ထိုင်းနိုင်ငံရှိ သက်တမ်းကုန်ဆုံးတော့မည့် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများကို သြဂုတ်လ(၂)ရက်မှစ၍ အသစ်ပြုလုပ်ပေးမည်ဟု မြန်မာသံရုံးအသိပေး

 912

ယွန်း (NP News) - ဇူလိုင် ၂၀

ထိုင်းနိုင်ငံရှိ သက်တမ်းကုန်ဆုံးတော့မည့် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများကို သြဂုတ်လ(၂)ရက်မှစ၍ အသစ်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ယနေ့(ဇူလိုင်လ ၂၀ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအနက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးတော့မည့် နိုင်ငံကူးလက်မှတ်များကို လာမည့် သြဂုတ်လ(၂)ရက်မှစ၍ အသစ်ပြုလုပ်ပေးမည်ဖြစ်ကြောင်း သံရုံးမှ အသိပေးထားသည်။

ထို့ကြောင့် ရက်ချိန်းတိုကင်များအား ဇူလိုင်လ(၂၉)ရက်မှစ၍ စနေနေ့တိုင်း နံနက်(၈)နာရီ မှစတင်ကာ နေ့လည်(၁၂) နာရီအထိ ရုံးဟောင်းဂိတ် (ယခင်နေရာ)၌ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရက်ချိန်းတိုကင် လာရောက်ထုတ်ယူသူများအနေဖြင့် မိမိကိုင်ဆောင်သော နိုင်ငံကူးလက်မှတ်စာအုပ်ကို ယူဆောင်လာရမည်ဖြစ်ပြီး မျက်နှာဖြင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ရက်ချိန်းတိုကင်ကို ပေးအပ်မည်ဖြစ်ကြောင်း သံရုံးမှထုတ်ပြန်ထားသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် ကိုယ်စားလှယ်များဖြင့် ထုတ်ယူခြင်းကို လုံးဝပေးအပ်မည်မဟုတ်ကြောင်း သံရုံးက အသိပေးထားသည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်အထိ သက်တမ်းကုန် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ အရေ အတွက်သည် အနည်းငယ်သာရှိသည့်အတွက် ညအချိန်မှစ၍ နေရာယူတန်းစီရန် မလိုကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့ကြောင့် PJ သက်တမ်းကုန်ဆုံးသူများအနေဖြင့် ဇူလိုင်လ(၂၉)ရက် နံနက်မိုးလင်းမှသာလာရောက်ရန်နှင့် လာရောက်သူအားလုံးကို ထုတ်ပေးမည်ဖြစ်ခြင်းကြောင့် စနစ်တကျတန်းစီ၍ တိုကင်ရယူရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

zawgyi version
ထိုင္းႏိုင္ငံရွိ သက္တမ္းကုန္ဆုံးေတာ့မည့္ PJ ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ထားသူမ်ားကို ၾသဂုတ္လ(၂)ရက္မွစ၍ အသစ္ျပဳလုပ္ေပးမည္ဟု ျမန္မာသံ႐ုံးအသိေပး
ယြန္း (NP News) - ဇူလိုင္ ၂၀

ထိုင္းႏိုင္ငံရွိ သက္တမ္းကုန္ဆုံးေတာ့မည့္ PJ ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ထားသူမ်ားကို ၾသဂုတ္လ(၂)ရက္မွစ၍ အသစ္ျပဳလုပ္ေပးမည္ျဖစ္ေၾကာင္း ဘန္ေကာက္ရွိ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားသည္။

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ယေန႔(ဇူလိုင္လ ၂၀ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္လ်က္ရွိေသာ PJ ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ထားသူမ်ားအနက္မွ ၂၀၂၄ ခုႏွစ္၊ မတ္လ ၃၁ ရက္တြင္ သက္တမ္းကုန္ဆုံးေတာ့မည့္ ႏိုင္ငံကူးလက္မွတ္မ်ားကို လာမည့္ ၾသဂုတ္လ(၂)ရက္မွစ၍ အသစ္ျပဳလုပ္ေပးမည္ျဖစ္ေၾကာင္း သံ႐ုံးမွ အသိေပးထားသည္။

ထို႔ေၾကာင့္ ရက္ခ်ိန္းတိုကင္မ်ားအား ဇူလိုင္လ(၂၉)ရက္မွစ၍ စေနေန႔တိုင္း နံနက္(၈)နာရီ မွစတင္ကာ ေန႔လည္(၁၂) နာရီအထိ ႐ုံးေဟာင္းဂိတ္ (ယခင္ေနရာ)၌ ေပးအပ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ရက္ခ်ိန္းတိုကင္ လာေရာက္ထုတ္ယူသူမ်ားအေနျဖင့္ မိမိကိုင္ေဆာင္ေသာ ႏိုင္ငံကူးလက္မွတ္စာအုပ္ကို ယူေဆာင္လာရမည္ျဖစ္ၿပီး မ်က္ႏွာျဖင့္ တိုက္ဆိုင္စစ္ေဆးၿပီးမွသာ ရက္ခ်ိန္းတိုကင္ကို ေပးအပ္မည္ျဖစ္ေၾကာင္း သံ႐ုံးမွထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ၎တို႔အေနျဖင့္ ကိုယ္စားလွယ္မ်ားျဖင့္ ထုတ္ယူျခင္းကို လုံးဝေပးအပ္မည္မဟုတ္ေၾကာင္း သံ႐ုံးက အသိေပးထားသည္။

၂၀၂၄ ခုႏွစ္၊ မတ္လ (၃၁) ရက္အထိ သက္တမ္းကုန္ PJ ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္သူ အေရ အတြက္သည္ အနည္းငယ္သာရွိသည့္အတြက္ ညအခ်ိန္မွစ၍ ေနရာယူတန္းစီရန္ မလိုေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။

ထို႔ေၾကာင့္ PJ သက္တမ္းကုန္ဆုံးသူမ်ားအေနျဖင့္ ဇူလိုင္လ(၂၉)ရက္ နံနက္မိုးလင္းမွသာလာေရာက္ရန္ႏွင့္ လာေရာက္သူအားလုံးကို ထုတ္ေပးမည္ျဖစ္ျခင္းေၾကာင့္ စနစ္တက်တန္းစီ၍ တိုကင္ရယူရန္ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.