သဘာဝဓာတ်ငွေ့ကို ရယူသုံးစွဲနေသည့်အဖွဲ့အစည်းများအသုံးပြုသည့် စက်ပစ္စည်းကိရိယာများ၏ စွမ်းဆောင်ရည်နိမ့်ကျမှုကြောင့်လည်း လေလွင့်ဆုံးရှုံးမှု များစွာဖြစ်ပေါ်နေ

261

Pearl (NP news) - အောက်တိုဘာ ၅
သဘာဝဓာတ်ငွေ့ကို ရယူသုံးစွဲနေသည့် အဖွဲ့အစည်းများအသုံးပြုသည့် စက်ပစ္စည်းကိရိယာများ၏ စွမ်းဆောင်ရည်နိမ့်ကျမှုကြောင့်လည်း လေလွင့်ဆုံးရှုံးမှုများစွာဖြစ်ပေါ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ တီတွတ်ပိုက်လိုင်း အခြေစိုက်စခန်းကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့ အရင်းအမြစ်များသည် အကန့်အသတ်ဖြင့်သာ ထုတ်ယူရရှိနိုင်သည်ဖြစ်၍ အကျိုးရှိထိရောက်စွာ အသုံးပြုရန်လိုအပ်ကြောင်း နှင့် သဘာဝဓာတ်ငွေ့ကို ရယူသုံးစွဲနေသည့်အဖွဲ့အစည်းများအသုံးပြုသည့် စက်ပစ္စည်းကိရိယာများ၏ စွမ်းဆောင်ရည်နိမ့်ကျမှုကြောင့်လည်း လေလွင့်ဆုံးရှုံးမှုများစွာဖြစ်ပေါ်နေပါကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပိုက်လိုင်းများ အဆင့်မြှင့်တင်လဲလှယ်ခြင်းနှင့် Metering System များ စနစ်တကျမရှိမှုများကြောင့် ဆုံးရှုံးမှုများကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် အစီအမံများချမှတ်ပြီး ဆောင်ရွက်နေပြီဖြစ်ကြောင်း နှင့် ပြည်တွင်းတွင် သုံးစွဲလျက်ရှိသည့် သဘာဝဓာတ်ငွေ့များ၏ ၈၅ ရာခိုင်နှုန်း ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍတွင် အဓိကဖြန့်ဖြူးပေးလျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။
သဘာဝဓာတ်ငွေ့များ လေလွင့်ဆုံးရှုံးမှုမရှိပါက ယခုလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကျော် ပိုမိုတိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စက်များ၏ စွမ်းဆောင်ရည်ကြောင့် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ စွမ်းဆောင်ရည်ကျဆင်းနေသော ဓာတ်အားပေးစက်များအားပြုပြင်စေခြင်း၊ စွမ်းဆောင်ရည်ပိုမိုမြင့်မားသောစက်များဖြင့် လဲလှယ်အသုံးပြုစေခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်ရေး စီမံကိန်းအသစ်များ တည်ဆောက်ရန် အဆိုပြုလျှောက်ထားလာမှုအပေါ် တွင် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာစက်စွမ်းရည်အပေါ်မူတည်၍ စိစစ်ခြင်းတို့ဖြင့် ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း လည်း ပြောကြားခဲ့သည်။
အလားတူ ပြည်တွင်းပိုက်လိုင်းကွန်ရက်များတွင် သဘာဝဓာတ်ငွေ့ ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် ပိုက်လိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရမည့်အပိုင်းများသတ်မှတ်ပြီး နှစ်အလိုက်အစား ထိုးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုက်လိုင်းများအစားထိုးလဲလှယ်ခြင်း၊ ပိုက်လိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကာ သဘာဝဓာတ်ငွေ့ ထိန်း/ဖြန့် စခန်းများမှ စက်ရုံတစ်ခုချင်းစီသို့ Metering စနစ်အသုံးပြု၍ ဖြန့်ဖြူးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Zawgyi Version:
သဘာဝဓာတ္ေငြ႕ကို ရယူသုံးစြဲေနသည့္အဖြဲ႕အစည္းမ်ားအသုံးျပဳသည့္ စက္ပစၥည္းကိရိယာမ်ား၏ စြမ္းေဆာင္ရည္နိမ့္က်မႈေၾကာင့္လည္း ေလလြင့္ဆုံးရႈံးမႈ မ်ားစြာျဖစ္ေပၚေန
