ပန်းဘဲတန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးအား ရက်စက်စွာသတ်ဖြတ်အလောင်းဖျောက်ခဲ့သူ သမီးရည်းစား (၂) ဦးကို ဖမ်းဆီးရမိ

 3679

သန့်ဇင်(NP News)-အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးအား ရက်စက်စွာသတ်ဖြတ်၍ အလောင်းဖျောက်ခဲ့သူ သမီးရည်းစား (၂) ဦးကို ဖမ်းဆီးရမိ ခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အောက်တိုဘာလ ၆ ရက်၊ နံနက် ၁၀ နာရီ ၂၀ မိနစ်က ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ (၃၂)လမ်းအထက်ဘလောက်ရှိ Beauty Land Hotel ၊ (၅)လွှာ၊ အခန်းအမှတ်(၅၀၂) ပြတင်းပေါက်အပြင်ဘက် Air Con Outdoor နှစ်ခုကြားရှိ အမှိုက်အိတ်အတွင်း၌ သေဆုံးနေသည့် အမျိုးသမီး တစ်ဦးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ပလပ်စတစ်အမှိုက်အိတ်အတွင်း၌ သတ်ဖြတ်ခံထားရပြီး ဝမ်းတွင်းကလီ စာများ နှင့် ဝဲဘက်ပေါင်အသားများ လှီးဖြတ်ထုတ်ယူထားခြင်းခံထားရသည့် အသက်(၂၀)နှစ်ခန့် အမည်မသိအမျိုးသမီး တစ်ဦး၏ အလောင်းအား တွေ့ရှိရသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၉၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် အမှုရေးဖွင့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်နေ (၂၃)နှစ် အရွယ် မစုမြတ်ဝင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူများမှာ သာကေတမြို့နယ်၊ အမှတ်(၇)အရှေ့ ရပ်ကွက်နေ အသက် (၁၈)နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ၎င်း၏ရည်းစားဖြစ်သူ ဗဟန်းမြို့နယ်၊ အရှေ့ ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရာနေ အေမွန်အောင် တို့ဖြစ်ကြောင်း သိရဿည်။
ထို့နောက် ၎င်းတို့(၂)ဦးအား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၇ ရက်၊နေ့လယ်ပိုင်းတွင် ၎င်းတို့၏နေအိမ် အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး အောင်ခန့်ကျော်ဇင်၏ နေအိမ်မှ ပြစ်မှုကျူးလွန်စဉ် ၎င်းဝတ်ဆင်အသုံးပြုခဲ့သည့် အဝတ်အစားများ၊ စတီးဓား ၂ ချောင်း၊ သေဆုံးသူ ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းတစ်လုံးအပါအဝင် လက်ကိုင်ဖုန်း ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ အောင်ခန့်ကျော်ဇင်၏ထွက်ဆိုချက်အရ ၎င်းသည် ဂိမ်းအလွန် အကျွံကစားခြင်း၊ လူသတ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများအား အလွန်အကျွံ ကြည့်ရှုလေ့ရှိကြောင်း သိရသည်။
