မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်ကို ဩဂုတ်လ နှောင်းပိုင်တွင် ကျင်းပမည်

110

ချယ်ရီ (NP News)- ဩဂုတ် ၁၆
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅ (Future Front Myanmar: Youth Strategy Forum - 2025)ကို လာမည့်ဩဂုတ်လ(၃၀)ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ် - (၂၀၂၅) ကို ရန်ကုန်မြို့တွင် ဩဂုတ်လ (၃၀) ရက်မှ စက်တင်ဘာ (၁) ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်လည်း ဖြစ်သည်။
ယမန်နေ့ (ဩဂုတ်လ ၁၅ ရက်)က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အဆိုပါကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။
လူငယ်များအတွက် ပညာရေးနှင့်ဆက်စပ်၍လည်းကောင်း၊ လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ သက်ဆိုင်ရာပညာရှင်များ၏ ဆွေးနွေးပြောကြားမှုကို နားထောင်ရုံသက်သက်မဟုတ်ဘဲ လူငယ်များ အစုအဖွဲ့အလိုက် အပြန်အလှန်ဆွေးနွေးပြောဆိုမှုများကိုပါ ထည့်သွင်းထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ရှိသည့် လူငယ်များ တက်ရောက်မည်ဖြစ်သည့်အတွက် ဆွေးနွေးပွဲ၏ အတွေ့အကြုံ၊ ရည်ရွယ်ချက်များကို ပြန်လည်မျှဝေခြင်းဖြင့် လူငယ်ကွန်ရက်တစ်ခုကို ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။
အဆိုပါဖိုရမ်သည် နိုင်ငံတစ်ဝန်းရှိ အနာဂတ်နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြမည့် လူငယ်ခေါင်းဆောင်များအတွက် အခြေခံကျသည့် ဖိုရမ်တစ်ခုဖြစ်သည့်အတွက် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ထပ်မံပြောကြားသည်။
zawgyiversion
ျမန္မာ့အနာဂတ္မ်က္ႏွာစာ လူငယ္မဟာဗ်ဴဟာဖိုရမ္ကို ဩဂုတ္လ ေႏွာင္းပိုင္တြင္ က်င္းပမည္
ခ်ယ္ရီ (NP News)- ဩဂုတ္ ၁၆
ျမန္မာ့အနာဂတ္မ်က္ႏွာစာ လူငယ္မဟာဗ်ဴဟာဖိုရမ္ -၂၀၂၅ (Future Front Myanmar: Youth Strategy Forum - 2025)ကို လာမည့္ဩဂုတ္လ(၃၀)ရက္တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာ့အနာဂတ္မ်က္ႏွာစာ လူငယ္မဟာဗ်ဴဟာ ဖိုရမ္ - (၂၀၂၅) ကို ရန္ကုန္ၿမိဳ႕တြင္ ဩဂုတ္လ (၃၀) ရက္မွ စက္တင္ဘာ (၁) ရက္အထိ သုံးရက္ၾကာ က်င္းပသြားမည္လည္း ျဖစ္သည္။
ယမန္ေန႔ (ဩဂုတ္လ ၁၅ ရက္)က ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ ျပဳလုပ္သည့္ ျမန္မာ့အနာဂတ္မ်က္ႏွာစာ လူငယ္မဟာဗ်ဴဟာဖိုရမ္ ဦးစီးေကာ္မတီ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးသို႔ အဆိုပါေကာ္မတီဥကၠ႒၊ ျပန္ၾကားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းႏွင့္ ဒုတိယဥကၠ႒၊ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္း တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
လူငယ္မ်ားအတြက္ ပညာေရးႏွင့္ဆက္စပ္၍လည္းေကာင္း၊ လာမည့္ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္သည့္ အေၾကာင္းအရာမ်ား၊ သက္ဆိုင္ရာပညာရွင္မ်ား၏ ေဆြးေႏြးေျပာၾကားမႈကို နားေထာင္႐ုံသက္သက္မဟုတ္ဘဲ လူငယ္မ်ား အစုအဖြဲ႕အလိုက္ အျပန္အလွန္ေဆြးေႏြးေျပာဆိုမႈမ်ားကိုပါ ထည့္သြင္းထားၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ရွိသည့္ လူငယ္မ်ား တက္ေရာက္မည္ျဖစ္သည့္အတြက္ ေဆြးေႏြးပြဲ၏ အေတြ႕အႀကဳံ၊ ရည္႐ြယ္ခ်က္မ်ားကို ျပန္လည္မွ်ေဝျခင္းျဖင့္ လူငယ္ကြန္ရက္တစ္ခုကို ဖန္တီးေပးႏိုင္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ေကာ္မတီဥကၠ႒၊ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ေျပာၾကားသည္။
အဆိုပါဖိုရမ္သည္ ႏိုင္ငံတစ္ဝန္းရွိ အနာဂတ္ႏိုင္ငံ့တာဝန္ကို ထမ္းေဆာင္ၾကမည့္ လူငယ္ေခါင္းေဆာင္မ်ားအတြက္ အေျခခံက်သည့္ ဖိုရမ္တစ္ခုျဖစ္သည့္အတြက္ စည္ကားသိုက္ၿမိဳက္စြာက်င္းပႏိုင္ရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္းက ထပ္မံေျပာၾကားသည္။