အစ္စရေးဓါးစာခံတွေအားလုံးကို ပြန်လွှတ်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဟားမက်လက်နက်ကိုင်အဖွဲ့ပြော

 230

Pika (NP News) - အောက်တိုဘာ ၅

ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အစ္စရေးဓါးစာခံတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ လွှဲပြောင်းပေးမှုဆိုင်ရာအသေးစိတ်အချက်အလက်တွေကို‌ ဆွေးနွေးဖို့အတွက် ပြင်ဆင်ထားတယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသကို လွတ်လပ်တဲ့ပါလက်စတိုင်းအဖွဲ့ထံ လွှဲပြောင်းပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသငြိမ်းချမ်းရေးအတွက် ဒေါ်နယ်ထရမ့်ရဲ့အဆိုပြုချက်ကို လေ့လာသုံးသပ်ခဲ့ပြီးနောက် အဲဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်တယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့အဆိုပြချက်ထဲမှာ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြား ချက်ချင်းအပစ်အခတ်ရပ်စဲဖို့၊ အကျဉ်းသားအပြန်အလှန်လဲလှယ်ဖို့၊ ဂါဇာကနေ အစ္စရေးတပ်ဖွဲ့တွေရုတ်သိမ်းဖို့တို့ ပါဝင်တယ်လို့လည်း သိရပါတယ်။
ဟားမက်လက်နက်ကိုင်အဖွဲ့က “ဒီလိုအခြေအနေမျိုးမှာ ဓါးစာခံတွေ ပြန်လွှတ်ပေးဖို့နဲ့ အကျဉ်းသားလဲလှယ်မှုဆိုင်ရာအသေးစိတ်အချက်အလက်တွေကို ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသအုပ်ချုပ်ရေးကို လွတ်လပ်တဲ့ ပါလက်စတိုင်းအဖွဲ့ကို လွှဲပြောင်းပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အစၥေရးဓါးစာခံေတြအားလုံးကို ျပန္လႊတ္ေပးဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ေျပာ
Pika (NP News) - ေအာက္တိုဘာ ၅
ဂါဇာကမ္းေျမာင္ေဒသမွာ ဖမ္းဆီးထိန္းသိမ္းထားတဲ့ အစၥေရးဓါးစာခံေတြအားလုံးကို ျပန္လႊတ္ေပးဖို႔နဲ႔ လႊဲေျပာင္းေပးမႈဆိုင္ရာအေသးစိတ္အခ်က္အလက္ေတြကို‌ ေဆြးေႏြးဖို႔အတြက္ ျပင္ဆင္ထားတယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသကို လြတ္လပ္တဲ့ပါလက္စတိုင္းအဖြဲ႕ထံ လႊဲေျပာင္းေပးဖို႔ အဆင္သင့္ရွိတယ္လို႔လည္း ဟားမက္လက္နက္ကိုင္အဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသၿငိမ္းခ်မ္းေရးအတြက္ ေဒၚနယ္ထရမ့္ရဲ႕အဆိုျပဳခ်က္ကို ေလ့လာသုံးသပ္ခဲ့ၿပီးေနာက္ အဲဒီဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့တာျဖစ္တယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ရဲ႕အဆိုျပခ်က္ထဲမွာ အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား ခ်က္ခ်င္းအပစ္အခတ္ရပ္စဲဖို႔၊ အက်ဥ္းသားအျပန္အလွန္လဲလွယ္ဖို႔၊ ဂါဇာကေန အစၥေရးတပ္ဖြဲ႕ေတြ႐ုတ္သိမ္းဖို႔တို႔ ပါဝင္တယ္လို႔လည္း သိရပါတယ္။
ဟားမက္လက္နက္ကိုင္အဖြဲ႕က “ဒီလိုအေျခအေနမ်ိဳးမွာ ဓါးစာခံေတြ ျပန္လႊတ္ေပးဖို႔နဲ႔ အက်ဥ္းသားလဲလွယ္မႈဆိုင္ရာအေသးစိတ္အခ်က္အလက္ေတြကို ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ဘက္က အဆင္သင့္ျဖစ္ေနပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသအုပ္ခ်ဳပ္ေရးကို လြတ္လပ္တဲ့ ပါလက္စတိုင္းအဖြဲ႕ကို လႊဲေျပာင္းေပးဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔လည္း ဟားမက္လက္နက္ကိုင္အဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.