ပဲခူးတိုင်းတွင် မြေမြုပ်မိုင်းဘေးကြောင့် တောင်သူ၊ လယ်သမားများ လုပ်ငန်းများ ကျန့်ကြာမှုများရှိလာနေ

 149

သန့်ဇင် (NP News) - ဇွန် ၇
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပေါက်ခေါင်းမြို့နယ်၊ သဲကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ကြို့ပင်ကောက် မြို့နယ် တို့တွင် မြေမြုပ်မိုင်းအန္တရာယ်ကြောင့် တောင်သူ၊ လယ်သမားများ လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲများ ရှိနေပြီး လုပ်ငန်းများကျန့်ကြာနေရကြောင်း ဒေသခံများထံ NP News က ဆက်သွယ် မေးမြန်းထားချက်အရ သိရသည်။
PDF အပါအဝင် လက်နက်ကိုင်များ အနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့သို့ ရောက်ရှိလာခဲ့ရာ ဒေသခံများအကြား အခက်အခဲများ ကြုံတွေ့နေရပြီး နောက်ဆက်တွဲအဖြစ် မိုင်းအန္တရာယ်ကပါ ခြိမ်းခြောက် လာနေခြင်းဖြစ်သည်။
“တချို့ဆိုရင် တောင်ယာ သွားရင်းနဲ့ မြေမြုပ်မိုင်းမိလို့ ခြေပြတ်၊ လက်ပြတ်တွေဖြစ်သွားတာတောင်ရှိတယ်။ အကုန်လုံးအခက်အခဲ တွေဖြစ်ကုန်တာပေါ့။ ယာခင်းထဲသွားဖို့၊ လယ်ထဲသွားဖို့ဆိုရင် မသွားရဲဘူး။ မိုင်းတွေက ဘယ်ဘက်က ထောင်တာလည်း သေချာမသိဘူး။ မိုင်းတွေကတော့ လမ်းတွေနဲ့ ချောင်းကူးတံတားတွေမှာ လည်း ရှိတတ်တယ်” ဟု ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် မှ တောင်သူတစ်ဦးက ပြောသည်။
မြေမြုပ်မိုင်းအပြင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မြေစာပင်ဖြစ်နေရာသည့် ဒေသခံများစွာသည်လည်း ၎င်းကတို့တောင်ယာလုပ် ငန်းများကိုပင် စွန့်ခွာတိမ်းရှောင်နေရမှုများရှိလာနေကြောင်း အခြား သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ဘက်မှာဆိုရင် အရင်ကအေးအေးချမ်းချမ်းနဲ့ လယ်လုပ်လိုက်၊ ယာထဲမှာ ပဲ၊ နှမ်းတွေစိုက်လိုက် နဲ့နေလာခဲ့တာ။ အခုဆိုရင် ဘေးနားကရွာက တိုက်ပွဲကြားညှပ်သွားတော့ ကျွန်တော်တို့ပါထွက်ပြေးရတယ်။ တကယ်ကိုမလွယ်တာပါ။ အခုဆိုရင် လယ်တွေ၊ ယာတွေထားခဲ့ရတယ်။ ကျွန်တော်က နွားတွေ ရောင်းခဲ့တာ။ ကျွန်တော့်အသိတွေဆိုရင် နွားတွေလည်းထားခဲ့ရတယ်။ ရွာလုံးကျွတ်တွေ ပြေးရတာရှိတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
ကုလသမဂ္ဂရှိ အချက်အလက်များအရ မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းအန္တရာယ် တိုးလာနေပြီး မိုင်းကြောင့် ထိခိုက် ခံစားရသူအရေအတွက်မှာလည်း တိုးလာကြောင်း သိရသည်။

