ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ပြော

208

ဂျန်ဇက် (NP News) - သြဂုတ်လ ၁၆
ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ယူနွတ်က ၎င်းအနေဖြင့် ဖေဖော်ဝါရီလအတွင်း ကျင်းပရန် စီစဉ် ထားသည့် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန်ရည်ရွယ်ချက်မရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ထို့ပြင် ယူနွတ်က ဘင်္ဂလား ဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံရေးလုပ်ငန်းများလည်း လုပ် ဆောင်မည်မဟုတ်ကြောင်း ပြောသည်။
ယူနွတ်က ‘ကျွန်တော့်အနေနဲ့ နိုင်ငံရေးပါတီတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်တာမျိုးရှိမှာ မဟုတ်ဘူး၊ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေကို အာရုံစိုက်လုပ်ကိုင်နေတယ်’ ဟုပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လာမည့်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရန်စီစဉ်ထားပြီး ရွေးကောက်ပွဲတွင် မဲပေးခွင့် ရှိသူ (၁၂၆) သန်းကျော်ရှိနေကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က တက္ကသိုလ်ကျောင်းသားများဦးဆောင်သော ဆန္ဒပြ ပွဲများဖြစ်လာခဲ့ပြီး နောက် ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ရာထူးမှဖြုတ်ချခံရကာ ယူနွတ်က ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရအဖွဲ့ အကြီးအကဲဖြစ် လာခဲ့ကြောင်း သိရသည်။ ယူနွတ်က ‘ရွေးကောက်ပွဲကို သန့်ရှင်း လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်လာစေအောင် ကြိုး ပမ်းမှာ ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်မယ်၊ တရားမဝင် ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော့်အလုပ်က လက်ခံနိုင် လောက်တဲ့၊ သန့်ရှင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်မြောက်ဖို့ လုပ်ဆောင်ဖို့ပါ၊ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိဖို့နဲ့ ရွေးကောက်ပွဲကျင်းပဖို့ အဓိကထားပြုပြင်ပြောင်းလဲ မယ်’ ဟုပြောသည်။
အသက် (၈၅) နှစ်အရွယ်ရှိ ယူနွတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လမ်းကြောင်းမှန်အပေါ် ပြန် လည်လျှောက် လှမ်းနိုင်ရန်လုပ်ဆောင်ရမည်ဖြစ်ပြီး နောက်ထပ်တစ်ကြိမ်လမ်းချော်ခြင်းမျိုးမဖြစ်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောသည်။ လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကိုလက်ခံထားခြင်းကြောင့် အိန္ဒိယနိုင်ငံနှင့် အငြင်းပွားမှုများရှိနေသည်။ ရှိတ်ဟာစီနာသည် ဝန်ကြီးချုပ်ရာထူးမှဖြုတ်ချခံရပြီး နောက် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ကြောင်းသိရသည်။ ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရအဖွဲ့က ရှိတ်ဟာစီနာကို လူကိုသေဆုံးစေရန် ကြိုးပမ်း များနှင့်စွဲ ချက်တင်ထားသော်လည်း ရှိတ်ဟာစီနာက ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ပြန်လာကာ အမှုဖြေရှင်းခြင်းမျိုးမရှိကြောင်း သိရသည်။