အောက်တိုဘာလ ၅ ရက်နေ့တွင် Telegram Channel မှတစ်ဆင့် မစုမြတ်ဝင်းအား ပျော်ပါးရန်အတွက် အခကြေးငွေဖြင့်ဆက်သွယ် ခေါ်ယူခဲ့ပြီး ပန်းဘဲတန်း မြို့နယ်ရှိ 32nd Beauty Land Hotel အခန်းအမှတ်(၅၀၂)၌ ပျော်ပါးနေစဉ် ၎င်းကြည့်ရှုခဲ့သည့် လူသတ်အလောင်းဖျောက် နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲများမှ ဇာတ်ဆောင်များအတိုင်း မစုမြတ်ဝင်းအား အသင့်ဆောင်ထားသည့် စတီးဓား ၂ ချောင်းဖြင့် ရက်စက်စွာသတ်ဖြတ်ပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများအား လှီးဖြတ်ထုတ်ယူကာ စွန့်ပစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်း၏ရည်းစားဖြစ်သူ အေမွန်အောင်အား အဆိုပါဟိုတယ်သို့ ခေါ်ဆောင်ကာ အခန်းအတွင်းပေကျံနေသည့် သွေးများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ မစုမြတ်ဝင်း၏ အလောင်းအား ဖျောက်ဖျက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အမျိုးသမီးတစ်ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အောင်ခန့်ကျော်ဇင်နှင့် အလောင်းဖျောက်ဖျက်ရာတွင် ပူးပေါင်း ပါဝင်ကျူးလွန်ခဲ့သူ အေမွန်အောင်တို့ကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ပန္းဘဲတန္းၿမိဳ႕နယ္တြင္ အမ်ိဳးသမီးတစ္ဦးအား ရက္စက္စြာသတ္ျဖတ္အေလာင္းေဖ်ာက္ခဲ့သူ သမီးရည္းစား (၂) ဦးကို ဖမ္းဆီးရမိ
သန႔္ဇင္(NP News)-ေအာက္တိုဘာ
ရန္ကုန္တိုင္းေဒသႀကီး၊ ပန္းဘဲတန္းၿမိဳ႕နယ္တြင္ အမ်ိဳးသမီးတစ္ဦးအား ရက္စက္စြာသတ္ျဖတ္၍ အေလာင္းေဖ်ာက္ခဲ့သူ သမီးရည္းစား (၂) ဦးကို ဖမ္းဆီးရမိ ခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ေအာက္တိုဘာလ ၆ ရက္၊ နံနက္ ၁၀ နာရီ ၂၀ မိနစ္က ပန္းဘဲတန္းၿမိဳ႕နယ္၊ အမွတ္(၁၁)ရပ္ကြက္၊ (၃၂)လမ္းအထက္ဘေလာက္ရွိ Beauty Land Hotel ၊ (၅)လႊာ၊ အခန္းအမွတ္(၅၀၂) ျပတင္းေပါက္အျပင္ဘက္ Air Con Outdoor ႏွစ္ခုၾကားရွိ အမႈိက္အိတ္အတြင္း၌ ေသဆုံးေနသည့္ အမ်ိဳးသမီး တစ္ဦးကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ရဲတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ စစ္ေဆးခဲ့ရာ ပလပ္စတစ္အမႈိက္အိတ္အတြင္း၌ သတ္ျဖတ္ခံထားရၿပီး ဝမ္းတြင္းကလီ စာမ်ား ႏွင့္ ဝဲဘက္ေပါင္အသားမ်ား လွီးျဖတ္ထုတ္ယူထားျခင္းခံထားရသည့္ အသက္(၂၀)ႏွစ္ခန႔္ အမည္မသိအမ်ိဳးသမီး တစ္ဦး၏ အေလာင္းအား ေတြ႕ရွိရသျဖင့္ ပန္းဘဲတန္းၿမိဳ႕မရဲစခန္း (ပ)၉၆/၂၀၂၅၊ ရာဇသတ္ႀကီးပုဒ္မ- ၃၀၂ ျဖင့္ အမႈေရးဖြင့္စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္း ေဖာ္ထုတ္ျခင္းမ်ား ေဆာင္႐ြက္ခဲ့ရာ ေသဆုံးသူမွာ ပဲခူးတိုင္းေဒသႀကီး၊ နတ္တလင္းၿမိဳ႕နယ္ေန (၂၃)ႏွစ္ အ႐ြယ္ မစုျမတ္ဝင္းျဖစ္ၿပီး ျပစ္မႈက်ဴးလြန္သူမ်ားမွာ သာေကတၿမိဳ႕နယ္၊ အမွတ္(၇)အေရွ႕ ရပ္ကြက္ေန အသက္ (၁၈)ႏွစ္အ႐ြယ္ ေအာင္ခန႔္ေက်ာ္ဇင္ႏွင့္ ၎၏ရည္းစားျဖစ္သူ ဗဟန္းၿမိဳ႕နယ္၊ အေရွ႕ ေ႐ႊဂုံတိုင္ရပ္ကြက္၊ ေအာင္ခ်မ္းသာအိမ္ရာေန ေအမြန္ေအာင္ တို႔ျဖစ္ေၾကာင္း သိရႆည္။
ထို႔ေနာက္ ၎တို႔(၂)ဦးအား ဖမ္းဆီးရမိႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ခဲ့ရာ ေအာက္တိုဘာလ ၇ ရက္၊ေန႔လယ္ပိုင္းတြင္ ၎တို႔၏ေနအိမ္ အသီးသီး၌ ဖမ္းဆီးရမိခဲ့ၿပီး ေအာင္ခန႔္ေက်ာ္ဇင္၏ ေနအိမ္မွ ျပစ္မႈက်ဴးလြန္စဥ္ ၎ဝတ္ဆင္အသုံးျပဳခဲ့သည့္ အဝတ္အစားမ်ား၊ စတီးဓား ၂ ေခ်ာင္း၊ ေသဆုံးသူ ကိုင္ေဆာင္သည့္ လက္ကိုင္ဖုန္းတစ္လုံးအပါအဝင္ လက္ကိုင္ဖုန္း ၃ လုံးႏွင့္ ဆက္စပ္ပစၥည္းမ်ားအား သိမ္း ဆည္းရရွိခဲ့ေၾကာင္း သိရသည္။
ျပစ္မႈက်ဴးလြန္သူ ေအာင္ခန႔္ေက်ာ္ဇင္၏ထြက္ဆိုခ်က္အရ ၎သည္ ဂိမ္းအလြန္ အကြၽံကစားျခင္း၊ လူသတ္အေလာင္းေဖ်ာက္သည့္ ႏိုင္ငံျခားဇာတ္လမ္းတြဲမ်ားအား အလြန္အကြၽံ ၾကည့္ရႈေလ့ရွိေၾကာင္း သိရသည္။
ေအာက္တိုဘာလ ၅ ရက္ေန႔တြင္ Telegram Channel မွတစ္ဆင့္ မစုျမတ္ဝင္းအား ေပ်ာ္ပါးရန္အတြက္ အခေၾကးေငြျဖင့္ဆက္သြယ္ ေခၚယူခဲ့ၿပီး ပန္းဘဲတန္း ၿမိဳ႕နယ္ရွိ 32nd Beauty Land Hotel အခန္းအမွတ္(၅၀၂)၌ ေပ်ာ္ပါးေနစဥ္ ၎ၾကည့္ရႈခဲ့သည့္ လူသတ္အေလာင္းေဖ်ာက္ ႏိုင္ငံျခား႐ုပ္သံဇာတ္လမ္းတြဲမ်ားမွ ဇာတ္ေဆာင္မ်ားအတိုင္း မစုျမတ္ဝင္းအား အသင့္ေဆာင္ထားသည့္ စတီးဓား ၂ ေခ်ာင္းျဖင့္ ရက္စက္စြာသတ္ျဖတ္ၿပီး ဝမ္းတြင္းကလီစာမ်ားႏွင့္ ဝဲဘက္ေပါင္အသားမ်ားအား လွီးျဖတ္ထုတ္ယူကာ စြန႔္ပစ္ျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎၏ရည္းစားျဖစ္သူ ေအမြန္ေအာင္အား အဆိုပါဟိုတယ္သို႔ ေခၚေဆာင္ကာ အခန္းအတြင္းေပက်ံေနသည့္ ေသြးမ်ားအား သန႔္ရွင္းေရးျပဳလုပ္ျခင္း၊ မစုျမတ္ဝင္း၏ အေလာင္းအား ေဖ်ာက္ဖ်က္ျခင္းတို႔ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အမ်ိဳးသမီးတစ္ဦးအား ရက္စက္စြာသတ္ျဖတ္ခဲ့သည့္ ေအာင္ခန႔္ေက်ာ္ဇင္ႏွင့္ အေလာင္းေဖ်ာက္ဖ်က္ရာတြင္ ပူးေပါင္း ပါဝင္က်ဴးလြန္ခဲ့သူ ေအမြန္ေအာင္တို႔ကို ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ေရး ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.