ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆောက်လုပ်နေဆဲဂုံးကျော်တံတားတစ်စင်း ပြိုကျခဲ့ပြီး အနည်းဆုံးလူ(၂)ဦး သေဆုံး

 2285

Pika (NP News) - ဇူလိုင် ၁၁

ဇူလိုင်လ(၁ဝ)ရက် ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Lat Krabang ခရိုင်တွင် ဆောက်လုပ်နေဆဲ ဂုံးကျော် တံတားတစ်စင်း ပြိုကျမှုကြောင့် အနည်းဆုံးလူနှစ်ဦး သေဆုံးခဲ့ပြီး အခြားလူ(၁ဝ)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Wat Polmanee လမ်းဆုံကို ဖြတ်ကာ ဆောက်လုပ်နေဆဲဖြစ်သော ဂုံးကျော်တံတားသည် ဇူလိုင်လ(၁ဝ)ရက် ညနေ (၆)နာရီအချိန်ခန့်တွင် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြိုကျသွားခဲ့သော မီတာ(၅ဝဝ)ခန့် ရှည်လျားသည့် ဂုံးကျော်တံတားအပိုင်းသည် ဘန်ကောက်မြို့အုပ်ချုပ်ရေးမှ တည်ဆောက်ရန် အမိန့်ပေးထားသော (၂ ဒသမ ၂) ကီလိုမီတာ ရှည်လျားသည့် Onnut-Lat Krabang ကုန်းကျော်တံတားစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

ပြိုကျသည့်နေရာသည် Lat Krabang ခရိုင်ရှိ Lotusဆိုင်ခွဲနေရာမှ Jorakay Noi ရဲစခန်းအထိ ရှည်လျားကြောင်း သိရသည်။ အစောပိုင်းစုံစမ်းစစ်ဆေးမှုများအရ လေးလမ်းသွားကွန်ကရစ်လမ်းအပိုင်းကို မတင်နေသော ကရိန်း တစ်ခု တိမ်းမှောက်ခဲ့ပြီးနောက် အဆိုပါဂုံးကျော်တံတားအပိုင်းတစ်ခုလုံး ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂုံးကျော်တံတားပြိုကျမှုကြောင့် အောက်တွင်ရှိသော မော်တော်ယာဉ်များ ပိမိခဲ့ပြီး အနီးအနားရှိ အဆောက် အဦးများကို သံမဏိအပျက်စီးများ ထိမှန်ခြင်းမျိုးလည်း ရှိခဲ့ကြောင်း သိရသည်။ ယင်းမတော်တဆမှုကြောင့် အောက်တွင်ပိမိခဲ့သော မော်တော်ယာဉ်များထဲရှိ လူ(၂)ဦးမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

မတော်တဆမှုဖြစ်ပွားပြီးနောက် Luang Phaeng လမ်းအပိုင်းကို ယာဉ်ကြောပိတ်ဆို့မှုများရှိခဲ့သလို အနီးရှိရပ်ကွက် အတွင်း မီးပြတ်တောက်မှုများရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ ေဆာက္လုပ္ေနဆဲဂုံးေက်ာ္တံတားတစ္စင္း ၿပိဳက်ခဲ့ၿပီး အနည္းဆုံးလူ(၂)ဦး ေသဆုံး
Pika (NP News) - ဇူလိုင္ ၁၁

ဇူလိုင္လ(၁ဝ)ရက္ ညေနပိုင္းက ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ Lat Krabang ခ႐ိုင္တြင္ ေဆာက္လုပ္ေနဆဲ ဂုံးေက်ာ္ တံတားတစ္စင္း ၿပိဳက်မႈေၾကာင့္ အနည္းဆုံးလူႏွစ္ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၁ဝ)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

Wat Polmanee လမ္းဆုံကို ျဖတ္ကာ ေဆာက္လုပ္ေနဆဲျဖစ္ေသာ ဂုံးေက်ာ္တံတားသည္ ဇူလိုင္လ(၁ဝ)ရက္ ညေန (၆)နာရီအခ်ိန္ခန႔္တြင္ ၿပိဳက်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ၿပိဳက်သြားခဲ့ေသာ မီတာ(၅ဝဝ)ခန႔္ ရွည္လ်ားသည့္ ဂုံးေက်ာ္တံတားအပိုင္းသည္ ဘန္ေကာက္ၿမိဳ႕အုပ္ခ်ဳပ္ေရးမွ တည္ေဆာက္ရန္ အမိန႔္ေပးထားေသာ (၂ ဒသမ ၂) ကီလိုမီတာ ရွည္လ်ားသည့္ Onnut-Lat Krabang ကုန္းေက်ာ္တံတားစီမံကိန္း၏ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္း သိရသည္။

ၿပိဳက်သည့္ေနရာသည္ Lat Krabang ခ႐ိုင္ရွိ Lotusဆိုင္ခြဲေနရာမွ Jorakay Noi ရဲစခန္းအထိ ရွည္လ်ားေၾကာင္း သိရသည္။ အေစာပိုင္းစုံစမ္းစစ္ေဆးမႈမ်ားအရ ေလးလမ္းသြားကြန္ကရစ္လမ္းအပိုင္းကို မတင္ေနေသာ ကရိန္း တစ္ခု တိမ္းေမွာက္ခဲ့ၿပီးေနာက္ အဆိုပါဂုံးေက်ာ္တံတားအပိုင္းတစ္ခုလုံး ၿပိဳက်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဂုံးေက်ာ္တံတားၿပိဳက်မႈေၾကာင့္ ေအာက္တြင္ရွိေသာ ေမာ္ေတာ္ယာဥ္မ်ား ပိမိခဲ့ၿပီး အနီးအနားရွိ အေဆာက္ အဦးမ်ားကို သံမဏိအပ်က္စီးမ်ား ထိမွန္ျခင္းမ်ိဳးလည္း ရွိခဲ့ေၾကာင္း သိရသည္။ ယင္းမေတာ္တဆမႈေၾကာင့္ ေအာက္တြင္ပိမိခဲ့ေသာ ေမာ္ေတာ္ယာဥ္မ်ားထဲရွိ လူ(၂)ဦးမွာ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

မေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ Luang Phaeng လမ္းအပိုင္းကို ယာဥ္ေၾကာပိတ္ဆို႔မႈမ်ားရွိခဲ့သလို အနီးရွိရပ္ကြက္ အတြင္း မီးျပတ္ေတာက္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.