ရုရှားလိုင်စင်နံပါတ်ပြားပါသည့်ကားများ သိမ်းဆည်းနေခြင်းအား ရပ်တန့်ရန် ဂျာမနီအစိုးရကို ရုရှားအစိုးရ သတိပေး

3007

Pika (NP News) - ဇူလိုင် ၁၄
ဂျာမနီအစိုးရသည် ဘာလင်မြို့သို့လာရောက်လည်ပတ်သော ရုရှားနိုင်ငံသားများကို အတင်းအကြပ်အရေးယူခြင်း များကို ရပ်တန့်ရမည်ဖြစ်သလို ရုရှားလိုင်စင်နံပါတ်ပြားပါသော ကိုယ်ပိုင်ကားများကို ဘာကြောင့်သိမ်းဆည်းနေရ သည်ဆိုသည့်အချက်တို့ကို ရှင်းပြရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ပြောကြားခဲ့သည်။
ဂျာမနီအကောက်ခွန်ဝန်ထမ်းများသည် ရုရှားလိုင်စင်နံပါတ်ပြားပါသောကားများကို စတင်သိမ်းဆည်းခဲ့ချိန်တွင် ရုရှားဖက်က ယခုကဲ့သို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။
မာရီယာဇာခါရိုဗာ က "ဒီလုပ်ရပ်ဟာ ရုရှားဆန့်ကျင်ရေးလုပ်ငန်းစဉ်တွေထက်ကို ပိုမိုကျော်လွန်သွားတဲ့ လုပ်ရပ် တစ်ခုပဲဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။
ရုရှားလိုင်စင်နံပါတ်ပြားပါသော ကားများ ဂျာမနီနိုင်ငံတွင်းသို့ရောက်ရှိချိန်တွင် အကောက်ခွန်ဝန်ထမ်းများသည် ဖမ်းဆီးသိမ်းဆည်းခြင်းမျာားကို လုပ်ဆောင်ခဲ့ကြောင်း ရုရှားနှင့် ဂျာမနီမီဒီယာနှစ်ခုလုံး က ဖော်ပြခဲ့သည်။
မာရီယာဇာခါရိုဗာ က "ဒီလုပ်ဆောင်မှုတွေဟာ ကျွန်မတို့နိုင်ငံသားတွေနဲ့ ပိုင်ဆိုင်မှုတွေကို အတင်းအကြပ်သိမ်းယူ ဖို့ အာဏာကိုအလွဲသုံးစားလုပ်တယ်လို့ မြင်မိပါတယ်။ ဒါဟာ ဂျာမနီမှာ ပျံ့နှံ့နေတဲ့ ရုရှားဆန့်ကျင်ရေးလုပ်ရပ်တွေရဲ့ အကျိုးဆက်ပါပဲ" ဟု ပြောဆိုခဲ့သည်။
ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုစည်းမျဉ်းများနှင့်အညီ ရုရှားလိုင်စင်နံပါတ်ပြားတပ်ထားသော ကားများကို သိမ်းဆည်းခဲ့ကြောင်း ဂျာမနီအကောက်ခွန်အရာရှိများ က ပြောကြားခဲ့သည်။ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်း များအတွက် (၂ဝ၁၄) ခုနှစ်မှ စတင်ခဲ့သော ဥရောပသမဂ္ဂ၏ စည်းမျဉ်းကိုလည်း ၎င်းတို့က တရားဝင်ဖော်ပြခဲ့ ကြောင်း သိရသည်။
