ဂျာမနီ၊ လစ်သူယေးနီးတို့နဲ့ထိစပ်နေတဲ့နယ်စပ်တွေမှာ တပ်ဖွဲ့ဝင်တွေဖြန့်ကျက်ချထားဖို့ ပိုလန်အစိုးရ အမိန့်ပေး

 154

Pika (NP News) - အောက်တိုဘာ ၅

ဂျာမနီနိုင်ငံ၊လစ်သူယေးနီးယားနိုင်ငံတို့နဲ့ထိစပ်နေတဲ့နယ်စပ်တွေမှာ တပ်ဖွဲ့ဝင်တွေဖြန့်ကျက်ချထားဖို့ ပိုလန် သမ္မတ ကာရိုးနော်ရော်ကီက အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။ တရားမဝင် ဝင်ရောက်လာမှုတွေ မြင့်တက် လာမှု အပေါ်ကိုးကားပြီး နယ်စပ်ထိန်းချုပ်မှုတွေကို ပြန်လည်စတင်ဖို့ ပိုလန်အစိုးရက မကြာသေးခင်က ဆုံးဖြတ်ခဲ့ တယ်လို့လည်း သိရပါတယ်။
ဂျာမနီ၊လစ်သူယေးနီးယားနဲ့ ပိုလန်နိုင်ငံတို့ဟာ (၂၀၁၅)ခုနှစ်တည်းက ဒုက္ခသည်ဆိုင်ရာအကျပ်အတည်းနဲ့ ရင်ဆိုင် ခဲ့ရတဲ့နိုင်ငံတွေဖြစ်တယ်လို့လည်း သိရပါတယ်။ နယ်စပ်ထိန်းချုပ်မှုတွေဟာ အောက်တိုဘာလ(၅)ရက်မှာ စတင် အသက်ဝင်မှာဖြစ်ပြီး (၂၀၂၆)ခုနှစ် ဧပြီလ(၄)ရက်အထိ အသက်ဝင်သွားလိမ့်မယ်လို့ ကာရိုးနော်ရော်ကီက ပြောကြားခဲ့ပါတယ်။
ပိုလန်နိုင်ငံ အနောက်ဘက်ခြမ်းမှာ တပ်ဖွဲ့ဝင်(၇၀၀)ကျော် ချထားပြီးပြီဖြစ်ကြောင်း နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို ကူညီဖို့အတွက် နောက်ထပ်စစ်ဘက်ဆိုင်ရာဝန်ထမ်း(၅၀၀၀)ဦးစေလွှတ်ဖို့ စီစဉ်ထားတယ်လို့ ပိုလန်ကာကွယ်ရေး ဝန်ကြီး Wladyslaw Kosiniak-Kamysz က ပြီးခဲ့တဲ့ဇူလိုင်လမှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ယာယီနယ်စပ် ထိန်းချုပ်မှုတွေကို (၂၀၂၆)ခုနှစ် ဧပြီလ(၄)ရက်အထိ သက်တမ်းတိုးသွားမယ်ဆိုတာကို ပိုလန်ပြည်ထဲရေးဝန်ကြီး ဌာနက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။
ရုရှားရဲ့ဒရုန်းတွေ ပိုလန်လေပိုင်နက်ထဲကို ဝင်ရောက်လာခဲ့တဲ့ဖြစ်ရပ်တွေအပြီး သီတင်းပတ်အနည်းငယ်အကြာမှာ ယခုလိုလုပ်ဆောင်မှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version:
ဂ်ာမနီ၊ လစ္သူေယးနီးတို႔နဲ႔ထိစပ္ေနတဲ့နယ္စပ္ေတြမွာ တပ္ဖြဲ႕ဝင္ေတြျဖန႔္က်က္ခ်ထားဖို႔ ပိုလန္အစိုးရ အမိန႔္ေပး
Pika (NP News) - ေအာက္တိုဘာ ၅
ဂ်ာမနီႏိုင္ငံ၊လစ္သူေယးနီးယားႏိုင္ငံတို႔နဲ႔ထိစပ္ေနတဲ့နယ္စပ္ေတြမွာ တပ္ဖြဲ႕ဝင္ေတြျဖန႔္က်က္ခ်ထားဖို႔ ပိုလန္ သမၼတ ကာ႐ိုးေနာ္ေရာ္ကီက အမိန႔္ေပးခဲ့တယ္လို႔ သိရပါတယ္။ တရားမဝင္ ဝင္ေရာက္လာမႈေတြ ျမင့္တက္ လာမႈ အေပၚကိုးကားၿပီး နယ္စပ္ထိန္းခ်ဳပ္မႈေတြကို ျပန္လည္စတင္ဖို႔ ပိုလန္အစိုးရက မၾကာေသးခင္က ဆုံးျဖတ္ခဲ့ တယ္လို႔လည္း သိရပါတယ္။
ဂ်ာမနီ၊လစ္သူေယးနီးယားနဲ႔ ပိုလန္ႏိုင္ငံတို႔ဟာ (၂၀၁၅)ခုႏွစ္တည္းက ဒုကၡသည္ဆိုင္ရာအက်ပ္အတည္းနဲ႔ ရင္ဆိုင္ ခဲ့ရတဲ့ႏိုင္ငံေတြျဖစ္တယ္လို႔လည္း သိရပါတယ္။ နယ္စပ္ထိန္းခ်ဳပ္မႈေတြဟာ ေအာက္တိုဘာလ(၅)ရက္မွာ စတင္ အသက္ဝင္မွာျဖစ္ၿပီး (၂၀၂၆)ခုႏွစ္ ဧၿပီလ(၄)ရက္အထိ အသက္ဝင္သြားလိမ့္မယ္လို႔ ကာ႐ိုးေနာ္ေရာ္ကီက ေျပာၾကားခဲ့ပါတယ္။
ပိုလန္ႏိုင္ငံ အေနာက္ဘက္ျခမ္းမွာ တပ္ဖြဲ႕ဝင္(၇၀၀)ေက်ာ္ ခ်ထားၿပီးၿပီျဖစ္ေၾကာင္း နဲ႔ နယ္ျခားေစာင့္တပ္ဖြဲ႕ေတြကို ကူညီဖို႔အတြက္ ေနာက္ထပ္စစ္ဘက္ဆိုင္ရာဝန္ထမ္း(၅၀၀၀)ဦးေစလႊတ္ဖို႔ စီစဥ္ထားတယ္လို႔ ပိုလန္ကာကြယ္ေရး ဝန္ႀကီး Wladyslaw Kosiniak-Kamysz က ၿပီးခဲ့တဲ့ဇူလိုင္လမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။ ယာယီနယ္စပ္ ထိန္းခ်ဳပ္မႈေတြကို (၂၀၂၆)ခုႏွစ္ ဧၿပီလ(၄)ရက္အထိ သက္တမ္းတိုးသြားမယ္ဆိုတာကို ပိုလန္ျပည္ထဲေရးဝန္ႀကီး ဌာနက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေၾကညာခဲ့တာလည္းျဖစ္ပါတယ္။
႐ုရွားရဲ႕ဒ႐ုန္းေတြ ပိုလန္ေလပိုင္နက္ထဲကို ဝင္ေရာက္လာခဲ့တဲ့ျဖစ္ရပ္ေတြအၿပီး သီတင္းပတ္အနည္းငယ္အၾကာမွာ ယခုလိုလုပ္ေဆာင္မႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.