စစ်ကိုင်းပြတ်ရွေ့သည် ကမ္ဘာပေါ်ရှိ ငလျင်ပညာရှင်များအတွက် လေ့လာစရာသင်ခန်းစာတစ်ခုဖြစ်လာ

 485

ချယ်ရီ (NP News) - သြဂုတ် ၂၇
စစ်ကိုင်းပြတ်ရွေ့သည် ကမ္ဘာပေါ်ရှိ ငလျင် ပညာရှင်များအတွက် လေ့လာစရာ သင်ခန်းစာတစ်ခု ဖြစ်လာပြီး နှိုင်းယှဉ်လေ့လာမှုများရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင် ဌာန ခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက NP News သို့ ပြောကြားသည်။ လတ်တ လောအားဖြင့် စစ်ကိုင်းပြတ်ရွှေ့နှင့် နှိုင်းယှဉ်လေ့လာပြီးနောက် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည် နယ်ရှိ San Andreas ပြတ်ရွေ့သည် မျှော်မှန်းထားသည့် မြေလွှာပွတ်တိုက်မှုပုံစံအတိုင်း ကွက်တိုင်းကျနိုင် ဖွယ်မရှိဟု California Institute of Technology (Caltech) မှ ပညာရှင်များက ထုတ်ပြန်ချက် တစ်စောင် ထုတ်ကာ ပြောကြားထားသည်။
ထို့ပြင် သုတေသနအဖွဲ့တစ်ဖွဲ့က ပြတ်ရွေ့ကြောများ ရွေ့လျားသည့်ပုံစံနှင့်ပတ်သက်၍ ဂြိုဟ်တု ဓာတ်ပုံများ အသုံးပြုကာ ကွန်ပျူတာပုံစံဖြင့် ခန့်မှန်ခဲ့ရာ စစ်ကိုင်းပြတ်ရွေ့နှင့် San Andreas ပြတ်ရွေ့ ကဲ့ သို့ ဘေးတိုက်ပြတ်ရွေ့များက ယခင်ကသိထားသော ငလျင်လှုပ်ခတ်မှု ပုံစံထက် ပိုမိုကျယ်ပြန့်သော ငလျင်လှုပ်ခတ်မှုများကို ဖြစ်စေသည်ကို တွေ့ရကြောင်း PNAS ဂျာနယ်တွင် ဖော်ပြခဲ့ဖူးသည်။
“စစ်ကိုင်းပြတ်ရွေ့၊ မန္တလေးငလျင်ကြီးကတော့ လှုပ်ခတ်တဲ့အခါမှာ အချိန်တိုအတွင်း သူ့ရဲ့ မြေ သားကွဲအက်မှုအရှည်က လျင်မြန်စွာပျံ့နှံ့သွားတယ်ပေါ့နော်။ အဲဒီအတွက်ကြောင့်မလို့ ပြတ်ရွေ့ တစ် လျှောက်ရှိတဲ့ဒေသတွေမှာဆိုရင် ပျက်စီးမှုတွေ များတယ်။ ဒီဟာက ကမ္ဘာတစ်ခုလုံးကတော့ Super shear ဖြစ်တယ်ပေါ့နော်။ အဲဒီလိုခေါ်ကြပြီးတော့ များသောအားဖြင့်တော့ ငလျင်နဲ့ပတ်သက်တဲ့ ငလျင် မကြာခဏလှုပ်တတ်တဲ့ဒေသတွေ၊ အမေရိကန်တို့မှာ ဆိုရင် ဒီဟာနဲ့ပတ်သက်ပြီးတော့ မန္တလေးငလျင်ကို ဥပမာယူပြီးတော့ လေ့လာဆောင်ရွက်တာမျိုးတွေတော့ ရှိပါတယ်ခင်ဗျ။ ကျွန်တော်တို့ ဒီမန္တလေး ငလျင် ကတော့ အချိန်တိုအတွင်းမှာ သူ့ရဲ့မြေသားကွဲ အက်မှုက အရမ်းကိုမြန်တဲ့အတွက်ကြောင့်ပေါ့နော်။ ဒီဖြစ် စဉ်မျိုးကတော့ ငလျင်ပညာရှင်အများစု စိတ်ဝင်စားတဲ့ဟာမျိုးဖြစ်ပါတယ်” ဟု ဒေါက်တာ ယဉ်မျိုးမင်း ထွေးက ဆိုသည်။ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု၌ မြေသားကွဲအက်မှုအရှည်မှာမန္တလေးအပေါ်ပိုင်းမှစ၍ အောက်ဘက်ဖြူးမြို့နယ်အထိ ပြတ်ရွေ့အတိုင်း မြေသားကွဲအက်မှုဖြစ်ပေါ်သွားရာ ပျမ်းမျှအားဖြင့် ကီလို မီတာ လေးရာကျော်နှင့် ငါးရာအတွင်းရှိခဲ့ပြီး ယင်းဖြစ်စဉ်မှာ ငလျင်ပညာရှင်အများစုအတွက် များစွာ အထောက်ကူပြုသည့် အတွေ့အကြုံတစ်ခုဖြစ်ကြောင်း ဒုတိယòန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်း ထွေးက ပြောသည်။
“ငလျင်ပညာရှင်အများစုအတွက်ကတော့ သုတေသနရောပေါ့နော်။ နောင်တစ်ချိန်မှာ ဒီဘက် နှစ် ကျမှ ဒီလိုအတွေ့အကြုံမျိုးရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီငလျင်ပတ်သက်ပြီး လေ့လာမှု၊ ဆောင် ရွက်မှုတွေ ဆောင်ရွက်ဖို့အတွက်ဆိုရင် များစွာအထောက်ကူပြုတဲ့ အတွေ့အကြုံတစ်ခုဖြစ်တယ်လို့ ပြော လို့ရပါတယ်” ဟု ၎င်းကဆိုသည်။ မန္တလေး ငလျင်နှင့်ပတ်သက်၍ ယင်းငလျင်လှုပ်ခတ်ခဲ့သော ပုံစံမှာ ကမ္ဘာ့ငလျင်လေ့လာသူများအတွက် သင်ခန်းစာတစ်ခုဖြစ်ပါသလားဟု NP News က မေးမြန်းခဲ့ရာ “ဟုတ် ကဲ့၊ ဟုတ်ကဲ့ပါ ခင်ဗျ” ဟု ပြန်လည်ပြောကြားသည်။

