ရိုက်လဲ မြောတိုင်တွေလည်း ကျွတ်ပြီးပါကုန်တာပေါ့။ အရင်နည်းနည်းလာရိုက်တယ်။ တစ်ခါကျွတ်ပါသွား။ တစ်ခါပြန်ဖာခဲ့တယ်။ တစ်ခါပြန်ဖာခဲ့တာလည်း အခုပြန်ကျွတ်ပါ။ အဲဒီလိုဖြစ်နေ ပြီးတော့ ရွာအတိုင်းကလည်း တောင်မြောက်က အရှည်ကြီးကို”ဟု ဒေသခံတစ်ဦးက ပြောသည်။
မိုးရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်လာကာ ကမ်းပါးများ ရေစားခြင်းကြောင့် လူနေအိမ်များ၊လမ်းများပျက်စီးမှုကို ရွာသူ၊ရွာသားများ နှစ်စဉ်၊ နှစ်တိုင်းသိသိသာသာခံစားနေရကြောင်း ၎င်းကဆိုသည်။
“အခြားနေရာမှာကျွန်တော်တို့ရွာသူရွာသားတွေ စုပြီး ဝယ်ထားတဲ့မြေကွက်လပ်ရှိတယ်။ အဲဒီကွက်လပ်ကို ရွာမြေကျဖို့ စာတွေ တင်ထားတာရှိတယ်။ အဲဒါကို မြန်မြန်ဆန်ဆန်နဲ့ ဒီနှစ် အခါလည်သွားပြီဆိုတော့ ဒီသက်တမ်းမှာပဲ ရွာသားတွေဒုက္ခရောက်နေတော့ အဆင်ပြေရွေ့ပြောင်းစေချင်တာ”ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါကုလားရွာတွင် အိမ်ထောင်စုပေါင်း (၁၆၈)စု ရှိပြီး ယင်းချောင်းနှစ်ချောင်းအကွာအဝေးသည် ပေ (၅၀၀)ခန့်သာရှိကြောင်း သိရသည်။
ပြီးခဲသည့်နှစ်တွင် ချောင်းရေမြင့်တက်ခဲ့ပြီး ရေတိုက်စားမှုကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး လူနေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ႏွစ္စဥ္ ေခ်ာင္းေရတိုက္စားေသာဒဏ္ကို ခံေနရသည့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမမွ ေက်း႐ြာ တစ္႐ြာက ႐ြာေျပာင္းခြင့္ရရွိရန္ ႀကိဳးပမ္းေန
ေစာ (NP News)- စက္တင္ဘာ ၂၇
ေနျပည္ေတာ္၊ ပုဗၺသီရိၿမိဳ႕နယ္၊ ဆင္ေသေခ်ာင္းႏွင့္ ၾကက္ေျမႇာင္ေခ်ာင္းၾကားတြင္ တည္ရွိၿပီး ႏွစ္စဥ္ ေခ်ာင္းေရ တိုက္စားေသာဒဏ္ကို ခံေနရအတြက္ ယင္း႐ြာတြင္ ေနထိုင္သူမ်ားက ႐ြာေျပာင္းေ႐ြ႕ခြင့္ ရရွိရန္ ႀကိဳးမ္းေနေၾကာင္း သိရသည္။
အဆိုပါ ေက်း႐ြာ၏ အမည္မွာ ကုလား႐ြာျဖစ္ကာ ၿပီးခဲ့သည့္ရက္ပိုင္းက ႐ြာ၏ အေနာက္ဘက္ျဖစ္ေသာ ၾကက္ေျမႇာင္ေခ်ာင္းမွ ေခ်ာင္းေရျမင့္တက္လာေၾကာင့္ လမ္းမ်ားလည္းထိခိုက္ပ်က္စီးခဲ့သည့္အျပင္ လူေနအိမ္တစ္လုံးေရစီးထဲေမ်ာပါသြားခဲ့ၿပီး အိမ္ (၃)လုံးခန႔္ကို ဖ်က္ထားရေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔႐ြာေတြကေတာ့ ႏွစ္တိုင္းပဲ ႀကဳံေနရတာ။ မိုး႐ြာမွာကိုေၾကာက္ေနတာ။ မိုးေတြ႐ြာလို႔ေခ်ာင္းႏွစ္ေခ်ာင္းက ညႇပ္ၿပီးစားတဲ့အခါက်ေတာ့ ႏွစ္တိုင္းႏွစ္တိုင္းကေတာ့ ႀကဳံေနရတာ။ ကြၽန္ေတာ္တို႔႐ြာက ပုဗၺသီရိၿမိဳ႕နယ္မွာပဲရွိတာ လူအသိအေပါက္နည္းတယ္။ ေျမကာေလးေတြ၊ ေျမာတိုင္ေလးေတြ ႐ိုက္ထားတာေတာ့ရွိတယ္။ ဒါေပမဲ့ တစ္ခါတစ္ေလက်ေတာ့ သူက ခဏေလာက္ အထိန္းေလာက္ကို ႐ိုက္လဲ ေျမာတိုင္ေတြလည္း ကြၽတ္ၿပီးပါကုန္တာေပါ့။ အရင္နည္းနည္းလာ႐ိုက္တယ္။ တစ္ခါကြၽတ္ပါသြား။ တစ္ခါျပန္ဖာခဲ့တယ္။ တစ္ခါျပန္ဖာခဲ့တာလည္း အခုျပန္ကြၽတ္ပါ။ အဲဒီလိုျဖစ္ေန ၿပီးေတာ့ ႐ြာအတိုင္းကလည္း ေတာင္ေျမာက္က အရွည္ႀကီးကို”ဟု ေဒသခံတစ္ဦးက ေျပာသည္။
မိုး႐ြာသြန္းမႈေၾကာင့္ ေခ်ာင္းေရျမင့္တက္လာကာ ကမ္းပါးမ်ား ေရစားျခင္းေၾကာင့္ လူေနအိမ္မ်ား၊လမ္းမ်ားပ်က္စီးမႈကို ႐ြာသူ၊႐ြာသားမ်ား ႏွစ္စဥ္၊ ႏွစ္တိုင္းသိသိသာသာခံစားေနရေၾကာင္း ၎ကဆိုသည္။
“အျခားေနရာမွာကြၽန္ေတာ္တို႔႐ြာသူ႐ြာသားေတြ စုၿပီး ဝယ္ထားတဲ့ေျမကြက္လပ္ရွိတယ္။ အဲဒီကြက္လပ္ကို ႐ြာေျမက်ဖို႔ စာေတြ တင္ထားတာရွိတယ္။ အဲဒါကို ျမန္ျမန္ဆန္ဆန္နဲ႔ ဒီႏွစ္ အခါလည္သြားၿပီဆိုေတာ့ ဒီသက္တမ္းမွာပဲ ႐ြာသားေတြဒုကၡေရာက္ေနေတာ့ အဆင္ေျပေ႐ြ႕ေျပာင္းေစခ်င္တာ”ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါကုလား႐ြာတြင္ အိမ္ေထာင္စုေပါင္း (၁၆၈)စု ရွိၿပီး ယင္းေခ်ာင္းႏွစ္ေခ်ာင္းအကြာအေဝးသည္ ေပ (၅၀၀)ခန႔္သာရွိေၾကာင္း သိရသည္။
ၿပီးခဲသည့္ႏွစ္တြင္ ေခ်ာင္းေရျမင့္တက္ခဲ့ၿပီး ေရတိုက္စားမႈေၾကာင့္ လူသုံးဦးေသဆုံးခဲ့ၿပီး လူေနအိမ္မ်ားလည္း ပ်က္စီးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.