နစကဥက္ကဋ္ဌ နှင့် ကူဝိတ်နိုင်ငံဝန်ကြီးချုပ်တို့ နှစ်နိုင်ငံအရေးကိစ္စရပ်များကို တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

902

မျိုးကြီး (NP News) - ဇူလိုင် ၆
နစကဥက္ကဋ္ဌ နှင့် ကူဝိတ်နိုင်ငံဝန်ကြီးချုပ်တို့အကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကူဝိတ်နိုင်ငံဝန်ကြီးချုပ် His Highness Sheikh Ahmad Nawaf Al-Ahmad Al-Sabah တို့သည် ယမန်နေ့(ဇူလိုင်လ ၅ ရက်)တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဆွေးနွေးရာ၌ နှစ်နိုင်ငံချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့်ဆက်ဆံမှုများ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသော H.E.Mr.Mubarak M A ALadwani သည် ၎င်း၏ သံအမတ်ခန့်အပ်လွှာကို နစကဥက္ကဋ္ဌထံသို့ လာရောက်ပေးအပ်ခဲ့ဖူးသည်။
၎င်းကဲ့သို့ သံအမတ်ခန့်အပ်ပေးပွဲ၌ နစကဥက္ကဋ္ဌ နှင့် ကူဝိတ်သံအမတ်ကြီးတို့အကြား နှစ်နိုင်ငံအပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ၊ ကုန်သွယ်မှုမြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းများတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့အကြားတွင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်ကဏ္ဍတို့တွင်လည်း နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးထားကြောင်း သိရသည်။
zawgyi version
နစကဥကၠ႒ ႏွင့္ ကူဝိတ္ႏိုင္ငံဝန္ႀကီးခ်ဳပ္တို႔ ႏွစ္ႏိုင္ငံအေရးကိစၥရပ္မ်ားကို တယ္လီဖုန္းျဖင့္ ဆက္သြယ္ေဆြးေႏြး
မ်ိဳးႀကီး (NP News) - ဇူလိုင္ ၆
နစကဥကၠ႒ ႏွင့္ ကူဝိတ္ႏိုင္ငံဝန္ႀကီးခ်ဳပ္တို႔အၾကား ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ေရးကိစၥရပ္မ်ားကို တယ္လီဖုန္းျဖင့္ ဆက္သြယ္ေဆြးေႏြးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ကူဝိတ္ႏိုင္ငံဝန္ႀကီးခ်ဳပ္ His Highness Sheikh Ahmad Nawaf Al-Ahmad Al-Sabah တို႔သည္ ယမန္ေန႔(ဇူလိုင္လ ၅ ရက္)တြင္ ဖုန္းျဖင့္ ဆက္သြယ္ေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ေဆြးေႏြးရာ၌ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး၊ ပူးေပါင္းေဆာင္႐ြက္ေရးႏွင့္ဆက္ဆံမႈမ်ား တိုးျမႇင့္ေရးဆိုင္ရာကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလ ၂၄ ရက္တြင္ ျမန္မာႏိုင္ငံဆိုင္ရာ ကူဝိတ္ႏိုင္ငံသံအမတ္ႀကီးအျဖစ္ ခန႔္အပ္ခံရေသာ H.E.Mr.Mubarak M A ALadwani သည္ ၎၏ သံအမတ္ခန႔္အပ္လႊာကို နစကဥကၠ႒ထံသို႔ လာေရာက္ေပးအပ္ခဲ့ဖူးသည္။
၎ကဲ့သို႔ သံအမတ္ခန႔္အပ္ေပးပြဲ၌ နစကဥကၠ႒ ႏွင့္ ကူဝိတ္သံအမတ္ႀကီးတို႔အၾကား ႏွစ္ႏိုင္ငံအျပန္အလွန္ခ်စ္ၾကည္ေရးခရီးစဥ္မ်ား၊ ကုန္သြယ္မႈျမႇင့္တင္ေဆာင္႐ြက္ေရးဆိုင္ရာကိစၥရပ္မ်ား၊ ခရီးသြားလုပ္ငန္းမ်ားတိုးတက္ေရးအတြက္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာကိစၥရပ္မ်ားကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံႏွင့္ ကူဝိတ္ႏိုင္ငံတို႔အၾကားတြင္ ကုန္သြယ္မႈ၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ စြမ္းအင္က႑တို႔တြင္လည္း ႏွစ္ႏိုင္ငံအက်ိဳးတူပူးေပါင္းေဆာင္႐ြက္မည့္ကိစၥရပ္မ်ားကိုလည္း ေဆြးေႏြးထားေၾကာင္း သိရသည္။