သီတဂူဆရာတော်အပါအဝင် မာရဝိဇယဘုရား တည်ထားကိုးကွယ်မှု နှင့် နိုင်ငံလုံခြုံရေးဆောင်ရွက်ခဲ့သူများကို နစကဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်

12945
NP News - ဇူလိုင် ၂၃
သီတဂူဆရာတော်အပါအဝင် မာရဝိဇယဘုရား တည်ထားကိုးကွယ်မှုနှင့် နိုင်ငံတော်လုံခြုံရေးဆောင် ရွက်ခဲ့သူများကို နစကဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဇူလိုင်လ ၂၃ ရက်)တွင် ရဟန်သံဃာနှင့် လူပုဂ္ဂိုလ်ပေါင်း (၂၂၀)ကို ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်လိုက်ခြင်းဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများ နှင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ဆရာတော်ကြီးများ နှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်သည်ဟု နစကဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ ရွှေသုဝဏ်ဆရာတော်ကြီး ဘဒ္ဒန္တသဒ္ဓိယ၊ ပါမောက္ခချုပ်ဆရာတော်(ငြိမ်း) ဒေါက်တာ ဘဒ္ဒန္တသီလာနန္ဒာဘိဝံသ၊ ပါဠိဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိတို့အား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သရေစည်သူဘွဲ့ ချီးမြှင့်လိုက်ခြင်းဖြစ်သည်။
ထို့ပြင် နစကဥက္ကဋ္ဌသည် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောအပါအဝင် အခြားသော ဒုတိယဗိုလ်ချုပ်ကြီးများကိုလည်း သရေစည်သူဘွဲ့ ပေးအပ်လိုက်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ဆက်လက်ပြီး ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၊ ဘဒ္ဒန္တခေမာနန္ဒနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်တို့ကိုလည်း နစကဥက္ကဋ္ဌက စည်သူဘွဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်ဆိုင်ရာစွမ်းဆောင်ရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ သူရဘွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးသော်ဇင်(လေ)နှင့် တပ်ကြပ်ကြီး ဝင်းမြင့်သူတို့အား ပေးအပ်လိုက်ကြောင်း နစကမှ အသိပေးထားသည်။
သီရိပျံချီဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ သိပ္ပကျော်စွာဘွဲ့တို့ကိုလည်း ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ်များအား နစကဥက္ကဋ္ဌက ပေးအပ်လိုက်ကြောင်း သိရသည်။
ထို့ပြင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ ရဲသူရတံဆိပ်၊ ရဲဗလတံဆိပ်၊ စီမံထူးချွန်တံဆိပ်၊ လူမှုထူးချွန်တံဆိပ်၊ စက်မှုစီးပွား ထူးချွန်တံဆိပ်၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ်၊ နည်းပညာထူးချွန်တံဆိပ်များကိုလည်း သက်ဆိုင်ရာ လူပုဂ္ဂိုလ်အသီးသီးအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်းထားကိုးကွယ်ရေးလုပ်ငန်းများ၌ စကျင်ကျောက်တုံးတော်ကြီးအား လှူဒါန်းခဲ့သော Anglo Mining ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ခိုင်သန်းကို သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဖြစ်သော သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ကို နစကဥက္ကဋ္ဌက ချီးမြှင့်အပ်နှင်းခဲ့သည်။

zawgyi version
