မြန်မာနိုင်ငံသား ၁ဝ ဦးကို ကားမှတ်တိုင်တွင် ဖမ်းမိခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့ပြော

1566

ဂျန်ဇက် (NP News) - ဇူလိုင် ၈
မလေးရှားရဲတပ်ဖွဲ့သည် နိုင်ငံအတွင်းရောက်ရှိနေထိုင်နေသော မြန်မာနိုင်ငံသား ၁ဝ ဦးကို ပြီးခဲ့သောရက်ပိုင်းက ကား မှတ်တိုင်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
မလေးရှားရဲတပ်ဖွဲ့သည် Pasir Mas မြို့ Bandar Tasek Raja ကားမှတ်တိုင်တွင် ကားစောင့်နေသော အမျိုးသမီး သုံးဦး အပါအဝင် မလေးရှားနိုင်ငံအတွင်း တရားမဝင် နေထိုင်နေသော မြန်မာနိုင်ငံသား ၁ဝ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ် ကြောင်း Pasir Mas ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီး Kama Azural Mohamed က ပြောသည်။
စုံစမ်းစစ်ဆေးမှုများအရ ၎င်းတို့အားလုံးသည် အသက် ၁၆ နှစ် နှင့် အသက် ၄၆ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း ရဲမှူးကြီး Kama Azural Mohamed က အတည်ပြုပြောဆိုခဲ့သည်။
၎င်းက "မြန်မာနိုင်ငံသား ၁ဝ ဦးဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့ ရေလမ်းကြောင်းကနေ ဝင်ရောက်ခဲ့တယ်လို့ ဝန်ခံထားတယ်။ စုံစမ်းစစ်ဆေးရာမှာအဲဒီ မြန်မာနိုင်ငံသားအားလုံးဟာ တရားဝင် အသိအမှတ်ပြု စာရွက်စာတမ်း တွေ မပါဘူး။ ထပ်မံစုံစမ်းစစ်ဆေးဖို့အတွက် အဲဒီမြန်မာနိုင်ငံသားအားလုံးကို ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထား တယ်" ဟု ပြောသည်။
မလေးရှားရဲတပ်ဖွဲ့သည် မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သူများ ရှိနေကြောင်း သတင်းကို လက်ခံရရှိခဲ့ပြီးနောက် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အားလုံးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ချိုးဖောက်မှုဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများသည် အာဆီယံဒေသအတွင်း နိုင်ငံများဖြစ်သော မလေးရှား နှင့် ထိုင်းနိုင်ငံတို့ကို သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုများရှိနေရာ မကြာခဏ ဖမ်းဆီးခံရကြောင်း သိရသည်။
Zawgyi Version;
ျမန္မာႏိုင္ငံသား ၁ဝ ဦးကို ကားမွတ္တိုင္တြင္ ဖမ္းမိခဲ့ေၾကာင္း မေလးရွားရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၈
မေလးရွားရဲတပ္ဖြဲ႕သည္ ႏိုင္ငံအတြင္းေရာက္ရွိေနထိုင္ေနေသာ ျမန္မာႏိုင္ငံသား ၁ဝ ဦးကို ၿပီးခဲ့ေသာရက္ပိုင္းက ကား မွတ္တိုင္တြင္ ဖမ္းဆီးလိုက္ေၾကာင္း သိရသည္။
မေလးရွားရဲတပ္ဖြဲ႕သည္ Pasir Mas ၿမိဳ႕ Bandar Tasek Raja ကားမွတ္တိုင္တြင္ ကားေစာင့္ေနေသာ အမ်ိဳးသမီး သုံးဦး အပါအဝင္ မေလးရွားႏိုင္ငံအတြင္း တရားမဝင္ ေနထိုင္ေနေသာ ျမန္မာႏိုင္ငံသား ၁ဝ ဦးကို ဖမ္းမိခဲ့ျခင္းျဖစ္ ေၾကာင္း Pasir Mas ရဲတပ္ဖြဲ႕အႀကီးအကဲ ရဲမႉးႀကီး Kama Azural Mohamed က ေျပာသည္။
စုံစမ္းစစ္ေဆးမႈမ်ားအရ ၎တို႔အားလုံးသည္ အသက္ ၁၆ ႏွစ္ ႏွင့္ အသက္ ၄၆ ႏွစ္အ႐ြယ္ရွိ ျမန္မာႏိုင္ငံသားမ်ား ျဖစ္ေၾကာင္း ရဲမႉးႀကီး Kama Azural Mohamed က အတည္ျပဳေျပာဆိုခဲ့သည္။
၎က "ျမန္မာႏိုင္ငံသား ၁ဝ ဦးဟာ မေလးရွားႏိုင္ငံမွာ အလုပ္လုပ္ဖို႔ ေရလမ္းေၾကာင္းကေန ဝင္ေရာက္ခဲ့တယ္လို႔ ဝန္ခံထားတယ္။ စုံစမ္းစစ္ေဆးရာမွာအဲဒီ ျမန္မာႏိုင္ငံသားအားလုံးဟာ တရားဝင္ အသိအမွတ္ျပဳ စာ႐ြက္စာတမ္း ေတြ မပါဘူး။ ထပ္မံစုံစမ္းစစ္ေဆးဖို႔အတြက္ အဲဒီျမန္မာႏိုင္ငံသားအားလုံးကို ရဲစခန္းမွာ ဖမ္းဆီးထိန္းသိမ္းထား တယ္" ဟု ေျပာသည္။
မေလးရွားရဲတပ္ဖြဲ႕သည္ မေလးရွားႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္ေနထိုင္သူမ်ား ရွိေနေၾကာင္း သတင္းကို လက္ခံရရွိခဲ့ၿပီးေနာက္ ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ၿပီး ၎တို႔အားလုံးကို လူဝင္မႈႀကီးၾကပ္ေရးအက္ဥပေဒ ခ်ိဳးေဖာက္မႈျဖင့္ စြဲခ်က္တင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံသားမ်ားသည္ အာဆီယံေဒသအတြင္း ႏိုင္ငံမ်ားျဖစ္ေသာ မေလးရွား ႏွင့္ ထိုင္းႏိုင္ငံတို႔ကို သြားေရာက္ အလုပ္လုပ္ကိုင္ရန္အတြက္ တရားမဝင္ ဝင္ေရာက္ရန္ႀကိဳးပမ္းမႈမ်ားရွိေနရာ မၾကာခဏ ဖမ္းဆီးခံရေၾကာင္း သိရသည္။