EV ကား တွေအပါအဝင် ကားအစီးရေ ၃၀၀၀ တင်ဆောင်လာတဲ့ ကုန်စည်သင်္ဘော မီးလောင်

 2120

ဂျန်ဇက် (NP News) - ဇွန် ၇

EVs ကား အစီးရေ ၈ဝဝ အပါအဝင် ကားအစီးရေ ၃ဝဝဝ တင်ဆောင်လာတဲ့ ကုန်စည်သင်္ဘောဟာ ဇွန် လ ၃ရက်က ပစိဖိတ်သမုဒ္ဒရာအတွင်း သွားလာချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ သင်္ဘောသား ၂၂ ဦးဟာ ကုန်စည်သင်္ဘောကို စွန့်ခွာထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။
အရှည် ၆၀၀ ပေရှိတဲ့ Morning Midas,အမည်ရှိ ကုန်စည်သင်္ဘောဟာ ဗြိတိန်နိုင်ငံအလံလွှင့်ထူထားပြီး လန်ဒန်မြို့အခြေစိုက် Zodiac Maritime ကုမ္ပဏီက စီမံခန့်ခွဲနေတာဖြစ်ပါတယ်။ အဲဒီကုန်စည်သင်္ဘောဟာ တရုတ်နိုင်ငံ Yantai,မြို့၊ ရှန်ဟိုင်းမြို့ နဲ့ Guangzhou မြို့တွေမှာ ရပ်တန့်ခဲ့ပြီး မေလနောက်ပိုင်းကတည်းက တရုတ်နိုင်ငံက ထွက်ခွာခဲ့တာဖြစ်ပါတယ်။
အဲဒီကုန်စည်သင်္ဘောဟာ တရုတ်နိုင်ငံက ထွက်ခွာခဲ့ပြီးနောက် ဇွန်လ ၁၅ ရက်မှာ မက္ကဆီကိုနိုင်ငံကို ရောက်ရှိမယ်လို့ မျှော်လင့်ထားပါတယ်။
Adak Island ကျွန်းတောင်ပိုင်းက မိုင် ၃၀၀ အကွာကို ကုန်စည်သင်္ဘောရောက်ရှိချိန် ဇွန် ၃ ရက်က သင်္ဘောသားတွေဟာ EVs ကားတွေ သိုလှောင်ထားတဲ့ ကုန်းပတ်မှာ မီးခိုးတွေထွက်ရှိနေတာကို တွေ့ရှိခဲ့ပြီး မီးငြိမ်းသတ်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းခဲ့ပေမယ့် မီးငြိမ်းနိုင်ခြင်းမရှိခဲ့ကြောင်း သိရပါတယ်။ သင်္ဘောမီးလောင်မှုကို မငြိမ်းသတ်နိုင်တဲ့အတွက် သင်္ဘောသားတွေဟာ ဘေးအန္တရာယ် အချက်ပြမှုကို ထုတ်ပြန်ပြီး အသက်ကယ်လှေတွေနဲ့ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ အဲဒီသင်္ဘောသားတွေကို အနီးနားရှိ Cosco Hellas သင်္ဘောက ကယ်တင်ပေးခဲ့တယ်လို့ သိရပါတယ်။
Zodiac Maritime က အဲဒီသင်္ဘောပေါ်မှာ EVs ကား အစီးရေ ၈၀၀ အပါအဝင် ကားအစီးရေ ၃၀၄၈ စီးပါဝင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီသင်္ဘောဟာ ဓာတ်ငွေ့ရည် မက်ထရစ်တန် ၃၅၀ ခန့်နဲ့ ဆာလဖာ လောင်စာဆီ တန်ချိန် ၁၅၃၀ ခန့်ကိုလည်း သယ်ဆောင်လာခဲ့တယ်လို့သိရပါတယ်။

Zawgyi Version:
EV ကား ေတြအပါအဝင္ ကားအစီးေရ ၃၀၀၀ တင္ေဆာင္လာတဲ့ ကုန္စည္သေဘၤာ မီးေလာင္
ဂ်န္ဇက္ (NP News) - ဇြန္ ၇