သီတဂူဆရာေတာ္အပါအဝင္ မာရဝိဇယဘုရား တည္ထားကိုးကြယ္မႈ ႏွင့္ ႏိုင္ငံလုံၿခဳံေရးေဆာင္႐ြက္ခဲ့သူမ်ားကို နစကဥကၠ႒က ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား ေပးအပ္
NP News - ဇူလိုင္ ၂၃
သီတဂူဆရာေတာ္အပါအဝင္ မာရဝိဇယဘုရား တည္ထားကိုးကြယ္မႈႏွင့္ ႏိုင္ငံေတာ္လုံၿခဳံေရးေဆာင္ ႐ြက္ခဲ့သူမ်ားကို နစကဥကၠ႒က ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။
နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔(ဇူလိုင္လ ၂၃ ရက္)တြင္ ရဟန္သံဃာႏွင့္ လူပုဂၢိဳလ္ေပါင္း (၂၂၀)ကို ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား ေပးအပ္ခ်ီးျမႇင့္လိုက္ျခင္းျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထား သည္။
မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ထားကိုးကြယ္ေရးလုပ္ငန္းမ်ား ႏွင့္ ႏိုင္ငံေတာ္လုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာလုပ္ငန္းမ်ားကို စြမ္းစြမ္းတမံေဆာင္႐ြက္ခဲ့ၾကေသာ ဆရာေတာ္ႀကီးမ်ား ႏွင့္ လူပုဂၢိဳလ္မ်ားအား ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူးေဆာင္တံဆိပ္မ်ားကို ခ်ီးျမႇင့္အပ္ႏွင္းလိုက္သည္ဟု နစကဥကၠ႒က ေျပာသည္။
ႏိုင္ငံေတာ္ၾသဝါဒါစရိယ၊ ေ႐ႊက်င္နိကာယဥကၠ႒ ေဒါက္တာဘဒၵႏၲဉာဏိႆရ၊ ေ႐ႊသုဝဏ္ဆရာေတာ္ႀကီး ဘဒၵႏၲသဒၶိယ၊ ပါေမာကၡခ်ဳပ္ဆရာေတာ္(ၿငိမ္း) ေဒါက္တာ ဘဒၵႏၲသီလာနႏၵာဘိဝံသ၊ ပါဠိဆရာေတာ္ ဘဒၵႏၲဝိမလဗုဒၶိတို႔အား ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သေရစည္သူဘြဲ႕ ခ်ီးျမႇင့္လိုက္ျခင္းျဖစ္သည္။
ထို႔ျပင္ နစကဥကၠ႒သည္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာအပါအဝင္ အျခားေသာ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမ်ားကိုလည္း သေရစည္သူဘြဲ႕ ေပးအပ္လိုက္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ဆက္လက္ၿပီး ေဒါက္တာဘဒၵႏၲေဆကိႏၵ၊ ဘဒၵႏၲေခမာနႏၵႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီး ဦးမ်ိဳးသန႔္တို႔ကိုလည္း နစကဥကၠ႒က စည္သူဘြဲ႕ ေပးအပ္ခဲ့ေၾကာင္း သိရသည္။
ထို႔အတူ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ တပ္မေတာ္ဆိုင္ရာစြမ္းေဆာင္ရည္သတၱိဂုဏ္ထူးေဆာင္ဘြဲ႕ သူရဘြဲ႕ကို ကာကြယ္ေရးဝန္ႀကီးဌာနမွ ဗိုလ္မႉးေသာ္ဇင္(ေလ)ႏွင့္ တပ္ၾကပ္ႀကီး ဝင္းျမင့္သူတို႔အား ေပးအပ္လိုက္ေၾကာင္း နစကမွ အသိေပးထားသည္။
သီရိပ်ံခ်ီဘြဲ႕၊ ဝဏၰေက်ာ္ထင္ဘြဲ႕၊ သိပၸေက်ာ္စြာဘြဲ႕တို႔ကိုလည္း ရဟန္းသံဃာမ်ားႏွင့္ လူပုဂၢိဳလ္မ်ားအား နစကဥကၠ႒က ေပးအပ္လိုက္ေၾကာင္း သိရသည္။
ထို႔ျပင္ သူရဲေကာင္းမွတ္တမ္းဝင္တံဆိပ္၊ ရဲသူရတံဆိပ္၊ ရဲဗလတံဆိပ္၊ စီမံထူးခြၽန္တံဆိပ္၊ လူမႈထူးခြၽန္တံဆိပ္၊ စက္မႈစီးပြား ထူးခြၽန္တံဆိပ္၊ ဝိဇၨာပညာထူးခြၽန္တံဆိပ္၊ နည္းပညာထူးခြၽန္တံဆိပ္မ်ားကိုလည္း သက္ဆိုင္ရာ လူပုဂၢိဳလ္အသီးသီးအား ေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္းထားကိုးကြယ္ေရးလုပ္ငန္းမ်ား၌ စက်င္ေက်ာက္တုံးေတာ္ႀကီးအား လႉဒါန္းခဲ့ေသာ Anglo Mining ကုမၸဏီမွ မန္ေနဂ်င္းဒါ႐ိုက္တာ ဦးေအာင္ခိုင္သန္းကို သာသနာေတာ္ဆိုင္ရာဘြဲ႕တံဆိပ္ေတာ္ျဖစ္ေသာ သီဟသုဓမၼမဏိေဇာတဓရဘြဲ႕တံဆိပ္ကို နစကဥကၠ႒က ခ်ီးျမႇင့္အပ္ႏွင္းခဲ့သည္။