ဖလောရင့်နိုက်တင်ဂေးလ်ဆုရှင် သားဖွားဆရာမကြီး ဒေါ်သိန်းရီ ကွယ်လွန်

606

သက်ပိုင် (NP News) - ဩဂုတ် ၂၇
၂ဝဝ၁ ခုနှစ် ဖလောရင့်နိုက်တင်ဂေးလ်ဆုရှင် သားဖွားဆရာမကြီးဒေါ်သိန်းရီ သည် အသက် ၇၄ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒေါ်သိန်းရီသည် သြဂုတ်လ (၂၆) ရက် (အင်္ဂါနေ့) နံနက် (၉) နာရီ (၃၀) မိနစ် အချိန်ခန့်က ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ကွယ်လွန်သွားသည့်အပေါ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ နှင့်တကွ အလုပ်အမှုဆောင်များ၊ ဝန်ထမ်းများ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များအားလုံးက ဆရာမကြီး၏ မိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပါကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သားဖွားဆရာမ ဒေါ်သိန်းရီသည် ၁၉၉၅ ခုနှစ် ဧပြီလ(၂) ရက် ညနေပိုင်းက ရပ်ကွက် အတွင်း ဖြစ်ပွားခဲ့သည့် မီးလောင်မှုတစ်ခုတွင် မီးလောင်နေသည့် နေအိမ်အတွင်းမှ ပိတ်မိနေသော ကလေးငယ်ကို အသက်စွန့်ကယ်ဆယ်ခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ပေးအပ်ချီးမြှင့်သော ဖလောရင့်နိုက်တင်ဂေးဆုကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခြင်းခံထားရသူဖြစ်သည်။
ထိုသို့ကယ်ဆယ်ခဲ့သည့်အတွက် ဖလောရင့်နိုက်တင်ဂေးဆုအပြင် ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ကိုလည်း ဇန်နဝါရီလ (၄) ရက် (၇၆)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆရာမ ဒေါ်သိန်းရီကို ၁၉၅၁ ခုနှစ်၊ အောက်တိုဘာ (၅) ရက်တွင် ဦးထွန်းစိန်နှင့် ဒေါ်နန်းလိပ်တို့က ဖွားမြင်ခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် သားဖွားဆရာမ သင်တန်းအောင်မြင်ခဲ့ပြီးနောက် ၁၉၇၅ ခုနှစ်မှ စ၍ သားဖွားဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဖေလာရင့္ႏိုက္တင္ေဂးလ္ဆုရွင္ သားဖြားဆရာမႀကီး ေဒၚသိန္းရီ ကြယ္လြန္
သက္ပိုင္ (NP News) - ဩဂုတ္ ၂၇
၂ဝဝ၁ ခုႏွစ္ ဖေလာရင့္ႏိုက္တင္ေဂးလ္ဆုရွင္ သားဖြားဆရာမႀကီးေဒၚသိန္းရီ သည္ အသက္ ၇၄ ႏွစ္အ႐ြယ္တြင္ ကြယ္လြန္သြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံၾကက္ေျခနီအသင္း၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ေဒၚသိန္းရီသည္ ၾသဂုတ္လ (၂၆) ရက္ (အဂၤါေန႔) နံနက္ (၉) နာရီ (၃၀) မိနစ္ အခ်ိန္ခန္႔က ကြယ္လြန္ခဲ့ျခင္းျဖစ္ၿပီး ယခုကဲ့သို႔ ကြယ္လြန္သြားသည့္အေပၚ ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္းဥကၠ႒ ႏွင့္တကြ အလုပ္အမႈေဆာင္မ်ား၊ ဝန္ထမ္းမ်ား၊ ၾကက္ေျခနီ ေစတနာလုပ္အားရွင္မ်ားအားလုံးက ဆရာမႀကီး၏ မိသားစုႏွင့္ ထပ္တူထပ္မွ်ဝမ္းနည္းေၾကကြဲရပါေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
သားဖြားဆရာမ ေဒၚသိန္းရီသည္ ၁၉၉၅ ခုႏွစ္ ဧၿပီလ(၂) ရက္ ညေနပိုင္းက ရပ္ကြက္ အတြင္း ျဖစ္ပြားခဲ့သည့္ မီးေလာင္မႈတစ္ခုတြင္ မီးေလာင္ေနသည့္ ေနအိမ္အတြင္းမွ ပိတ္မိေနေသာ ကေလးငယ္ကို အသက္စြန္႔ကယ္ဆယ္ခဲ့သည့္အတြက္ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီမွ ေပးအပ္ခ်ီးျမႇင့္ေသာ ဖေလာရင့္ႏိုက္တင္ေဂးဆုကို ထိုက္ထိုက္တန္တန္ ခ်ီးျမႇင့္ျခင္းခံထားရသူျဖစ္သည္။
ထိုသို႔ကယ္ဆယ္ခဲ့သည့္အတြက္ ဖေလာရင့္ႏိုက္တင္ေဂးဆုအျပင္ ဝဏၰေက်ာ္ထင္ဘြဲ႕တံဆိပ္ကိုလည္း ဇန္နဝါရီလ (၄) ရက္ (၇၆)ႏွစ္ေျမာက္ စိန္ရတုလြတ္လပ္ေရးေန႔တြင္ ႏိုင္ငံေတာ္မွ ေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။
ဆရာမ ေဒၚသိန္းရီကို ၁၉၅၁ ခုႏွစ္၊ ေအာက္တိုဘာ (၅) ရက္တြင္ ဦးထြန္းစိန္ႏွင့္ ေဒၚနန္းလိပ္တို႔က ဖြားျမင္ခဲ့ၿပီး ၁၉၇၃ ခုႏွစ္တြင္ သားဖြားဆရာမ သင္တန္းေအာင္ျမင္ခဲ့ၿပီးေနာက္ ၁၉၇၅ ခုႏွစ္မွ စ၍ သားဖြားဆရာမအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ေၾကာင္း သိရသည္။