အရေးကြီးတဲ့ကိစ္စရပ်တွေကို ဟားမက်လက်နက်ကိုင်အဖွဲ့က သဘောတူညီခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ပြော

166

Pika (NP News) - အောက်တိုဘာ ၈
ဂါဇာကမ်းမြောင်ဒေသမှာ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုဖြစ်နိုင်တယ်ဆိုတာ သေချာတယ်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အစ္စရေးနဲ့ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်ခဲ့တဲ့အချိန်မှာပဲ ဟားမက်လက်နက်ကိုင်အဖွဲ့က အလွန် အရေးကြီးတဲ့ကိစ္စရပ်တွေကို သဘောတူညီခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “ကျွန်တော့်မှာ သတ်မှတ်ထားတဲ့မျဉ်းတွေရှိပါတယ်။ လိုချင်တဲ့အတိုင်း တစ်ချို့ဟာတွေဖြစ်မလာဘူးဆိုရင် ကျွန်တော်တို့ အဲဒါကိုလုပ်မှာမဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
လက်နက်ဖြုတ်သိမ်းဖို့ ဟားမက်လက်နက်ကိုင်အဖွဲ့သဘောတူညီတာ အပါအဝင် ကြိုတင်သတ်မှတ်ထားတာမျိုး တွေ ရှိသလားဆိုတဲ့သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က ယခုလိုတုံ့ပြန်ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင်နေတယ်လို့ ထင်ပါတယ်။ ဟားမက် လက်နက်ကိုင်အဖွဲ့က အရမ်းအရေးကြီးတဲ့အရာတွေကို သဘောတူညီခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဂါဇာစစ်ပွဲအဆုံးသတ်ရေးအဆိုပြုချက်ကို အစ္စရေးနဲ့ဟားမက်လက်နက်ကိုင်အဖွဲ့တို့ရဲ့ကိုယ်စားလှယ်တွေက စတင် ဆွေးနွေးနေချိန်မှာ သဘောတူညီချက်တစ်ခုရနိုင်ခြေနဲ့ပတ်သက်ပြီး အကောင်းမြင်မိတယ်လို့လည်း ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့ သဘောတူညီချက်တစ်ခုရမယ်လို့ ထင်ပါတယ်။ ဂါဇာ ကမ်းမြောင်ဒေသမှာ သဘောတူညီချက်တစ်ခုခုရတော့မယ်ဆိုတာ ကျွန်တော်တို့ သေချာပါတယ်” လို့ ပြောခဲ့ပါ တယ်။

Zawgyi Version:
အေရးႀကီးတဲ့ကိစၥရပ္ေတြကို ဟားမက္လက္နက္ကိုင္အဖြဲ႕က သေဘာတူညီခဲ့တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၈
ဂါဇာကမ္းေျမာင္ေဒသမွာ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ခုျဖစ္ႏိုင္တယ္ဆိုတာ ေသခ်ာတယ္လို႔ အေမရိကန္ သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ အစၥေရးနဲ႔ေဆြးေႏြးမႈေတြ စတင္လုပ္ေဆာင္ခဲ့တဲ့အခ်ိန္မွာပဲ ဟားမက္လက္နက္ကိုင္အဖြဲ႕က အလြန္ အေရးႀကီးတဲ့ကိစၥရပ္ေတြကို သေဘာတူညီခဲ့တယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “ကြၽန္ေတာ့္မွာ သတ္မွတ္ထားတဲ့မ်ဥ္းေတြရွိပါတယ္။ လိုခ်င္တဲ့အတိုင္း တစ္ခ်ိဳ႕ဟာေတြျဖစ္မလာဘူးဆိုရင္ ကြၽန္ေတာ္တို႔ အဲဒါကိုလုပ္မွာမဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
လက္နက္ျဖဳတ္သိမ္းဖို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕သေဘာတူညီတာ အပါအဝင္ ႀကိဳတင္သတ္မွတ္ထားတာမ်ိဳး ေတြ ရွိသလားဆိုတဲ့သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က ယခုလိုတုံ႔ျပန္ေျဖၾကားခဲ့တာလည္း ျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္တို႔ အေကာင္းဆုံးလုပ္ေဆာင္ေနတယ္လို႔ ထင္ပါတယ္။ ဟားမက္ လက္နက္ကိုင္အဖြဲ႕က အရမ္းအေရးႀကီးတဲ့အရာေတြကို သေဘာတူညီခဲ့တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဂါဇာစစ္ပြဲအဆုံးသတ္ေရးအဆိုျပဳခ်က္ကို အစၥေရးနဲ႔ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔ရဲ႕ကိုယ္စားလွယ္ေတြက စတင္ ေဆြးေႏြးေနခ်ိန္မွာ သေဘာတူညီခ်က္တစ္ခုရႏိုင္ေျခနဲ႔ပတ္သက္ၿပီး အေကာင္းျမင္မိတယ္လို႔လည္း ေဒၚနယ္ထရမ့္ က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္တို႔ သေဘာတူညီခ်က္တစ္ခုရမယ္လို႔ ထင္ပါတယ္။ ဂါဇာ ကမ္းေျမာင္ေဒသမွာ သေဘာတူညီခ်က္တစ္ခုခုရေတာ့မယ္ဆိုတာ ကြၽန္ေတာ္တို႔ ေသခ်ာပါတယ္” လို႔ ေျပာခဲ့ပါ တယ္။