ဂျာမနီအကောက်ခွန်အရာရှိ က "အခြားနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ခရီးသည်တင်ကားတွေနဲ့ မော်တော်ယာဉ်တို့ ဟာ အခြေခံအားဖြင့်တော့ မောင်းနှင်ခွင့် ပိတ်ပင်ခံရပါတယ်။ ရုရှားလိုင်စင်နံပါတ်ပြားပါတဲ့ ကားတွေနဲ့ ဂျာမနီကို ဝင်ရောက်လာသူတွေဟာ ကားတွေကို သိမ်းဆည်းခံရရုံသာမက ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းအတွက် ဒဏ်ငွေ ရိုက်တာကိုလည်း ခံရနိုင်ပါတယ်" ဟု ပြောဆိုခဲ့သည်။
ဂျာမနီအကောက်ခွန်ဌာန၏ လုပ်ရပ်သည် ပြင်းထန်သောလုပ်ရပ်တစ်ခုဖြစ်ပြီး လက်ရှိအချိန်အထိ ဥရောပသမဂ္ဂ အခြားအဖွဲ့ဝင်နိုင်ငံများတွင် အလားတူလုပ်ဆောင်မှုမျိုးမရှိသေးကြောင်း ဂျာမန်သတင်းစာ Berliner Zeitung က ဖော်ပြခဲ့သည်။
အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ဂျာမနီသို့ရောက်ရှိနေသော ရုရှားနိုင်ငံသားများသည် ဂျာမနီ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဖက်ဒရယ်ရုံး (BfV) ကို ဆက်သွယ်သင့်ကြောင်း ၎င်းတို့၏ ရှေ့နေများက တိုက်တွန်းပြောဆိုထားသည်။ ဂျာမနီနိုင်ငံရှိ ရုရှားသံရုံးသည် အဆိုပါလုပ်ရပ်များနှင့်ပတ်သက်၍ ကန့်ကွက်စာ တင်ခဲ့ပြီး အတင်းအကြပ်အရေးယူနေခြင်းများကို ချက်ချင်းရပ်တန့်ရန်၊ ငွေကြေးဆုံးရှုံးမှု နှင့် ထိခိုက်နစ်နာသူများ အတွက် လျော်ကြေးပေးရန် တောင်းဆိုထားကြောင်း သိရသည်။

Zawgyi Version;
႐ုရွားလိုင္စင္နံပါတ္ျပားပါသည့္ကားမ်ား သိမ္းဆည္းေနျခင္းအား ရပ္တန႔္ရန္ ဂ်ာမနီအစိုးရကို ႐ုရွားအစိုးရ သတိေပး
Pika (NP News) - ဇူလိုင္ ၁၄
ဂ်ာမနီအစိုးရသည္ ဘာလင္ၿမိဳ႕သို႔လာေရာက္လည္ပတ္ေသာ ႐ုရွားႏိုင္ငံသားမ်ားကို အတင္းအၾကပ္အေရးယူျခင္း မ်ားကို ရပ္တန႔္ရမည္ျဖစ္သလို ႐ုရွားလိုင္စင္နံပါတ္ျပားပါေသာ ကိုယ္ပိုင္ကားမ်ားကို ဘာေၾကာင့္သိမ္းဆည္းေနရ သည္ဆိုသည့္အခ်က္တို႔ကို ရွင္းျပရမည္ျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ မာရီယာ ဇာခါ႐ိုဗာက ေျပာၾကားခဲ့သည္။
ဂ်ာမနီအေကာက္ခြန္ဝန္ထမ္းမ်ားသည္ ႐ုရွားလိုင္စင္နံပါတ္ျပားပါေသာကားမ်ားကို စတင္သိမ္းဆည္းခဲ့ခ်ိန္တြင္ ႐ုရွားဖက္က ယခုကဲ့သို႔ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။
မာရီယာဇာခါ႐ိုဗာ က "ဒီလုပ္ရပ္ဟာ ႐ုရွားဆန႔္က်င္ေရးလုပ္ငန္းစဥ္ေတြထက္ကို ပိုမိုေက်ာ္လြန္သြားတဲ့ လုပ္ရပ္ တစ္ခုပဲျဖစ္ပါတယ္" ဟု ေျပာဆိုခဲ့သည္။