zawgyiversion
ေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္မည္ မဟုတ္ေၾကာင္း ဘဂၤလားေဒ့ရွ္ အိမ္ေစာင့္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္လ ၁၆
ဘဂၤလားေဒ့ရွ္အိမ္ေစာင့္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ယူႏြတ္က ၎အေနျဖင့္ ေဖေဖာ္ဝါရီလအတြင္း က်င္းပရန္ စီစဥ္ ထားသည့္ ေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ရန္ရည္႐ြယ္ခ်က္မရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ထို႔ျပင္ ယူႏြတ္က ဘဂၤလား ေဒ့ရွ္ႏိုင္ငံအတြင္း ႏိုင္ငံေရးလုပ္ငန္းမ်ားလည္း လုပ္ ေဆာင္မည္မဟုတ္ေၾကာင္း ေျပာသည္။
ယူႏြတ္က ‘ကြၽန္ေတာ့္အေနနဲ႔ ႏိုင္ငံေရးပါတီေတြမွာ ပူးေပါင္းပါဝင္ေဆာင္႐ြက္တာမ်ိဳးရွိမွာ မဟုတ္ဘူး၊ ျပဳျပင္ ေျပာင္းလဲေရးလုပ္ငန္းေတြကို အာ႐ုံစိုက္လုပ္ကိုင္ေနတယ္’ ဟုေျပာသည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ လာမည့္ႏွစ္အတြင္း ေ႐ြးေကာက္ပြဲ က်င္းပရန္စီစဥ္ထားၿပီး ေ႐ြးေကာက္ပြဲတြင္ မဲေပးခြင့္ ရွိသူ (၁၂၆) သန္းေက်ာ္ရွိေနေၾကာင္းသိရသည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ၿပီးခဲ့သည့္ႏွစ္က တကၠသိုလ္ေက်ာင္းသားမ်ားဦးေဆာင္ေသာ ဆႏၵျပ ပြဲမ်ားျဖစ္လာခဲ့ၿပီး ေနာက္ ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာ ရာထူးမွျဖဳတ္ခ်ခံရကာ ယူႏြတ္က ဘဂၤလားေဒ့ရွ္ အိမ္ေစာင့္အစိုးရအဖြဲ႕ အႀကီးအကဲျဖစ္ လာခဲ့ေၾကာင္း သိရသည္။ ယူႏြတ္က ‘ေ႐ြးေကာက္ပြဲကို သန႔္ရွင္း လြတ္လပ္တဲ့ ေ႐ြးေကာက္ပြဲျဖစ္လာေစေအာင္ ႀကိဳး ပမ္းမွာ ျဖစ္ၿပီး ျပဳျပင္ေျပာင္းလဲေရးမ်ားလုပ္ေဆာင္မယ္၊ တရားမဝင္ ေ႐ြးေကာက္ပြဲက်င္းပဖို႔ဆိုတာ အဓိပၸာယ္မရွိပါဘူး။ ကြၽန္ေတာ့္အလုပ္က လက္ခံႏိုင္ ေလာက္တဲ့၊ သန႔္ရွင္းၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ေ႐ြးေကာက္ပြဲတစ္ခု ျဖစ္ေျမာက္ဖို႔ လုပ္ေဆာင္ဖို႔ပါ၊ ဘဂၤလားေဒရွ႕္ႏိုင္ငံမွာ ဒီမိုကေရစီျပန္လည္ရရွိဖို႔နဲ႔ ေ႐ြးေကာက္ပြဲက်င္းပဖို႔ အဓိကထားျပဳျပင္ေျပာင္းလဲ မယ္’ ဟုေျပာသည္။
အသက္ (၈၅) ႏွစ္အ႐ြယ္ရွိ ယူႏြတ္က ဘဂၤလားေဒ့ရွ္ႏိုင္ငံကို လမ္းေၾကာင္းမွန္အေပၚ ျပန္ လည္ေလွ်ာက္ လွမ္းႏိုင္ရန္လုပ္ေဆာင္ရမည္ျဖစ္ၿပီး ေနာက္ထပ္တစ္ႀကိမ္လမ္းေခ်ာ္ျခင္းမ်ိဳးမျဖစ္ေစရန္ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း ေျပာသည္။ လက္ရွိအခ်ိန္တြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကိုလက္ခံထားျခင္းေၾကာင့္ အိႏၵိယႏိုင္ငံႏွင့္ အျငင္းပြားမႈမ်ားရွိေနသည္။ ရွိတ္ဟာစီနာသည္ ဝန္ႀကီးခ်ဳပ္ရာထူးမွျဖဳတ္ခ်ခံရၿပီး ေနာက္ အိႏၵိယႏိုင္ငံသို႔ ထြက္ေျပးခဲ့ေၾကာင္းသိရသည္။ ဘဂၤလားေဒ့ရွ္အိမ္ေစာင့္အစိုးရအဖြဲ႕က ရွိတ္ဟာစီနာကို လူကိုေသဆုံးေစရန္ ႀကိဳးပမ္း မ်ားႏွင့္စြဲ ခ်က္တင္ထားေသာ္လည္း ရွိတ္ဟာစီနာက ဘဂၤလား ေဒ့ရွ္ႏိုင္ငံသို႔ ျပန္လာကာ အမႈေျဖရွင္းျခင္းမ်ိဳးမရွိေၾကာင္း သိရသည္။