နွားထိုးကြီးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

2629

NP News - ဇူလိုင် ၇
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ကာ ဆိုင်ကယ်နှင့်ဖုန်းကို လုယက်ယူဆောင်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော(ဇူလိုင်လ ၄ ရက်)၊ ညနေ ၅နာရီအချိန်တွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မလှိုင်သွားကားလမ်းဘေး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူ အုပ်ချုပ်ရေးမှူးသည် ဖလံကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်ပြီး နေအိမ်မှ နွားထိုးကြီးမြို့သို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် အဆိုပါကားလမ်းဘေးအရောက်၌ PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဖလံကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမောင်ဌေး(၅၅)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ပြီး ၎င်းပိုင်ဆိုင်သော Click ဆိုင်ကယ်နှင့် ဖုန်း(၁)လုံးအား အထက်ပါအဖွဲ့မှ ယူဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အလားတူ ညနေ ၅ နာရီ အချိန် ဝမ်းတွင်းမြို့နယ်၊ ရုံးပင်ကုန်းကျေးရွာအနီးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင် ကျေးးရွာတာဝန်ခံတို့ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
သုံးထောင့်ကျေးရွာနေသူများဖြစ်ကြသည့် အဆိုပါအမျိုးသား(၂)ဦးသည် ကန်ပတ်လည်ကျေးရွာမှ ၎င်းတို့နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထီလာ(၅၉)နှစ်နှင့် ကျေးရွာတာဝန်ခံ ဦးနေမင်းထွန်း(ခ)မဲလေးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

zawgyi version
ႏြားထိုးႀကီးၿမိဳ႕နယ္တြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ
NP News - ဇူလိုင္ ၇
မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္တြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္ကာ ဆိုင္ကယ္ႏွင့္ဖုန္းကို လုယက္ယူေဆာင္သြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ(ဇူလိုင္လ ၄ ရက္)၊ ညေန ၅နာရီအခ်ိန္တြင္ မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္၊ မလႈိင္သြားကားလမ္းေဘး၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ေသဆုံးသူ အုပ္ခ်ဳပ္ေရးမႉးသည္ ဖလံကုန္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးျဖစ္ၿပီး ေနအိမ္မွ ႏြားထိုးႀကီးၿမိဳ႕သို႔ ဆိုင္ကယ္ျဖင့္သြားေရာက္စဥ္ အဆိုပါကားလမ္းေဘးအေရာက္၌ PDF အဖြဲ႕က ေသနတ္ျဖင့္ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဖလံကုန္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးေမာင္ေဌး(၅၅)ႏွစ္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ၿပီး ၎ပိုင္ဆိုင္ေသာ Click ဆိုင္ကယ္ႏွင့္ ဖုန္း(၁)လုံးအား အထက္ပါအဖြဲ႕မွ ယူေဆာင္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
အလားတူ ညေန ၅ နာရီ အခ်ိန္ ဝမ္းတြင္းၿမိဳ႕နယ္၊ ႐ုံးပင္ကုန္းေက်း႐ြာအနီးတြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႏွင္ ေက်းး႐ြာတာဝန္ခံတို႔ ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရေၾကာင္း သိရသည္။
သုံးေထာင့္ေက်း႐ြာေနသူမ်ားျဖစ္ၾကသည့္ အဆိုပါအမ်ိဳးသား(၂)ဦးသည္ ကန္ပတ္လည္ေက်း႐ြာမွ ၎တို႔ေနအိမ္သို႔ ဆိုင္ကယ္ျဖင့္ျပန္လာစဥ္ PDF အဖြဲ႕က ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကဆိုသည္။
ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ အဆိုပါေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးထီလာ(၅၉)ႏွစ္ႏွင့္ ေက်း႐ြာတာဝန္ခံ ဦးေနမင္းထြန္း(ခ)မဲေလးတို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။