EVs ကား အစီးေရ ၈ဝဝ အပါအဝင္ ကားအစီးေရ ၃ဝဝဝ တင္ေဆာင္လာတဲ့ ကုန္စည္သေဘၤာဟာ ဇြန္ လ ၃ရက္က ပစိဖိတ္သမုဒၵရာအတြင္း သြားလာခ်ိန္မွာ မီးေလာင္မႈျဖစ္ပြားခဲ့ရာ သေဘၤာသား ၂၂ ဦးဟာ ကုန္စည္သေဘၤာကို စြန႔္ခြာထြက္ေျပးခဲ့တယ္လို႔ သိရပါတယ္။
အရွည္ ၆၀၀ ေပရွိတဲ့ Morning Midas,အမည္ရွိ ကုန္စည္သေဘၤာဟာ ၿဗိတိန္ႏိုင္ငံအလံလႊင့္ထူထားၿပီး လန္ဒန္ၿမိဳ႕အေျခစိုက္ Zodiac Maritime ကုမၸဏီက စီမံခန႔္ခြဲေနတာျဖစ္ပါတယ္။ အဲဒီကုန္စည္သေဘၤာဟာ တ႐ုတ္ႏိုင္ငံ Yantai,ၿမိဳ႕၊ ရွန္ဟိုင္းၿမိဳ႕ နဲ႔ Guangzhou ၿမိဳ႕ေတြမွာ ရပ္တန႔္ခဲ့ၿပီး ေမလေနာက္ပိုင္းကတည္းက တ႐ုတ္ႏိုင္ငံက ထြက္ခြာခဲ့တာျဖစ္ပါတယ္။
အဲဒီကုန္စည္သေဘၤာဟာ တ႐ုတ္ႏိုင္ငံက ထြက္ခြာခဲ့ၿပီးေနာက္ ဇြန္လ ၁၅ ရက္မွာ မကၠဆီကိုႏိုင္ငံကို ေရာက္ရွိမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။
Adak Island ကြၽန္းေတာင္ပိုင္းက မိုင္ ၃၀၀ အကြာကို ကုန္စည္သေဘၤာေရာက္ရွိခ်ိန္ ဇြန္ ၃ ရက္က သေဘၤာသားေတြဟာ EVs ကားေတြ သိုေလွာင္ထားတဲ့ ကုန္းပတ္မွာ မီးခိုးေတြထြက္ရွိေနတာကို ေတြ႕ရွိခဲ့ၿပီး မီးၿငိမ္းသတ္ႏိုင္ေအာင္ ဝိုင္းဝန္းႀကိဳးပမ္းခဲ့ေပမယ့္ မီးၿငိမ္းႏိုင္ျခင္းမရွိခဲ့ေၾကာင္း သိရပါတယ္။ သေဘၤာမီးေလာင္မႈကို မၿငိမ္းသတ္ႏိုင္တဲ့အတြက္ သေဘၤာသားေတြဟာ ေဘးအႏၲရာယ္ အခ်က္ျပမႈကို ထုတ္ျပန္ၿပီး အသက္ကယ္ေလွေတြနဲ႔ ထြက္ေျပးဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။ အဲဒီသေဘၤာသားေတြကို အနီးနားရွိ Cosco Hellas သေဘၤာက ကယ္တင္ေပးခဲ့တယ္လို႔ သိရပါတယ္။
Zodiac Maritime က အဲဒီသေဘၤာေပၚမွာ EVs ကား အစီးေရ ၈၀၀ အပါအဝင္ ကားအစီးေရ ၃၀၄၈ စီးပါဝင္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ အဲဒီသေဘၤာဟာ ဓာတ္ေငြ႕ရည္ မက္ထရစ္တန္ ၃၅၀ ခန႔္နဲ႔ ဆာလဖာ ေလာင္စာဆီ တန္ခ်ိန္ ၁၅၃၀ ခန႔္ကိုလည္း သယ္ေဆာင္လာခဲ့တယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.