အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် ပတ်သက်သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ကျင်းပ

 302

ဥဩ၊(NP News) ဇွန် ၁၅
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ငွေကြေးလိမ်လည်မှုများအား အချိန်မီတားဆီးရေးနှင့် အရေးယူမှုမြန်ဆန်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (Action Task Force) နှင့် ဘဏ်များပူးပေါင်း၍ အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီ တွင် ရန်ကုန်မြို နိုဗိုတယ်ဟိုတယ် ပုသိမ်ခန်းမ၌ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရသိရသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ငွေကြေးလိမ်လည်မှုများ အချိန်မီတားဆီးရေးနှင့် အရေးယူမှုမြန်ဆန်စေရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်ဌာနများဖြစ်သည့် ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်း ရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဌာနမှတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင် မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှု ဖြစ်စဉ်များ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ဆက်နွှယ်မှုများကို အများပြည်သူများ သိရှိနားလည်နိုင်စေရန်၊ သတင်းပို့အဖွဲ့အစည်းများဖြစ်သည့် ဘဏ်နှင့်ငွေရေး ကြေးရေးအဖွဲ့အစည်းများမှ ထိရောက်သည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာများ ချမှတ်နိုင်စေရန်၊ Stakeholder များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းအချက်အလက်များဖလှယ်ရာတွင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်စေရန်နှင့် လက်တွေ့တွင် ကြုံတွေ့နေရသည့် မှုခင်းဖြစ်စဉ်များကိုအခြေခံ၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများတွင် AML/CFT ဆိုင်ရာကိစ္စရပ်များ၌ ကြုံတွေ့ရသည့်စိန်ခေါ်မှုများကို ဆွေးနွေးအဖြေရှာနိုင်စေရန် ကျင်းပရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌဒေါ်သန်းသန်းဆွေ၏ ပြောကြားချက်အရသိရသည်။

Zawgyi Version:
အြန္လိုင္းေငြေၾကးလိမ္လည္မႈမ်ားႏွင့္ ပတ္သက္သည့္ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲအခမ္းအနား က်င္းပ
ဥဩ၊(NP News) ဇြန္ ၁၅
ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ေငြေၾကးလိမ္လည္မႈမ်ားအား အခ်ိန္မီတားဆီးေရးႏွင့္ အေရးယူမႈျမန္ဆန္ေရးဆိုင္ရာ လုပ္ငန္းအဖြဲ႕ (Action Task Force) ႏွင့္ ဘဏ္မ်ားပူးေပါင္း၍ အြန္လိုင္းေငြေၾကးလိမ္လည္မႈမ်ားႏွင့္ ဆက္ႏႊယ္သည့္ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲကို ယေန႔နံနက္ ၉ နာရီ တြင္ ရန္ကုန္ၿမိဳ ႏိုဗိုတယ္ဟိုတယ္ ပုသိမ္ခန္းမ၌က်င္းပခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္အရသိရသည္။
အခမ္းအနားသို႔ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒၊ ဒုတိယဥကၠ႒၊ ေငြေၾကးလိမ္လည္မႈမ်ား အခ်ိန္မီတားဆီးေရးႏွင့္ အေရးယူမႈျမန္ဆန္ေစေရးဆိုင္ရာ လုပ္ငန္းအဖြဲ႕၊ အဖြဲ႕ဝင္ဌာနမ်ားျဖစ္သည့္ ပိုေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ မႈခင္းရဲတပ္ဖြဲ႕၊ ေငြေၾကးဆိုင္ရာ စုံစမ္းေထာက္လွမ္း ေရးအဖြဲ႕၊ အထူးစုံစမ္းစစ္ေဆးေရးဌာနမွတို႔မွ တာဝန္ရွိသူမ်ား၊ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္မွ တာဝန္ရွိသူမ်ား၊ ဘဏ္မ်ား၊ မိုဘိုင္းေငြေရးေၾကးေရးဝန္ေဆာင္ မႈလုပ္ငန္းမ်ား၊ ေရာင္းခ်သူကိုယ္စား ေငြေကာက္ခံရွင္းလင္းသည့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ေၾကာင္းသိရသည္။
အဆိုပါအလုပ္႐ုံေဆြးေႏြးပြဲကို အြန္လိုင္းမွတစ္ဆင့္ ေငြေၾကးလိမ္လည္မႈ ျဖစ္စဥ္မ်ား၊ ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈ ဆက္ႏႊယ္မႈမ်ားကို အမ်ားျပည္သူမ်ား သိရွိနားလည္ႏိုင္ေစရန္၊ သတင္းပို႔အဖြဲ႕အစည္းမ်ားျဖစ္သည့္ ဘဏ္ႏွင့္ေငြေရး ေၾကးေရးအဖြဲ႕အစည္းမ်ားမွ ထိေရာက္သည့္ ႀကိဳတင္ကာကြယ္ေရးဆိုင္ရာ မဟာဗ်ဴဟာမ်ား ခ်မွတ္ႏိုင္ေစရန္၊ Stakeholder မ်ားအၾကား ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ သတင္းအခ်က္အလက္မ်ားဖလွယ္ရာတြင္ အရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္ႏိုင္ေစရန္ႏွင့္ လက္ေတြ႕တြင္ ႀကဳံေတြ႕ေနရသည့္ မႈခင္းျဖစ္စဥ္မ်ားကိုအေျခခံ၍ အြန္လိုင္းမွတစ္ဆင့္ ေငြေၾကးလိမ္လည္မႈမ်ားတြင္ AML/CFT ဆိုင္ရာကိစၥရပ္မ်ား၌ ႀကဳံေတြ႕ရသည့္စိန္ေခၚမႈမ်ားကို ေဆြးေႏြးအေျဖရွာႏိုင္ေစရန္ က်င္းပရျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥကၠဌေဒၚသန္းသန္းေဆြ၏ ေျပာၾကားခ်က္အရသိရသည္။

Related news

© 2021. All rights reserved.