ငလျင်ငယ်ကြောင့် အီတလီနိုင်ငံ တောင်ပိုင်းရှိ ရှေးဟောင်းပွန်ပေနေရာ တစ်စိတ်တစ်ပိုင်း ပျက်စီး

 103

ရောင်နီ (NP News) - ဇွန် ၇

အီတလီနိုင်ငံ တောင်ပိုင်းမှာ ငလျင်ငယ်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် ပွန်ပေရှေးဟောင်းသုတေသန အဆောက်အဦ နံရံတစ်ခုနဲ့ ပြတင်းပေါက် တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့တယ်လို့ အာဏာပိုင်တွေက ကြာသပတေးနေ့(ဇွန်လ ၅ ရက်) မှာ ပြောကြားပါတယ်။

ဇွန်လ ၅ ရက် နံနက်ပိုင်းက ပြင်းအား ၃.၂ ရှိ ငလျင်ငယ်တစ်ခု အီတလီနိုင်ငံ၊ နေပယ်မြို့အနီးရှိ ကမ်ပီဖလီဂရီ မီးတောင်ကို ဗဟိုပြုလှုပ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ၁၉၈ဝ ပြည့်နှစ်ကလည်း အီတလီနိုင်ငံတောင်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့် ပွန်ပေဧရိယာရှိ အဆောက်အဦးများစွာ ပျက်စီးခဲ့ဖူးပါတယ်။ အခုငလျင်ငယ်မှာတော့ ပျက်စီးသွားတဲ့ ပွန်ပေရှေးဟောင်း အဆောက်အအုံမှာ နံရံဆေးရေးပန်းချီ (သို့မဟုတ်) ရွှေ့ပြောင်းနိုင်တဲ့ ရုပ်ကြွင်းတွေ ပျက်စီးထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
အခြားနေရာတွေ ထိခိုက်မှု ရှိ၊မရှိ ကိုလည်း စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဆိုက်ဒါရိုက်တာ ဂါဘရီရယ်ဇူချ်ထရီဂယ်လ်က ပြောကြားပါတယ်။ ပွန်ပေဒေသဟာ အေဒီ ၇၉ ခုက ဗီဆူဗိုင်းအက် မီးတောင်ပေါက်ကွဲမှုကြောင့် ရှေးမြို့တော်ကြီးတစ်ခုလုံး ပျက်စီးခဲ့ရဖူးပါတယ်။

Zawgyi Version:
ငလ်င္ငယ္ေၾကာင့္ အီတလီႏိုင္ငံ ေတာင္ပိုင္းရွိ ေရွးေဟာင္းပြန္ေပေနရာ တစ္စိတ္တစ္ပိုင္း ပ်က္စီး
ေရာင္နီ (NP News) - ဇြန္ ၇

အီတလီႏိုင္ငံ ေတာင္ပိုင္းမွာ ငလ်င္ငယ္တစ္ခု လႈပ္ခတ္ခဲ့မႈေၾကာင့္ ပြန္ေပေရွးေဟာင္းသုေတသန အေဆာက္အဦ နံရံတစ္ခုနဲ႔ ျပတင္းေပါက္ တစ္စိတ္တစ္ပိုင္း ၿပိဳက်ခဲ့တယ္လို႔ အာဏာပိုင္ေတြက ၾကာသပေတးေန႔(ဇြန္လ ၅ ရက္) မွာ ေျပာၾကားပါတယ္။

ဇြန္လ ၅ ရက္ နံနက္ပိုင္းက ျပင္းအား ၃.၂ ရွိ ငလ်င္ငယ္တစ္ခု အီတလီႏိုင္ငံ၊ ေနပယ္ၿမိဳ႕အနီးရွိ ကမ္ပီဖလီဂရီ မီးေတာင္ကို ဗဟိုျပဳလႈပ္ခတ္မႈျဖစ္ပြားခဲ့ပါတယ္။ ၁၉၈ဝ ျပည့္ႏွစ္ကလည္း အီတလီႏိုင္ငံေတာင္ပိုင္းမွာ လႈပ္ခတ္ခဲ့တဲ့ငလ်င္ႀကီးေၾကာင့္ ပြန္ေပဧရိယာရွိ အေဆာက္အဦးမ်ားစြာ ပ်က္စီးခဲ့ဖူးပါတယ္။ အခုငလ်င္ငယ္မွာေတာ့ ပ်က္စီးသြားတဲ့ ပြန္ေပေရွးေဟာင္း အေဆာက္အအုံမွာ နံရံေဆးေရးပန္းခ်ီ (သို႔မဟုတ္) ေ႐ႊ႕ေျပာင္းႏိုင္တဲ့ ႐ုပ္ႂကြင္းေတြ ပ်က္စီးထိခိုက္မႈ မရွိခဲ့ဘူးလို႔ သိရပါတယ္။
အျခားေနရာေတြ ထိခိုက္မႈ ရွိ၊မရွိ ကိုလည္း စစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔ ဆိုက္ဒါ႐ိုက္တာ ဂါဘရီရယ္ဇူခ်္ထရီဂယ္လ္က ေျပာၾကားပါတယ္။ ပြန္ေပေဒသဟာ ေအဒီ ၇၉ ခုက ဗီဆူဗိုင္းအက္ မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ေရွးၿမိဳ႕ေတာ္ႀကီးတစ္ခုလုံး ပ်က္စီးခဲ့ရဖူးပါတယ္။

Related news

© 2021. All rights reserved.