အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ရေးတင်းမာမှုတွေကိုဖြေလျော့ဖို့ တရုတ်နဲ့အမေရိကန်နိုင်ငံ တိုက်တွန်း

44

ဂျန်ဇက် (NSS) - မေ ၁ဝ
ကက်ရှ်မီးယားပြည်နယ်အရေးနဲ့ပတ်သက်ပြီး တင်းမာမှုအရှိန်မြင့်တက်လျက်ရှိနေတဲ့ အိန္ဒိယ နဲ့ ပါကစ္စတန်တို့အား နားလည်မှုလွဲမှားကာ တွက်ချက်မှုမှားယွင်းခြင်းမျိုး ရှောင်ရှားဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ အိန္ဒိယ နဲ့ ပါကစ္စတန်တို့ဟာ မေ ၆ ရက် နောက်ပိုင်းကတည်းက လက်ရှိအချိန်အထိ ဒုံးကျည်များ၊ ဒရုန်းများ နဲ့ အပြန်အလှန်တိုက်ခိုက်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယ နဲ့ ပါကစ္စတန်နိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေဟာ အလုံးစုံစစ်ပွဲဖြစ်လာနိုင်မယ့် အခြေအနေ မျိုး ဦးတည်လာဖွယ်ရှိနေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက " နှစ်နိုင်ငံစလုံးဟာ တွက်ချက်မှု မှားယွင်းပြီး ရန်ဖြစ်တာတွေကို ရှောင်ရှားဖို့ ပြန်လည်ဆက်သွယ်တာတွေ လုပ်ဆောင့်သင့်တယ်" လို့ ပြောပါတယ်။
တရုတ်အစိုးရကလည်း အိန္ဒိယ နဲ့ ပါကစ္စတန်တို့ကြားအပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေအတွက် စိုးရိမ်မိပြီး အငြင်းပွားမှုတွေကိုဖြေရှင်းပေးနိုင်ဖို့ ကြားဝင်ကူညီပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက "အိန္ဒိယနဲ့ ပါကစ္စတန်ကြား လက်ရှိအခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်” ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဦးစားပေးဖို့၊ တည်ငြိမ်ပြီး ထိန်းထားဖို့၊ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ နိုင်ငံရေး ပြေလည်မှု လမ်းကြောင်းကိုပြန်သွားဖို့နဲ့ တင်းမာမှုတွေ ပိုတိုးလာစေမယ့်လုပ်ရပ်တွေကိုရှောင်ရှားကြဖို့ တောင်းဆိုထားပါ တယ်" လို့ သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi Version:
အိႏၵိယနဲ႔ ပါကစၥတန္ႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ေရးတင္းမာမႈေတြကိုေျဖေလ်ာ့ဖို႔ တ႐ုတ္နဲ႔အေမရိကန္ႏိုင္ငံ တိုက္တြန္း
ဂ်န္ဇက္ (NSS) - ေမ ၁ဝ
ကက္ရွ္မီးယားျပည္နယ္အေရးနဲ႔ပတ္သက္ၿပီး တင္းမာမႈအရွိန္ျမင့္တက္လ်က္ရွိေနတဲ့ အိႏၵိယ နဲ႔ ပါကစၥတန္တို႔အား နားလည္မႈလြဲမွားကာ တြက္ခ်က္မႈမွားယြင္းျခင္းမ်ိဳး ေရွာင္ရွားဖို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက တိုက္တြန္း ေတာင္းဆိုလိုက္ပါတယ္။ အိႏၵိယ နဲ႔ ပါကစၥတန္တို႔ဟာ ေမ ၆ ရက္ ေနာက္ပိုင္းကတည္းက လက္ရွိအခ်ိန္အထိ ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ား နဲ႔ အျပန္အလွန္တိုက္ခိုက္ျခင္း၊ ေလေၾကာင္းတိုက္ခိုက္ျခင္းမ်ား လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
အိႏၵိယ နဲ႔ ပါကစၥတန္ႏိုင္ငံၾကားျဖစ္ပြားေနတဲ့ စစ္ေရးအေျခအေနေတြဟာ အလုံးစုံစစ္ပြဲျဖစ္လာႏိုင္မယ့္ အေျခအေန မ်ိဳး ဦးတည္လာဖြယ္ရွိေနပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ႐ူဘီယိုက " ႏွစ္ႏိုင္ငံစလုံးဟာ တြက္ခ်က္မႈ မွားယြင္းၿပီး ရန္ျဖစ္တာေတြကို ေရွာင္ရွားဖို႔ ျပန္လည္ဆက္သြယ္တာေတြ လုပ္ေဆာင့္သင့္တယ္" လို႔ ေျပာပါတယ္။
တ႐ုတ္အစိုးရကလည္း အိႏၵိယ နဲ႔ ပါကစၥတန္တို႔ၾကားအျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈေတြအတြက္ စိုးရိမ္မိၿပီး အျငင္းပြားမႈေတြကိုေျဖရွင္းေပးႏိုင္ဖို႔ ၾကားဝင္ကူညီေပးမယ္လို႔ ကမ္းလွမ္းလိုက္ပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက "အိႏၵိယနဲ႔ ပါကစၥတန္ၾကား လက္ရွိအေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနပါတယ္” ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ဦးစားေပးဖို႔၊ တည္ၿငိမ္ၿပီး ထိန္းထားဖို႔၊ ၿငိမ္းခ်မ္းတဲ့နည္းလမ္းနဲ႔ ႏိုင္ငံေရး ေျပလည္မႈ လမ္းေၾကာင္းကိုျပန္သြားဖို႔နဲ႔ တင္းမာမႈေတြ ပိုတိုးလာေစမယ့္လုပ္ရပ္ေတြကိုေရွာင္ရွားၾကဖို႔ ေတာင္းဆိုထားပါ တယ္" လို႔ သတင္းထုတ္ျပန္ထားပါတယ္။