နမ့်စန်မြို့တွင် နေအိမ်၌ ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ

2648
စော (NP News) - ဇူလိုင် ၂၇
ရှမ်းပြည်နယ်၊ နမ့်စန်မြို့တွင် နေအိမ်၌ ပုပ်ပွသေဆုံးနေသော အမျိုးသားအလောင်း တစ်လောင်းကိုတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အလောင်းကို ယမန်နေ့(ဇူလိုင်လ ၂၆ ရက်)၊ မွန်းလွဲ (၁၂)နာရီအချိန်တွင် နမ့်စန်မြို့၊ အမှတ် (၁)ရပ်ကွက်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တောင်တန်းလူငယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ရပ်ကွက်ဘေးအိမ်က အပုပ်နံ့အရမ်းနံလာတယ်။ နောက်ပြီး ယင်ကောင်တွေကလည်းအများကြီး ရောက်လာတယ်ဆိုပြီး ရပ်ကွက်လူကြီးကတစ်ဆင့် ကျွန်တော်တို့ ဆီဖုန်းဆက်လာတာပါ။ သူက ဘုရားကိုထိုင် ရှိခိုးနေတဲ့ အချိန် ဦးချပြီးဆုံးသွားတယ်ထင်ပါတယ်။ သူဖုန်း Contact ကိုကြည့်တာတော့ သူဆုံးနေတာ တစ်ပတ်လောက်ရှိပြီထင်တယ်”ဟု တောင်တန်းလူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ အမျိုးသားသည် အသက်(၅၀)ဝန်းကျင်အရွယ်ရှိ ဆေးဆရာတစ်ဦးဖြစ်ပြီး တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း သိရသည်။
“သူကတစ်ယောက်ထဲနေတာပါ။ သူကဆေးဆရာတစ်ဦးလို့လည်းပြောတယ်။ ရပ်ကွက်ထဲမှာ သူကဆေးတွေဘာတွေလိုက်ထိုးပေးတယ်လိုပြောတယ်။ လက်မှတ်တွေဘာတွေရထားတဲ့ ဆရာဝန်တော့မဟုတ်ဘူး”ဟု ၎င်းကဆက်လက်ပြောသည်။
၎င်း၏ရုပ်အလောင်းအား မေတ္တာရှင်နာရေးကူညီမှုအသင်းမှ နမ့်စန်မြို့မသုသာန်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
နမ့္စန္ၿမိဳ႕တြင္ ေနအိမ္၌ ပုပ္ပြေသဆုံးေနသည့္ အမ်ိဳးသားအေလာင္းတစ္ေလာင္းေတြ႕ရွိ
ေစာ (NP News) - ဇူလိုင္ ၂၇
ရွမ္းျပည္နယ္၊ နမ့္စန္ၿမိဳ႕တြင္ ေနအိမ္၌ ပုပ္ပြေသဆုံးေနေသာ အမ်ိဳးသားအေလာင္း တစ္ေလာင္းကိုေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ အေလာင္းကို ယမန္ေန႔(ဇူလိုင္လ ၂၆ ရက္)၊ မြန္းလြဲ (၁၂)နာရီအခ်ိန္တြင္ နမ့္စန္ၿမိဳ႕၊ အမွတ္ (၁)ရပ္ကြက္၌ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ေတာင္တန္းလူငယ္လူမႈကူညီေရးအသင္းထံမွ သိရသည္။
“ရပ္ကြက္ေဘးအိမ္က အပုပ္နံ႔အရမ္းနံလာတယ္။ ေနာက္ၿပီး ယင္ေကာင္ေတြကလည္းအမ်ားႀကီး ေရာက္လာတယ္ဆိုၿပီး ရပ္ကြက္လူႀကီးကတစ္ဆင့္ ကြၽန္ေတာ္တို႔ ဆီဖုန္းဆက္လာတာပါ။ သူက ဘုရားကိုထိုင္ ရွိခိုးေနတဲ့ အခ်ိန္ ဦးခ်ၿပီးဆုံးသြားတယ္ထင္ပါတယ္။ သူဖုန္း Contact ကိုၾကည့္တာေတာ့ သူဆုံးေနတာ တစ္ပတ္ေလာက္ရွိၿပီထင္တယ္”ဟု ေတာင္တန္းလူငယ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ အမ်ိဳးသားသည္ အသက္(၅၀)ဝန္းက်င္အ႐ြယ္ရွိ ေဆးဆရာတစ္ဦးျဖစ္ၿပီး တစ္ဦးတည္း ေနထိုင္သူျဖစ္ေၾကာင္း သိရသည္။
“သူကတစ္ေယာက္ထဲေနတာပါ။ သူကေဆးဆရာတစ္ဦးလို႔လည္းေျပာတယ္။ ရပ္ကြက္ထဲမွာ သူကေဆးေတြဘာေတြလိုက္ထိုးေပးတယ္လိုေျပာတယ္။ လက္မွတ္ေတြဘာေတြရထားတဲ့ ဆရာဝန္ေတာ့မဟုတ္ဘူး”ဟု ၎ကဆက္လက္ေျပာသည္။
၎၏႐ုပ္အေလာင္းအား ေမတၱာရွင္နာေရးကူညီမႈအသင္းမွ နမ့္စန္ၿမိဳ႕မသုသာန္သို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။