Pearl (NP news) - ေအာက္တိုဘာ ၅
သဘာဝဓာတ္ေငြ႕ကို ရယူသုံးစြဲေနသည့္ အဖြဲ႕အစည္းမ်ားအသုံးျပဳသည့္ စက္ပစၥည္းကိရိယာမ်ား၏ စြမ္းေဆာင္ရည္နိမ့္က်မႈေၾကာင့္လည္း ေလလြင့္ဆုံးရႈံးမႈမ်ားစြာျဖစ္ေပၚေနေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္သည္ တာဝန္ရွိသူမ်ားႏွင့္အတူ ယေန႔တြင္ ပဲခူးတိုင္းေဒသႀကီးအတြင္းရွိ ျမန္မာ့ေရနံႏွင့္သဘာဝဓာတ္ေငြ႕လုပ္ငန္း၏ တီတြတ္ပိုက္လိုင္း အေျခစိုက္စခန္းကို သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ သြားေရာက္စစ္ေဆးစဥ္ ျပည္ေထာင္စုဝန္ႀကီးက ေရနံႏွင့္သဘာဝဓာတ္ေငြ႕ အရင္းအျမစ္မ်ားသည္ အကန႔္အသတ္ျဖင့္သာ ထုတ္ယူရရွိႏိုင္သည္ျဖစ္၍ အက်ိဳးရွိထိေရာက္စြာ အသုံးျပဳရန္လိုအပ္ေၾကာင္း ႏွင့္ သဘာဝဓာတ္ေငြ႕ကို ရယူသုံးစြဲေနသည့္အဖြဲ႕အစည္းမ်ားအသုံးျပဳသည့္ စက္ပစၥည္းကိရိယာမ်ား၏ စြမ္းေဆာင္ရည္နိမ့္က်မႈေၾကာင့္လည္း ေလလြင့္ဆုံးရႈံးမႈမ်ားစြာျဖစ္ေပၚေနပါေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ပိုက္လိုင္းမ်ား အဆင့္ျမႇင့္တင္လဲလွယ္ျခင္းႏွင့္ Metering System မ်ား စနစ္တက်မရွိမႈမ်ားေၾကာင့္ ဆုံးရႈံးမႈမ်ားကို မိမိတို႔ဝန္ႀကီးဌာနအေနျဖင့္ အစီအမံမ်ားခ်မွတ္ၿပီး ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း ႏွင့္ ျပည္တြင္းတြင္ သုံးစြဲလ်က္ရွိသည့္ သဘာဝဓာတ္ေငြ႕မ်ား၏ ၈၅ ရာခိုင္ႏႈန္း ကို လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈက႑တြင္ အဓိကျဖန႔္ျဖဴးေပးလ်က္ရွိေၾကာင္းလည္း ေျပာၾကားခဲ့သည္။
သဘာဝဓာတ္ေငြ႕မ်ား ေလလြင့္ဆုံးရႈံးမႈမရွိပါက ယခုလွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈ၏ ၃၀ ရာခိုင္ႏႈန္းေက်ာ္ ပိုမိုတိုးတက္ထုတ္လုပ္ႏိုင္မည္ျဖစ္ၿပီး စက္မ်ား၏ စြမ္းေဆာင္ရည္ေၾကာင့္ ေလလြင့္ဆုံးရႈံးမႈ မျဖစ္ေပၚေစေရးအတြက္ လွ်ပ္စစ္စြမ္းအားဝန္ႀကီး ဌာနႏွင့္ပူးေပါင္း၍ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ စြမ္းေဆာင္ရည္က်ဆင္းေနေသာ ဓာတ္အားေပးစက္မ်ားအားျပဳျပင္ေစျခင္း၊ စြမ္းေဆာင္ရည္ပိုမိုျမင့္မားေသာစက္မ်ားျဖင့္ လဲလွယ္အသုံးျပဳေစျခင္း၊ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေပးႏိုင္ေရး စီမံကိန္းအသစ္မ်ား တည္ေဆာက္ရန္ အဆိုျပဳေလွ်ာက္ထားလာမႈအေပၚ တြင္ စြမ္းအင္ဝန္ႀကီးဌာနအေနျဖင့္ သက္ဆိုင္ရာစက္စြမ္းရည္အေပၚမူတည္၍ စိစစ္ျခင္းတို႔ျဖင့္ ထိန္းေက်ာင္းသြားမည္ျဖစ္ေၾကာင္း လည္း ေျပာၾကားခဲ့သည္။
အလားတူ ျပည္တြင္းပိုက္လိုင္းကြန္ရက္မ်ားတြင္ သဘာဝဓာတ္ေငြ႕ ဆုံးရႈံးမႈေလ်ာ့နည္းေစရန္အတြက္ ပိုက္လိုင္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ားကို ဦးစားေပးေဆာင္႐ြက္ရမည့္အပိုင္းမ်ားသတ္မွတ္ၿပီး ႏွစ္အလိုက္အစား ထိုးျပဳျပင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသည့္အျပင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ပိုက္လိုင္းမ်ားအစားထိုးလဲလွယ္ျခင္း၊ ပိုက္လိုင္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ား စတင္ေဆာင္႐ြက္လ်က္ရွိကာ သဘာဝဓာတ္ေငြ႕ ထိန္း/ျဖန႔္ စခန္းမ်ားမွ စက္႐ုံတစ္ခုခ်င္းစီသို႔ Metering စနစ္အသုံးျပဳ၍ ျဖန႔္ျဖဴးျခင္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။