ပါတီစုံအထွေထွေရွေးကောက်ပွဲကို အကြမ်းဖျင်းအားဖြင့် သုံးပိုင်းခွဲကာ ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းတွင် ပထမအကြိမ် မဲစာရင်း ကပ်မည်

350

သုတကျော်၊ သန့်ဇင် (NP News) - စက်တင်ဘာ ၁၁
ပါတီစုံအထွေထွေရွေးကောက်ပွဲကို အကြမ်းဖျင်းအားဖြင့် သုံးပိုင်းခွဲကာ ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းတွင် ပထမအကြိမ် မဲစာရင်းကပ်မည်ဖြစ်ကြောင်း ယနေ့ (စက်တင်ဘာလ ၁၁ ရက်) နေ့လယ်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သော ရွေးကောက်ပွဲကော်မရှင်၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ရွေးကောက်ပွဲ အပိုင်း (၁) အဖြစ် ရွေးကောက်ပွဲပြုလုပ်မည့် တိုင်းဒေသကြီး နှင့် မြို့နယ် ပေါင်း ၁၀၂ မြို့နယ်စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။
“အကြမ်းဖျင်းတော့ သုံးပိုင်းဝန်းကျင်ပါ။ သုံးပိုင်းထက်များရင်လည်း လေးပိုင်းပေါ့။ ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဆောင်ရွက်မယ်။ ပါမယ့်မြို့တွေကို ကျွန်တော်တို့ ကြေညာသွားဦးမှာဖြစ်ပါတယ်။ အဲဒီတော့ တစ်ပိုင်းနဲ့တစ်ပိုင်းကိုတော့ အနည်းတစ်ပတ်ကနေ အများဆုံး နှစ်ပတ်ကြားပဲရှိမယ့်အနေအထားမျိူးဖြစ်ပါတယ်။ အဲဒီလောက်အတွင်းမှာ အပိုင်းတွေကို ဆက်ပြီးတော့ ပြီးပြတ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက မီဒီယာများကို ပြောသည်။
အပိုင်းလိုက် ဆောင်ရွက်ရာတွင် ထိုသို့ထုတ်ပြန်မည့်မြို့များ နှင့် ကျင်းပမည့်ရက်ကို အချိန်မီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အဲဒီတော့ ကျွန်တော်တို့ကတော့ ဆောင်ရွက်နိုင်တဲ့ နောက်ဆုံးအခြေအနေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆောင်ရွက်နိုင်တဲ့အထိ အပိုင်းအလိုက်မှာ အများဆုံးဆောင်ရွက်နိုင်တဲ့အနေအထားကို ရည်မှန်းပြီးတော့ ဒုတိယပိုင်း၊ တတိယပိုင်း ဒါတွေ ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဆောင်ရွက်တဲ့အရေအတွက်တွေကိုလည်း မြို့နယ်နဲ့ ရက်တွေနဲ့ အချိန်မီထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
မဲပေးပိုင်းခွင့် နှင့်ပတ်သက်၍ ပထမအကြိမ် မဲစာရင်းကို ယခု လကုန်ပိုင်းတွင် ကပ်သွားမည်ဖြစ်သည်ဟု ဦးခင်မောင်ဦးက ပြောသည်။
“ဒီလကုန်ပိုင်းမှာ ကျွန်တော်တို့ ပထမအကြိမ် မဲစာရင်းကပ်ဖို့ ရည်မှန်းထားပါတယ်။ မဲရုံအလိုက်၊ မဲဆန္ဒနယ် အလိုက်၊ မဲရုံ အလိုက် စာရင်းတွေ ပေါင်းချုပ်လိုက်ရင် စုစုပေါင်း အင်အားစာရင်း ထွက်ပေါ်လာမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version:
ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို အၾကမ္းဖ်င္းအားျဖင့္ သုံးပိုင္းခြဲကာ က်င္းပမည္ျဖစ္ၿပီး စက္တင္ဘာလကုန္ပိုင္းတြင္ ပထမအႀကိမ္ မဲစာရင္း ကပ္မည္
သုတေက်ာ္၊ သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၁
ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို အၾကမ္းဖ်င္းအားျဖင့္ သုံးပိုင္းခြဲကာ က်င္းပမည္ျဖစ္ၿပီး စက္တင္ဘာလကုန္ပိုင္းတြင္ ပထမအႀကိမ္ မဲစာရင္းကပ္မည္ျဖစ္ေၾကာင္း ယေန႔ (စက္တင္ဘာလ ၁၁ ရက္) ေန႔လယ္ပိုင္းက ေနျပည္ေတာ္တြင္ ျပဳလုပ္ေသာ ေ႐ြးေကာက္ပြဲေကာ္မရွင္၏ သတင္းစာရွင္းလင္းပြဲမွ သိရသည္။
ေ႐ြးေကာက္ပြဲ အပိုင္း (၁) အျဖစ္ ေ႐ြးေကာက္ပြဲျပဳလုပ္မည့္ တိုင္းေဒသႀကီး ႏွင့္ ၿမိဳ႕နယ္ ေပါင္း ၁၀၂ ၿမိဳ႕နယ္စာရင္းကို ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ေၾကညာထားၿပီးျဖစ္သည္။
“အၾကမ္းဖ်င္းေတာ့ သုံးပိုင္းဝန္းက်င္ပါ။ သုံးပိုင္းထက္မ်ားရင္လည္း ေလးပိုင္းေပါ့။ ေဆာင္႐ြက္သြားဖို႔ရွိပါတယ္။ ေဆာင္႐ြက္မယ္။ ပါမယ့္ၿမိဳ႕ေတြကို ကြၽန္ေတာ္တို႔ ေၾကညာသြားဦးမွာျဖစ္ပါတယ္။ အဲဒီေတာ့ တစ္ပိုင္းနဲ႔တစ္ပိုင္းကိုေတာ့ အနည္းတစ္ပတ္ကေန အမ်ားဆုံး ႏွစ္ပတ္ၾကားပဲရွိမယ့္အေနအထားမ်ိဴးျဖစ္ပါတယ္။ အဲဒီေလာက္အတြင္းမွာ အပိုင္းေတြကို ဆက္ၿပီးေတာ့ ၿပီးျပတ္ေအာင္ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္” ဟု ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ မွ ေျပာေရးဆိုခြင့္ရွိသူ ဦးခင္ေမာင္ဦးက မီဒီယာမ်ားကို ေျပာသည္။
အပိုင္းလိုက္ ေဆာင္႐ြက္ရာတြင္ ထိုသို႔ထုတ္ျပန္မည့္ၿမိဳ႕မ်ား ႏွင့္ က်င္းပမည့္ရက္ကို အခ်ိန္မီ ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
“အဲဒီေတာ့ ကြၽန္ေတာ္တို႔ကေတာ့ ေဆာင္႐ြက္ႏိုင္တဲ့ ေနာက္ဆုံးအေျခအေနကို တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ေဆာင္႐ြက္ႏိုင္တဲ့အထိ အပိုင္းအလိုက္မွာ အမ်ားဆုံးေဆာင္႐ြက္ႏိုင္တဲ့အေနအထားကို ရည္မွန္းၿပီးေတာ့ ဒုတိယပိုင္း၊ တတိယပိုင္း ဒါေတြ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ ေဆာင္႐ြက္တဲ့အေရအတြက္ေတြကိုလည္း ၿမိဳ႕နယ္နဲ႔ ရက္ေတြနဲ႔ အခ်ိန္မီထုတ္ျပန္ေပးသြားမွာျဖစ္ပါတယ္” ဟု ၎က ဆိုသည္။
မဲေပးပိုင္းခြင့္ ႏွင့္ပတ္သက္၍ ပထမအႀကိမ္ မဲစာရင္းကို ယခု လကုန္ပိုင္းတြင္ ကပ္သြားမည္ျဖစ္သည္ဟု ဦးခင္ေမာင္ဦးက ေျပာသည္။
“ဒီလကုန္ပိုင္းမွာ ကြၽန္ေတာ္တို႔ ပထမအႀကိမ္ မဲစာရင္းကပ္ဖို႔ ရည္မွန္းထားပါတယ္။ မဲ႐ုံအလိုက္၊ မဲဆႏၵနယ္ အလိုက္၊ မဲ႐ုံ အလိုက္ စာရင္းေတြ ေပါင္းခ်ဳပ္လိုက္ရင္ စုစုေပါင္း အင္အားစာရင္း ထြက္ေပၚလာမွာ ျဖစ္ပါတယ္” ဟု ၎က ေျပာသည္။