႐ုရွားလိုင္စင္နံပါတ္ျပားပါေသာ ကားမ်ား ဂ်ာမနီႏိုင္ငံတြင္းသို႔ေရာက္ရွိခ်ိန္တြင္ အေကာက္ခြန္ဝန္ထမ္းမ်ားသည္ ဖမ္းဆီးသိမ္းဆည္းျခင္းမ်ာားကို လုပ္ေဆာင္ခဲ့ေၾကာင္း ႐ုရွားႏွင့္ ဂ်ာမနီမီဒီယာႏွစ္ခုလုံး က ေဖာ္ျပခဲ့သည္။
မာရီယာဇာခါ႐ိုဗာ က "ဒီလုပ္ေဆာင္မႈေတြဟာ ကြၽန္မတို႔ႏိုင္ငံသားေတြနဲ႔ ပိုင္ဆိုင္မႈေတြကို အတင္းအၾကပ္သိမ္းယူ ဖို႔ အာဏာကိုအလြဲသုံးစားလုပ္တယ္လို႔ ျမင္မိပါတယ္။ ဒါဟာ ဂ်ာမနီမွာ ပ်ံ႕ႏွံ႔ေနတဲ့ ႐ုရွားဆန႔္က်င္ေရးလုပ္ရပ္ေတြရဲ႕ အက်ိဳးဆက္ပါပဲ" ဟု ေျပာဆိုခဲ့သည္။
ဥေရာပသမဂၢ၏ ပိတ္ဆို႔အေရးယူမႈစည္းမ်ဥ္းမ်ားႏွင့္အညီ ႐ုရွားလိုင္စင္နံပါတ္ျပားတပ္ထားေသာ ကားမ်ားကို သိမ္းဆည္းခဲ့ေၾကာင္း ဂ်ာမနီအေကာက္ခြန္အရာရွိမ်ား က ေျပာၾကားခဲ့သည္။ အေကာက္ခြန္ဝန္ေဆာင္မႈလုပ္ငန္း မ်ားအတြက္ (၂ဝ၁၄) ခုႏွစ္မွ စတင္ခဲ့ေသာ ဥေရာပသမဂၢ၏ စည္းမ်ဥ္းကိုလည္း ၎တို႔က တရားဝင္ေဖာ္ျပခဲ့ ေၾကာင္း သိရသည္။
ဂ်ာမနီအေကာက္ခြန္အရာရွိ က "အျခားႏိုင္ငံမွာ မွတ္ပုံတင္ထားတဲ့ခရီးသည္တင္ကားေတြနဲ႔ ေမာ္ေတာ္ယာဥ္တို႔ ဟာ အေျခခံအားျဖင့္ေတာ့ ေမာင္းႏွင္ခြင့္ ပိတ္ပင္ခံရပါတယ္။ ႐ုရွားလိုင္စင္နံပါတ္ျပားပါတဲ့ ကားေတြနဲ႔ ဂ်ာမနီကို ဝင္ေရာက္လာသူေတြဟာ ကားေတြကို သိမ္းဆည္းခံရ႐ုံသာမက ခြင့္ျပဳခ်က္မရွိဘဲ ဝင္ေရာက္ျခင္းအတြက္ ဒဏ္ေငြ ႐ိုက္တာကိုလည္း ခံရႏိုင္ပါတယ္" ဟု ေျပာဆိုခဲ့သည္။
ဂ်ာမနီအေကာက္ခြန္ဌာန၏ လုပ္ရပ္သည္ ျပင္းထန္ေသာလုပ္ရပ္တစ္ခုျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ဥေရာပသမဂၢ အျခားအဖြဲ႕ဝင္ႏိုင္ငံမ်ားတြင္ အလားတူလုပ္ေဆာင္မႈမ်ိဳးမရွိေသးေၾကာင္း ဂ်ာမန္သတင္းစာ Berliner Zeitung က ေဖာ္ျပခဲ့သည္။
အဆိုပါကိစၥမ်ားႏွင့္ပတ္သက္ၿပီး ဂ်ာမနီသို႔ေရာက္ရွိေနေသာ ႐ုရွားႏိုင္ငံသားမ်ားသည္ ဂ်ာမနီ၏ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ကာကြယ္ေစာင့္ေရွာက္ေရးဆိုင္ရာ ဖက္ဒရယ္႐ုံး (BfV) ကို ဆက္သြယ္သင့္ေၾကာင္း ၎တို႔၏ ေရွ႕ေနမ်ားက တိုက္တြန္းေျပာဆိုထားသည္။ ဂ်ာမနီႏိုင္ငံရွိ ႐ုရွားသံ႐ုံးသည္ အဆိုပါလုပ္ရပ္မ်ားႏွင့္ပတ္သက္၍ ကန႔္ကြက္စာ တင္ခဲ့ၿပီး အတင္းအၾကပ္အေရးယူေနျခင္းမ်ားကို ခ်က္ခ်င္းရပ္တန႔္ရန္၊ ေငြေၾကးဆုံးရႈံးမႈ ႏွင့္ ထိခိုက္နစ္နာသူမ်ား အတြက္ ေလ်ာ္ေၾကးေပးရန္ ေတာင္းဆိုထားေၾကာင္း သိရသည္။