ရုရှားက ငြိမ်းချမ်းရေးကို ပိတ်ဆို့ထားမည်ဆိုပါက အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဟု ဒေါ်နယ်ထရမ့်ခြိမ်းခြောက်

101

Pika (NP News) - သြဂုတ်လ ၁၆
ယူကရိန်းတွင်ငြိမ်းချမ်းရေးကို ရုရှားသမ္မတပူတင်က ပိတ်ဆို့ထားမည်ဆိုပါက ပြင်းထန် သည့်အကျိုးဆက် များကို ရင်ဆိုင်ရလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့သည်။ သို့သော်လည်း ပူတင်နှင့် ယူကရိန်း သမ္မတဇယ်လန်စကီးနှင့် ၎င်းတို့ပါဝင်မည့် ဒုတိယအကြိမ်မြောက်ဆွေးနွေးပွဲသည် လျင်မြန်စွာဖြစ်လာ နိုင် ကြောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ပြင် ရုရှားအနေဖြင့် မည်သည့်အကျိုးဆက်များကို ရင်ဆိုင်ရမည်ဆိုသည့် အသေးစိတ် အချက်အလက်များကို ဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။ သို့သော်လည်း ဩဂုတ်လ(၁၅)ရက်တွင် အလက်စကာ ပြည်နယ်တွင်ကျင်းပမည့် ပူတင်နှင့်ဆွေးနွေးပွဲသည် တိုးတက်မှုများမရှိခဲ့ပါက စီးပွားရေးအရပိတ်ဆို့အ ရေးယူမှုများကို ဒေါ်နယ်ထရမ့်က သတိပေးပြော ဆိုခဲ့ကြောင်းသိရသည်။
ဩဂုတ်လ(၁၅)ရက်တွင် ကျင်းပမည့် ထိပ်သီး ဆွေးနွေးပွဲအတွင်း ယူကရိန်းစစ်ပွဲကိုရပ်တန့်ရန် ပူတင်ကသဘောမတူညီခဲ့ပါက ရုရှားအနေဖြင့် အကျိုးဆက်များရင် ဆိုင်ရနိုင်သလားဆိုသည့် သတင်းထောက်များ၏ မေးခွန်းများကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့ကြောင်း သိရ သည်။ ဒေါ်နယ်ထရမ့်က “ဟုတ်ပါတယ်။ အကျိုး ဆက်တွေကို ရုရှားက ရင်ဆိုင်ရပါလိမ့်မယ်။ အဲဒါက အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေဖြစ်လာမှာပါ”ဟုပြောဆိုခဲ့သည်။
zawgyiversion
႐ုရွားက ၿငိမ္းခ်မ္းေရးကို ပိတ္ဆို႔ထားမည္ဆိုပါက အက်ိဳးဆက္မ်ားကို ရင္ဆိုင္ရလိမ့္မည္ဟု ေဒၚနယ္ထရမ့္ၿခိမ္းေျခာက္
Pika (NP News) - ၾသဂုတ္လ ၁၆
ယူကရိန္းတြင္ၿငိမ္းခ်မ္းေရးကို ႐ုရွားသမၼတပူတင္က ပိတ္ဆို႔ထားမည္ဆိုပါက ျပင္းထန္ သည့္အက်ိဳးဆက္ မ်ားကို ရင္ဆိုင္ရလိမ့္မည္ဟု အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း ပူတင္ႏွင့္ ယူကရိန္း သမၼတဇယ္လန္စကီးႏွင့္ ၎တို႔ပါဝင္မည့္ ဒုတိယအႀကိမ္ေျမာက္ေဆြးေႏြးပြဲသည္ လ်င္ျမန္စြာျဖစ္လာ ႏိုင္ ေၾကာင္း ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ထို႔ျပင္ ႐ုရွားအေနျဖင့္ မည္သည့္အက်ိဳးဆက္မ်ားကို ရင္ဆိုင္ရမည္ဆိုသည့္ အေသးစိတ္ အခ်က္အလက္မ်ားကို ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ဩဂုတ္လ(၁၅)ရက္တြင္ အလက္စကာ ျပည္နယ္တြင္က်င္းပမည့္ ပူတင္ႏွင့္ေဆြးေႏြးပြဲသည္ တိုးတက္မႈမ်ားမရွိခဲ့ပါက စီးပြားေရးအရပိတ္ဆို႔အ ေရးယူမႈမ်ားကို ေဒၚနယ္ထရမ့္က သတိေပးေျပာ ဆိုခဲ့ေၾကာင္းသိရသည္။ ဩဂုတ္လ(၁၅)ရက္တြင္ က်င္းပမည့္ ထိပ္သီး ေဆြးေႏြးပြဲအတြင္း ယူကရိန္းစစ္ပြဲကိုရပ္တန႔္ရန္ ပူတင္ကသေဘာမတူညီခဲ့ပါက ႐ုရွားအေနျဖင့္ အက်ိဳးဆက္မ်ားရင္ ဆိုင္ရႏိုင္သလားဆိုသည့္ သတင္းေထာက္မ်ား၏ ေမးခြန္းမ်ားကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့ေၾကာင္း သိရ သည္။ ေဒၚနယ္ထရမ့္က “ဟုတ္ပါတယ္။ အက်ိဳး ဆက္ေတြကို ႐ုရွားက ရင္ဆိုင္ရပါလိမ့္မယ္။ အဲဒါက အလြန္ဆိုး႐ြားတဲ့ အက်ိဳးဆက္ေတြျဖစ္လာမွာပါ”ဟုေျပာဆိုခဲ့သည္။