Zawgyi Version:
ပဲခူးတိုင္းတြင္ ေျမျမဳပ္မိုင္းေဘးေၾကာင့္ ေတာင္သူ၊ လယ္သမားမ်ား လုပ္ငန္းမ်ား က်န႔္ၾကာမႈမ်ားရွိလာေန
သန႔္ဇင္ (NP News) - ဇြန္ ၇
ပဲခူးတိုင္းေဒသႀကီးအတြင္းရွိ ေပါက္ေခါင္းၿမိဳ႕နယ္၊ သဲကုန္းၿမိဳ႕နယ္၊ ေပါင္းတည္ၿမိဳ႕နယ္၊ ႀကိဳ႕ပင္ေကာက္ ၿမိဳ႕နယ္ တို႔တြင္ ေျမျမဳပ္မိုင္းအႏၲရာယ္ေၾကာင့္ ေတာင္သူ၊ လယ္သမားမ်ား လယ္ယာလုပ္ငန္းလုပ္ကိုင္ရန္ အခက္အခဲမ်ား ရွိေနၿပီး လုပ္ငန္းမ်ားက်န႔္ၾကာေနရေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ ေမးျမန္းထားခ်က္အရ သိရသည္။
PDF အပါအဝင္ လက္နက္ကိုင္မ်ား အေနျဖင့္ ပဲခူးတိုင္းေဒသႀကီးအတြင္းရွိ ေနရာအခ်ိဳ႕သို႔ ေရာက္ရွိလာခဲ့ရာ ေဒသခံမ်ားအၾကား အခက္အခဲမ်ား ႀကဳံေတြ႕ေနရၿပီး ေနာက္ဆက္တြဲအျဖစ္ မိုင္းအႏၲရာယ္ကပါ ၿခိမ္းေျခာက္ လာေနျခင္းျဖစ္သည္။
“တခ်ိဳ႕ဆိုရင္ ေတာင္ယာ သြားရင္းနဲ႔ ေျမျမဳပ္မိုင္းမိလို႔ ေျချပတ္၊ လက္ျပတ္ေတြျဖစ္သြားတာေတာင္ရွိတယ္။ အကုန္လုံးအခက္အခဲ ေတြျဖစ္ကုန္တာေပါ့။ ယာခင္းထဲသြားဖို႔၊ လယ္ထဲသြားဖို႔ဆိုရင္ မသြားရဲဘူး။ မိုင္းေတြက ဘယ္ဘက္က ေထာင္တာလည္း ေသခ်ာမသိဘူး။ မိုင္းေတြကေတာ့ လမ္းေတြနဲ႔ ေခ်ာင္းကူးတံတားေတြမွာ လည္း ရွိတတ္တယ္” ဟု ပဲခူးတိုင္းေဒသႀကီး၊ ေပါင္းတည္ၿမိဳ႕နယ္ မွ ေတာင္သူတစ္ဦးက ေျပာသည္။
ေျမျမဳပ္မိုင္းအျပင္ ပစ္ခတ္တိုက္ခိုက္မႈမ်ားေၾကာင့္ ေျမစာပင္ျဖစ္ေနရာသည့္ ေဒသခံမ်ားစြာသည္လည္း ၎ကတို႔ေတာင္ယာလုပ္ ငန္းမ်ားကိုပင္ စြန႔္ခြာတိမ္းေရွာင္ေနရမႈမ်ားရွိလာေနေၾကာင္း အျခား သတင္းရင္းျမစ္ တစ္ဦးက ေျပာသည္။
“ကြၽန္ေတာ္တို႔ဘက္မွာဆိုရင္ အရင္ကေအးေအးခ်မ္းခ်မ္းနဲ႔ လယ္လုပ္လိုက္၊ ယာထဲမွာ ပဲ၊ ႏွမ္းေတြစိုက္လိုက္ နဲ႔ေနလာခဲ့တာ။ အခုဆိုရင္ ေဘးနားက႐ြာက တိုက္ပြဲၾကားညႇပ္သြားေတာ့ ကြၽန္ေတာ္တို႔ပါထြက္ေျပးရတယ္။ တကယ္ကိုမလြယ္တာပါ။ အခုဆိုရင္ လယ္ေတြ၊ ယာေတြထားခဲ့ရတယ္။ ကြၽန္ေတာ္က ႏြားေတြ ေရာင္းခဲ့တာ။ ကြၽန္ေတာ့္အသိေတြဆိုရင္ ႏြားေတြလည္းထားခဲ့ရတယ္။ ႐ြာလုံးကြၽတ္ေတြ ေျပးရတာရွိတယ္” ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
ကုလသမဂၢရွိ အခ်က္အလက္မ်ားအရ ျမန္မာႏိုင္ငံတြင္ ေျမျမဳပ္မိုင္းအႏၲရာယ္ တိုးလာေနၿပီး မိုင္းေၾကာင့္ ထိခိုက္ ခံစားရသူအေရအတြက္မွာလည္း တိုးလာေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.