နိုင်ငံတကာ ကစားသမားဘဝက မကြာမီ အနားယူတော့မည်ဖြစ်ကြောင်း မက်ဆီ ထုတ်ဖော်ပြော

577

Pika (NP News) - ဇူလိုင် ၁၂
တိုက်စစ်မှူးမက်ဆီသည် ၎င်း၏ ကစားသမားဘဝသက်တမ်း နောက်ဆုံးနှစ်များကို ရောက်ရှိနေခဲ့ပြီးနောက် အာဂျင်တီးနားအသင်းအတွက် ကစားခြင်းမှ အနားယူမည့်အချိန်မှာ မကြာမီအချိန်တွင်း ရောက်ရှိလာနိုင်ဖွယ်ရှိကြောင်း ဝန်ခံပြောဆိုခဲ့သည်။
အာဂျင်တီးနားအသင်းနှင့်အတူ (၂ဝ၂၂)ခုနှစ် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် မက်ဆီသည်ချန်ပီယံတစ်ဦးအဖြစ် ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း ယခင်က ကတိပြုပြောဆိုခဲ့သည်။
သို့သော်လည်း (၂ဝ၂၆)ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားတော့မည် မဟုတ်ကြောင်း မက်ဆီ က ထုတ်ဖော်ပြောခဲ့သည်။ တိုက်စစ်မှူးမက်ဆီက ၎င်း၏ ကစားသမားဘဝသက်တမ်းမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး နိုင်ငံတကာပွဲများအတွက် ကစားပေးခြင်းမှ အနားယူမည့်အချိန်မှာ မကြာမီအချိန်အတွင်း ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မက်ဆီက "ရိုးရိုးသားသားပြောရရင် ဘယ်အချိန်မှာ အနားယူဖြစ်မလဲဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း မသိပါဘူး။ ဖြစ်ချိန်တန်တဲ့အချိန်ကျရင် ဖြစ်လာမယ်လို့ ထင်ပါတယ်။ မကြာသေးမီအချိန်အတွင်း ကမ္ဘာ့ဖလားကို လည်း ဆွတ်ခူးနိုင်ပြီးပြီဖြစ်တဲ့အတွက် လုပ်ဖို့ကျန်ရှိနေတဲ့အရာကတော့ ပျော်ပျော်ရွှင်ရွှင်နေရဖို့ပါပဲ။ အနားယူမယ့် အခိုက်အတန့်က ဘယ်အချိန်မှာဖြစ်လာမယ်ဆိုတာကို ဘုရားသခင်က ဆုံးဖြတ်ပေးပါလိမ့်မယ်။ လက်တွေ့ကျကျ ပြောရမယ်ဆိုရင် ကျွန်တော့်အသက်အရွယ်ကြောင့် မကြာမီအချိန်အတွင်း နားရမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဘယ်အချိန်ဖြစ်မလဲဆိုတာတော့ မသိပါဘူး။ နေ့တိုင်း ပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းရင်း စောင့်နေပါတယ်။ ကျွန်တော့်နိုင်ငံအသင်းအတွက် အရမ်းခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပြီးပါပြီ။ အခုအချိန်က ပျော်ရမယ့်အချိန် ပါပဲ" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
ႏိုင္ငံတကာ ကစားသမားဘဝက မၾကာမီ အနားယူေတာ့မည္ျဖစ္ေၾကာင္း မက္ဆီ ထုတ္ေဖာ္ေျပာ
Pika (NP News) - ဇူလိုင္ ၁၂
တိုက္စစ္မႉးမက္ဆီသည္ ၎၏ ကစားသမားဘဝသက္တမ္း ေနာက္ဆုံးႏွစ္မ်ားကို ေရာက္ရွိေနခဲ့ၿပီးေနာက္ အာဂ်င္တီးနားအသင္းအတြက္ ကစားျခင္းမွ အနားယူမည့္အခ်ိန္မွာ မၾကာမီအခ်ိန္တြင္း ေရာက္ရွိလာႏိုင္ဖြယ္ရွိေၾကာင္း ဝန္ခံေျပာဆိုခဲ့သည္။
အာဂ်င္တီးနားအသင္းႏွင့္အတူ (၂ဝ၂၂)ခုႏွစ္ ကမာၻ႔ဖလားကို ဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ မက္ဆီသည္ခ်န္ပီယံတစ္ဦးအျဖစ္ ဆက္လက္ကစားသြားမည္ျဖစ္ေၾကာင္း ယခင္က ကတိျပဳေျပာဆိုခဲ့သည္။
သို႔ေသာ္လည္း (၂ဝ၂၆)ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ကစားေတာ့မည္ မဟုတ္ေၾကာင္း မက္ဆီ က ထုတ္ေဖာ္ေျပာခဲ့သည္။ တိုက္စစ္မႉးမက္ဆီက ၎၏ ကစားသမားဘဝသက္တမ္းမွာ ေနာက္ဆုံးအဆင့္သို႔ ေရာက္ရွိေနၿပီျဖစ္ၿပီး ႏိုင္ငံတကာပြဲမ်ားအတြက္ ကစားေပးျခင္းမွ အနားယူမည့္အခ်ိန္မွာ မၾကာမီအခ်ိန္အတြင္း ေရာက္ရွိလာေတာ့မည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။
မက္ဆီက "႐ိုး႐ိုးသားသားေျပာရရင္ ဘယ္အခ်ိန္မွာ အနားယူျဖစ္မလဲဆိုတာ ကြၽန္ေတာ္ကိုယ္တိုင္လည္း မသိပါဘူး။ ျဖစ္ခ်ိန္တန္တဲ့အခ်ိန္က်ရင္ ျဖစ္လာမယ္လို႔ ထင္ပါတယ္။ မၾကာေသးမီအခ်ိန္အတြင္း ကမာၻ႔ဖလားကို လည္း ဆြတ္ခူးႏိုင္ၿပီးၿပီျဖစ္တဲ့အတြက္ လုပ္ဖို႔က်န္ရွိေနတဲ့အရာကေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနရဖို႔ပါပဲ။ အနားယူမယ့္ အခိုက္အတန႔္က ဘယ္အခ်ိန္မွာျဖစ္လာမယ္ဆိုတာကို ဘုရားသခင္က ဆုံးျဖတ္ေပးပါလိမ့္မယ္။ လက္ေတြ႕က်က် ေျပာရမယ္ဆိုရင္ ကြၽန္ေတာ့္အသက္အ႐ြယ္ေၾကာင့္ မၾကာမီအခ်ိန္အတြင္း နားရမယ္ဆိုတာ သိပါတယ္။ ဒါေပမယ့္ ဘယ္အခ်ိန္ျဖစ္မလဲဆိုတာေတာ့ မသိပါဘူး။ ေန႔တိုင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲျဖတ္သန္းရင္း ေစာင့္ေနပါတယ္။ ကြၽန္ေတာ့္ႏိုင္ငံအသင္းအတြက္ အရမ္းခက္ခဲတဲ့အခ်ိန္ေတြကို ျဖတ္သန္းခဲ့ရၿပီးပါၿပီ။ အခုအခ်ိန္က ေပ်ာ္ရမယ့္အခ်ိန္ ပါပဲ" ဟု ေျပာဆိုခဲ့သည္။