ယူကရိန်းက Tomahawk ဒုံးကျည်တွေနဲ့ ဘာလုပ်မလဲဆိုတာကို သိချင်မိတယ်လို့ ဒေါ်နယ်ထရမ့်ပြော

300

Pika (NP News) - အောက်တိုဘာ ၈
ယူကရိန်းက အမေရိကန်ထုတ် Tomahawk ဒုံးကျည်တွေနဲ့ ဘာတွေလုပ်ဖို့စီစဉ်ထားသလဲဆိုတာကို သိချင်မိတယ် လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲ အရှိန်မြင့်တက်လာ တာမျိုး မဖြစ်စေချင်တာကြောင့် ယူကရိန်းကို Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ သဘောမတူခင် ယူကရိန်းရဲ့ရည်ရွယ်ချက်တွေကို သိချင်တာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို Tomahawk ဒုံးကျည်တွေပေးပို့ပေးမယ့် ဥရောပနိုင်ငံတွေကို Tomahawk ဒုံးကျည်တွေရောင်းဖို့ အမေရိကန်ကို တောင်းဆိုခဲ့တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ Tomahawk ဒုံးကျည်တွေဟာ အကွာအဝေး(၂၅၀၀)ကီလိုမီတာလောက်အထိ ပျံသန်းနိုင်စွမ်းရှိပြီး ယူကရိန်းကသာ အဲဒီဒုံးကျည် တွေကို လက်ခံရရှိခဲ့မယ်ဆိုရင် ရုရှားနိုင်ငံရဲ့ဘယ်နေရာကိုမဆို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိသွားမှာလည်း ဖြစ်ပါတယ်။
ရုရှားနိုင်ငံတွင်းကို ပစ်ခတ်တိုက်ခိုက်ဖို့အတွက် အမေရိကန်က ယူကရိန်းကို တာဝေးပစ် Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့မယ်ဆိုရင် အဲဒီထောက်ပံ့ပေးမှုက ရုရှား-အမေရိကန်ဆက်ဆံရေးကို ပျက်စီးစေလိမ့်မယ်လို့ ရုရှားသမ္မတပူတင်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “ Tomahawk ဒုံးကျည်တွေနဲ့ ယူကရိန်းက ဘာလုပ်ဖို့စီစဉ်ထားလဲဆိုတာကို သိချင်မိပါတယ်။ ဒီစစ်ပွဲကို အရှိန်မြှင့်ဖို့ ကျွန်တော်ကြိုးပမ်းမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းက Tomahawk ဒုံးက်ည္ေတြနဲ႔ ဘာလုပ္မလဲဆိုတာကို သိခ်င္မိတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၈
ယူကရိန္းက အေမရိကန္ထုတ္ Tomahawk ဒုံးက်ည္ေတြနဲ႔ ဘာေတြလုပ္ဖို႔စီစဥ္ထားသလဲဆိုတာကို သိခ်င္မိတယ္ လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲ အရွိန္ျမင့္တက္လာ တာမ်ိဳး မျဖစ္ေစခ်င္တာေၾကာင့္ ယူကရိန္းကို Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးဖို႔ သေဘာမတူခင္ ယူကရိန္းရဲ႕ရည္႐ြယ္ခ်က္ေတြကို သိခ်င္တာျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ယူကရိန္းကို Tomahawk ဒုံးက်ည္ေတြေပးပို႔ေပးမယ့္ ဥေရာပႏိုင္ငံေတြကို Tomahawk ဒုံးက်ည္ေတြေရာင္းဖို႔ အေမရိကန္ကို ေတာင္းဆိုခဲ့တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ Tomahawk ဒုံးက်ည္ေတြဟာ အကြာအေဝး(၂၅၀၀)ကီလိုမီတာေလာက္အထိ ပ်ံသန္းႏိုင္စြမ္းရွိၿပီး ယူကရိန္းကသာ အဲဒီဒုံးက်ည္ ေတြကို လက္ခံရရွိခဲ့မယ္ဆိုရင္ ႐ုရွားႏိုင္ငံရဲ႕ဘယ္ေနရာကိုမဆို ပစ္ခတ္တိုက္ခိုက္ႏိုင္စြမ္းရွိသြားမွာလည္း ျဖစ္ပါတယ္။
႐ုရွားႏိုင္ငံတြင္းကို ပစ္ခတ္တိုက္ခိုက္ဖို႔အတြက္ အေမရိကန္က ယူကရိန္းကို တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးခဲ့မယ္ဆိုရင္ အဲဒီေထာက္ပံ့ေပးမႈက ႐ုရွား-အေမရိကန္ဆက္ဆံေရးကို ပ်က္စီးေစလိမ့္မယ္လို႔ ႐ုရွားသမၼတပူတင္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က “ Tomahawk ဒုံးက်ည္ေတြနဲ႔ ယူကရိန္းက ဘာလုပ္ဖို႔စီစဥ္ထားလဲဆိုတာကို သိခ်င္မိပါတယ္။ ဒီစစ္ပြဲကို အရွိန္ျမႇင့္ဖို႔ ကြၽန္ေတာ္ႀကိဳးပမ္းမွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။