Zawgyi Version:
စစ္ကိုင္းျပတ္ေ႐ြ႕သည္ ကမာၻေပၚရွိ ငလ်င္ပညာရွင္မ်ားအတြက္ ေလ့လာစရာသင္ခန္းစာတစ္ခုျဖစ္လာ
ခ်ယ္ရီ (NP News) - ၾသဂုတ္ ၂၇
စစ္ကိုင္းျပတ္ေ႐ြ႕သည္ ကမာၻေပၚရွိ ငလ်င္ ပညာရွင္မ်ားအတြက္ ေလ့လာစရာ သင္ခန္းစာတစ္ခု ျဖစ္လာၿပီး ႏႈိင္းယွဥ္ေလ့လာမႈမ်ားရွိေနေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၊ ငလ်င္ ဌာန ခြဲမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာ ယဥ္မ်ိဳးမင္းေထြးက NP News သို႔ ေျပာၾကားသည္။ လတ္တ ေလာအားျဖင့္ စစ္ကိုင္းျပတ္ေ႐ႊ႕ႏွင့္ ႏႈိင္းယွဥ္ေလ့လာၿပီးေနာက္ အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္ နယ္ရွိ San Andreas ျပတ္ေ႐ြ႕သည္ ေမွ်ာ္မွန္းထားသည့္ ေျမလႊာပြတ္တိုက္မႈပုံစံအတိုင္း ကြက္တိုင္းက်ႏိုင္ ဖြယ္မရွိဟု California Institute of Technology (Caltech) မွ ပညာရွင္မ်ားက ထုတ္ျပန္ခ်က္ တစ္ေစာင္ ထုတ္ကာ ေျပာၾကားထားသည္။
ထို႔ျပင္ သုေတသနအဖြဲ႕တစ္ဖြဲ႕က ျပတ္ေ႐ြ႕ေၾကာမ်ား ေ႐ြ႕လ်ားသည့္ပုံစံႏွင့္ပတ္သက္၍ ၿဂိဳဟ္တု ဓာတ္ပုံမ်ား အသုံးျပဳကာ ကြန္ပ်ဴတာပုံစံျဖင့္ ခန႔္မွန္ခဲ့ရာ စစ္ကိုင္းျပတ္ေ႐ြ႕ႏွင့္ San Andreas ျပတ္ေ႐ြ႕ ကဲ့ သို႔ ေဘးတိုက္ျပတ္ေ႐ြ႕မ်ားက ယခင္ကသိထားေသာ ငလ်င္လႈပ္ခတ္မႈ ပုံစံထက္ ပိုမိုက်ယ္ျပန႔္ေသာ ငလ်င္လႈပ္ခတ္မႈမ်ားကို ျဖစ္ေစသည္ကို ေတြ႕ရေၾကာင္း PNAS ဂ်ာနယ္တြင္ ေဖာ္ျပခဲ့ဖူးသည္။
“စစ္ကိုင္းျပတ္ေ႐ြ႕၊ မႏၲေလးငလ်င္ႀကီးကေတာ့ လႈပ္ခတ္တဲ့အခါမွာ အခ်ိန္တိုအတြင္း သူ႔ရဲ႕ ေျမ သားကြဲအက္မႈအရွည္က လ်င္ျမန္စြာပ်ံ႕ႏွံ႔သြားတယ္ေပါ့ေနာ္။ အဲဒီအတြက္ေၾကာင့္မလို႔ ျပတ္ေ႐ြ႕ တစ္ ေလွ်ာက္ရွိတဲ့ေဒသေတြမွာဆိုရင္ ပ်က္စီးမႈေတြ မ်ားတယ္။ ဒီဟာက ကမာၻတစ္ခုလုံးကေတာ့ Super shear ျဖစ္တယ္ေပါ့ေနာ္။ အဲဒီလိုေခၚၾကၿပီးေတာ့ မ်ားေသာအားျဖင့္ေတာ့ ငလ်င္နဲ႔ပတ္သက္တဲ့ ငလ်င္ မၾကာခဏလႈပ္တတ္တဲ့ေဒသေတြ၊ အေမရိကန္တို႔မွာ ဆိုရင္ ဒီဟာနဲ႔ပတ္သက္ၿပီးေတာ့ မႏၲေလးငလ်င္ကို ဥပမာယူၿပီးေတာ့ ေလ့လာေဆာင္႐ြက္တာမ်ိဳးေတြေတာ့ ရွိပါတယ္ခင္ဗ်။ ကြၽန္ေတာ္တို႔ ဒီမႏၲေလး ငလ်င္ ကေတာ့ အခ်ိန္တိုအတြင္းမွာ သူ႔ရဲ႕ေျမသားကြဲ အက္မႈက အရမ္းကိုျမန္တဲ့အတြက္ေၾကာင့္ေပါ့ေနာ္။ ဒီျဖစ္ စဥ္မ်ိဳးကေတာ့ ငလ်င္ပညာရွင္အမ်ားစု စိတ္ဝင္စားတဲ့ဟာမ်ိဳးျဖစ္ပါတယ္” ဟု ေဒါက္တာ ယဥ္မ်ိဳးမင္း ေထြးက ဆိုသည္။ မႏၲေလးငလ်င္ႀကီးလႈပ္ခတ္မႈ၌ ေျမသားကြဲအက္မႈအရွည္မွာမႏၲေလးအေပၚပိုင္းမွစ၍ ေအာက္ဘက္ျဖဴးၿမိဳ႕နယ္အထိ ျပတ္ေ႐ြ႕အတိုင္း ေျမသားကြဲအက္မႈျဖစ္ေပၚသြားရာ ပ်မ္းမွ်အားျဖင့္ ကီလို မီတာ ေလးရာေက်ာ္ႏွင့္ ငါးရာအတြင္းရွိခဲ့ၿပီး ယင္းျဖစ္စဥ္မွာ ငလ်င္ပညာရွင္အမ်ားစုအတြက္ မ်ားစြာ အေထာက္ကူျပဳသည့္ အေတြ႕အႀကဳံတစ္ခုျဖစ္ေၾကာင္း ဒုတိယòန္ၾကားေရးမႉး ေဒါက္တာ ယဥ္မ်ိဳးမင္း ေထြးက ေျပာသည္။
“ငလ်င္ပညာရွင္အမ်ားစုအတြက္ကေတာ့ သုေတသနေရာေပါ့ေနာ္။ ေနာင္တစ္ခ်ိန္မွာ ဒီဘက္ ႏွစ္ က်မွ ဒီလိုအေတြ႕အႀကဳံမ်ိဳးရတာျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ဒီငလ်င္ပတ္သက္ၿပီး ေလ့လာမႈ၊ ေဆာင္ ႐ြက္မႈေတြ ေဆာင္႐ြက္ဖို႔အတြက္ဆိုရင္ မ်ားစြာအေထာက္ကူျပဳတဲ့ အေတြ႕အႀကဳံတစ္ခုျဖစ္တယ္လို႔ ေျပာ လို႔ရပါတယ္” ဟု ၎ကဆိုသည္။ မႏၲေလး ငလ်င္ႏွင့္ပတ္သက္၍ ယင္းငလ်င္လႈပ္ခတ္ခဲ့ေသာ ပုံစံမွာ ကမာၻ႔ငလ်င္ေလ့လာသူမ်ားအတြက္ သင္ခန္းစာတစ္ခုျဖစ္ပါသလားဟု NP News က ေမးျမန္းခဲ့ရာ “ဟုတ္ ကဲ့၊ ဟုတ္ကဲ့ပါ ခင္ဗ်” ဟု ျပန္လည္ေျပာၾကားသည္။

Related news

© 2021. All rights reserved.