ရွေးကောက်ပွဲကိုအတတ်နိုင်ဆုံး ဝန်းရံပံ့ပိုးကူညီမည်ဟု DKBA အတိအလင်း စာထုတ်

 205

သန့်ဇင် (NP News) - စက်တင်ဘာ ၁၁
လာမည့်ပါတီစုံအထွေထွေရွးကောက်ပွဲကိုအတတ်နိုင်ဆုံး ဝန်းရံပံ့ပိုးကူညီမည်ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်( DKBA ) က ယနေ့ စက်တင်ဘာ (၁၁)ရက်တွင် အတိအလင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့်ပဋိပက္ခများအား စစ်ရေးနည်းဖြင့် အဖြေရှာခြင်းထက် တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းဖြင့်သာ အဖြေမှန်ကို ရှာဖွေနိုင်မည်ဟု ယုံကြည်‌ကြောင်း DKBA က ထုတ်ပြန်ထားသည်။
လက်ရှိ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်မှ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲသည် နိုင်ငံတော်၏ အနာဂတ်ကိုရှေးရှုပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူ့ကိုယ်စားလှယ်ရွေးချယ်ခြင်းဖြစ်ပါသဖြင့် ပြည်သူများအား အတတ်နိုင်ဆုံး ဝန်းရံပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း DKBA က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်ကလည်း DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ဒေသအတွင်းပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် DKBA စစ်ရေးချုပ်ဖြစ်သူ စောစိန်ဝင်းက အထက်ပါကဲ့သို့ပြောဆိုခဲ့ဖူးသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲကိုအတတ္ႏိုင္ဆုံး ဝန္းရံပံ့ပိုးကူညီမည္ဟု DKBA အတိအလင္း စာထုတ္
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၁
လာမည့္ပါတီစုံအေထြေထြ႐ြးေကာက္ပြဲကိုအတတ္ႏိုင္ဆုံး ဝန္းရံပံ့ပိုးကူညီမည္ျဖစ္ေၾကာင္း ဒီမိုကေရစီအက်ိဳးျပဳကရင္တပ္မေတာ္( DKBA ) က ယေန႔ စက္တင္ဘာ (၁၁)ရက္တြင္ အတိအလင္းထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
လက္ရွိျမန္မာႏိုင္ငံတြင္ ျဖစ္ပြားေနသည့္ပဋိပကၡမ်ားအား စစ္ေရးနည္းျဖင့္ အေျဖရွာျခင္းထက္ ေတြ႕ဆုံညႇိႏႈိင္းအေျဖရွာျခင္းျဖင့္သာ အေျဖမွန္ကို ရွာေဖြႏိုင္မည္ဟု ယုံၾကည္‌ေၾကာင္း DKBA က ထုတ္ျပန္ထားသည္။
လက္ရွိ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္မွ က်င္းပျပဳလုပ္မည့္ အေထြေထြေ႐ြးေကာက္ပြဲသည္ ႏိုင္ငံေတာ္၏ အနာဂတ္ကိုေရွးရႈၿပီး ျပဳျပင္ေျပာင္းလဲေရးအတြက္ ျပည္သူ႔ကိုယ္စားလွယ္ေ႐ြးခ်ယ္ျခင္းျဖစ္ပါသျဖင့္ ျပည္သူမ်ားအား အတတ္ႏိုင္ဆုံး ဝန္းရံပံ့ပိုးကူညီသြားမည္ျဖစ္ေၾကာင္း DKBA က ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ စက္တင္ဘာ ၆ ရက္ကလည္း DKBA ဌာနခ်ဳပ္တည္ရွိရာ ဆုံဆည္းၿမိဳင္ေဒသအတြင္းျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ DKBA စစ္ေရးခ်ဳပ္ျဖစ္သူ ေစာစိန္ဝင္းက အထက္ပါကဲ့သို႔ေျပာဆိုခဲ့ဖူးသည္။

Related news

© 2021. All rights reserved.