တရုတ်ကို လာရောက်လည်ပတ်ဖို့ သမ္မတရှီကျင့်ဖျင်က ဖိတ်ကြားခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ပြော

224
Pika (NP News) - ဇွန် ၇
ပြီးခဲ့တဲ့ရက်ပိုင်းက လုပ်ဆောင်ခဲ့တဲ့ဖုန်းခေါ်ဆိုမှုအတွင်း တရုတ်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ၎င်းကို တရုတ်သမ္မတရှီကျင့်ဖျင်က ဖိတ်ကြားခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒီဖုန်းခေါ်ဆိုမှုဟာ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံနှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုတွေ လျော့ကျသွားစေဖို့ ရည်ရွယ်ပြီးလုပ်ဆောင်တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်ကြား ဖုန်းခေါ်ဆိုမှုကို တရုတ်မီဒီယာတွေက ပထမဆုံးအကြိမ် ရေးသားဖော်ပြခဲ့ပြီး နောက်ပိုင်းကြမှ ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ရှီကျင့်ဖျင်နဲ့ ဖုန်းခေါ် ဆိုမှုကို ကောင်းမွန်တဲ့ဖုန်းခေါ်ဆိုမှုတစ်ခုအဖြစ် ဒေါ်နယ်ထရမ့်ကဖော်ပြပြောဆိုခဲ့ပြီး ဖုန်းခေါ်ဆိုမှုဟာ ကုန်သွယ် ရေးအပေါ် လုံးဝအာရုံစိုက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “တရုတ်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ကျွန်တော့်ကို ရှီကျင့်ဖျင်က ဖိတ်ကြားခဲ့ပါတယ်။ အဲဒီဖိတ်ခေါ်မှုဟာ ကျွန်တော်တို့စောင့်မျှော်နေတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္ကို လာေရာက္လည္ပတ္ဖို႔ သမၼတရွီက်င့္ဖ်င္က ဖိတ္ၾကားခဲ့တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇြန္ ၇
ၿပီးခဲ့တဲ့ရက္ပိုင္းက လုပ္ေဆာင္ခဲ့တဲ့ဖုန္းေခၚဆိုမႈအတြင္း တ႐ုတ္ႏိုင္ငံကို လာေရာက္လည္ပတ္ဖို႔ ၎ကို တ႐ုတ္သမၼတရွီက်င့္ဖ်င္က ဖိတ္ၾကားခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အဲဒီဖုန္းေခၚဆိုမႈဟာ ကမာၻ႔စီးပြားေရးအင္အားႀကီးႏိုင္ငံႏွစ္ႏိုင္ငံအၾကား ကုန္သြယ္ေရးဆိုင္ရာတင္းမာမႈေတြ ေလ်ာ့က်သြားေစဖို႔ ရည္႐ြယ္ၿပီးလုပ္ေဆာင္တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္နဲ႔ ရွီက်င့္ဖ်င္ၾကား ဖုန္းေခၚဆိုမႈကို တ႐ုတ္မီဒီယာေတြက ပထမဆုံးအႀကိမ္ ေရးသားေဖာ္ျပခဲ့ၿပီး ေနာက္ပိုင္းၾကမွ ေဒၚနယ္ထရမ့္က အတည္ျပဳခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ရွီက်င့္ဖ်င္နဲ႔ ဖုန္းေခၚ ဆိုမႈကို ေကာင္းမြန္တဲ့ဖုန္းေခၚဆိုမႈတစ္ခုအျဖစ္ ေဒၚနယ္ထရမ့္ကေဖာ္ျပေျပာဆိုခဲ့ၿပီး ဖုန္းေခၚဆိုမႈဟာ ကုန္သြယ္ ေရးအေပၚ လုံးဝအာ႐ုံစိုက္ထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “တ႐ုတ္ႏိုင္ငံကို လာေရာက္လည္ပတ္ဖို႔ ကြၽန္ေတာ့္ကို ရွီက်င့္ဖ်င္က ဖိတ္ၾကားခဲ့ပါတယ္။ အဲဒီဖိတ္ေခၚမႈဟာ ကြၽန္ေတာ္တို႔ေစာင့္ေမွ်ာ္ေနတဲ့ အရာတစ္ခုလည္းျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။