AA အဖွဲ့က ရခိုင်နှင့် မလေးရှားသို့ ပို့ဆောင်မည့် ငွေကျပ် ၁၉၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရန်ကုန်တွင် ဖမ်းမိ

 804

သုတကျော် (NP News) - အောက်တိုဘာ ၈

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၁၉၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရန်ကုန်မြို့၌ဖမ်းဆီးရမိကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာ ယာရေးကော်မရှင် ၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်လေ့ရှိသည့် လမ်းကြောင်းများ၌ စစ် ဆေးရှာဖွေဖော်ထုတ် ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်နေသကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း ၍ မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေး ပူးတွဲစစ်ဆင်ရေးများကို ဆောင်ရွက်ခြင်းများကြောင့် မူးယစ် ဆေးဝါးသယ် ဆောင်ရောင်းဝယ်သူများ သည် ပင်လယ်ရေကြောင်း၏ အားသာချက်ကို အသုံးချ ကာ ရေလမ်းကြောင်းအား ပြောင်းလဲအသုံးပြုလာသည်ကို တွေ့ရှိရကြောင်း၊ ထို့အတူ AA အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့ အနေဖြင့်လည်း မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုများကို ပြုလုပ်ကာ ရရှိသည့်ငွေကြေးများဖြင့် လက်နက်၊ ခဲယမ်းများဝယ်ယူ၍ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအပေါ် အနိုင်ကျင့် နှိပ်စက် သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို မလို လားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်တွင် ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့မှတစ်ဆင့် ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ လှည်းကူးမြို့နယ်၊ လှည်းကူး - ဖောင်ကြီးလမ်းမပေါ်၌ ယာဉ်မောင်း အောင်ခန့်ကျော် နှင့် ယာဉ်နောက် လိုက် ထက်ဝေဖြိုး တို့ကို ၎င်းတို့မောင်းနှင်လာသည့် NISSAN CONDOR ယာဉ်ပေါ်မှ အိုက်စ် ၁၄၃၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၃၅.၉၇ ဘီလီယံခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ၂ ဦး၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၅ ရက်တွင် ရွှေပြည်သာမြို့နယ်၊ ဒညင်းကုန်း လမ်းဆုံအနီးရှိ“ရွှေမောင်း”လက်ဖက်ရည်ဆိုင်၌ မူးယစ်ဆေးဝါး သယ်ဆောင်မည့်ယာဉ်အား ငှားရမ်းချိတ်ဆက် ပေးသည့် ဇော်ဝင်းထွန်း နှင့် ဆန်းထွန်းကျော် တို့ ၂ ဦး အားလည်းကောင်း၊ ထန်းတပင်မြို့နယ်၊ စည်ပင်သာကျေးရွာရှိ နေအိမ်၌ မူးယစ်ဆေးဝါးများ သိုလှောင်သိမ်းဆည်းပေးသူ ဇော်လင်း၊စောဇင်မင်းဟန် တို့ကို အိုက်စ် ၁၉၉၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၄၉.၉၇ ဘီလီယံခန့် နှင့်အတူ လည်း ကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများအား သုံးခွမြို့နယ်၊ သမ္မစိတ္တ ကမ်းခြေမှ မလေးရှား နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၇ ရက်တွင် သမစိတ္တကျေးရွာအနီးရှိ နေအိမ်ဂိုဒေါင်၌ ဂိုဒေါင်ပိုင်ရှင်ဖြစ်သူ ကျော်နိုင် နှင့် မူးယစ်ဆေးဝါးသယ်ဆောင်ပေးခဲ့သည့် ယာဉ်မောင်း/ယာဉ်မောင်း အကူများဖြစ်သော သက်ပိုင်ဦး၊ ရဲကို၊ ဟိန်းထက်စိုး၊ ထက်နေလင်း၊ ဇင်မင်းလှိုင်၊ ဝေဖြိုးအောင် တို့ကို ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၁၀၉.၉ ဘီလီယံခန့်နှင့် မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် MITSUBISHI FUSO အဖြူရောင်ယာဉ် ၁ စီး၊ NISSAN VANETTE အဖြူရောင်ယာဉ် ၁ စီး၊ HYUNDAI PORTER အဖြူရောင်ယာဉ် ၁ စီး တို့နှင့်အတူ လည်းကောင်း၊ လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာ၌ မူးယစ်ဆေးဝါးသယ်ဆောင်မည့် ယာဉ်မောင်းများအား ချိတ်ဆက်ပေးသူ စိုးမင်းပိုင် အားလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး သတင်းဆက်အရ စက်တင်ဘာ ၂၈ ရက်တွင် လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်၊ Smile World Spa ဆိုင်၌ မူးယစ်ဆေးဝါးများ သိုလှောင်သိမ်းဆည်းပေးသူ ခင်မောင်တွတ် အားလည်းကောင်း၊ စက်တင်ဘာလ၂၉ ရက်တွင် တွံတေး မြို့နယ်၊ ဘုရားငူကျေးရွာ၌ တင့်နိုင်ထွန်း အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ ၁၆ ဦး၊ မော်တော်ယာဉ် ၄ စီးနှင့် အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်၊ စုစုပေါင်း မူးယစ်ဆေးဝါး တန်ဖိုးငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ကာလိမြို့နေ စိုင်းနော်ခမ်း(ခ)ကိုစိုင်း (ဖမ်းဆီးရန် ကျန်)က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဒေသမှ မူးယစ် ဆေးဝါးများကို ရမည်းသင်းမြို့ သို့ ပို့ဆောင်ပေးခဲ့ရာ ရမည်းသင်းမြို့မှ ရန်ကုန်မြို့ သို့ အောင်ခန့်ကျော် နှင့် ထက်ဝေဖြိုး တို့က ဆက်လက် သယ်ဆောင်ခဲ့ကြောင်း၊ စိုင်းနော်ခမ်း(ဖမ်းဆီးရန်ကျန်)၏ စေခိုင်း ချက်အရ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများကို ဇော်လင်း ငှားရမ်းထားသည့် ထန်းတပင်မြို့နယ်၊ စည်ပင်သာကျေးရွာရှိ နေအိမ်၌ သိုလှောင်သိမ်းဆည်းထားစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းနှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများကို ခင်မောင်တွတ် က လှိုင်သာယာမြို့နယ်၌ ခေတ္တသိုလှောင်သိမ်းဆည်းပေးခဲ့ပြီး ၎င်းနေရာမှတဆင့် ပင်လယ်ကမ်းစပ်ဖြစ်သည့် သုံးခွမြို့နယ်၊ သမစိတ္တကျေးရွာရှိ ကျော်နိုင် ၏ ဂိုဒေါင်သို့ ပို့ဆောင်သိုလှောင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသူ ကျော်နိုင် ၏ထွက်ဆိုချက်အရ ဂိုဒေါင်၌ဖမ်းဆီးရမိသည့် မူးယစ် ဆေးဝါးများကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ စီးပွားရေးတာဝန်ခံများဖြစ်သည့် ရဲဇော် (ဖမ်းဆီးရန် ကျန်)နှင့် ချစ်မင်း(ဖမ်းဆီးရန်ကျန်)တို့က ပင်လယ်ရေလမ်းကြောင်းဖြင့် မလေးရှားနိုင်ငံသို့ ဆက်လက်ပို့ဆောင်ရန် စီစဉ်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားခံပြေးများ အပါအဝင် ကွင်းဆက်ပြစ်မှုကျူး လွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း မူးယစ် ဆေးဝါးသယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင် ကြောင်းနှင့် သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများအား လျှို့ဝှက်၍ ဆုငွေများ ထိုက်တန်စွာ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version:
AA အဖြဲ႕က ရခိုင္ႏွင့္ မေလးရွားသို႔ ပို႔ေဆာင္မည့္ ေငြက်ပ္ ၁၉၅ ဘီလီယံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို ရန္ကုန္တြင္ ဖမ္းမိ
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၈

AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕က ရခိုင္ျပည္နယ္ႏွင့္ မေလးရွားႏိုင္ငံသို႔ ပို႔ေဆာင္မည့္ ေငြက်ပ္ ၁၉၅ ဘီလီယံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ရန္ကုန္ၿမိဳ႕၌ဖမ္းဆီးရမိေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာ ယာေရးေကာ္မရွင္ ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ မူးယစ္ေဆးဝါးသယ္ေဆာင္ေလ့ရွိသည့္ လမ္းေၾကာင္းမ်ား၌ စစ္ ေဆးရွာေဖြေဖာ္ထုတ္ ဖမ္းဆီးမႈမ်ား တိုးျမႇင့္လုပ္ေဆာင္ေနသကဲ့သို႔ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ပူးေပါင္း ၍ မူးယစ္ေဆးဝါးတားဆီး ႏွိမ္ႏွင္းေရး ပူးတြဲစစ္ဆင္ေရးမ်ားကို ေဆာင္႐ြက္ျခင္းမ်ားေၾကာင့္ မူးယစ္ ေဆးဝါးသယ္ ေဆာင္ေရာင္းဝယ္သူမ်ား သည္ ပင္လယ္ေရေၾကာင္း၏ အားသာခ်က္ကို အသုံးခ် ကာ ေရလမ္းေၾကာင္းအား ေျပာင္းလဲအသုံးျပဳလာသည္ကို ေတြ႕ရွိရေၾကာင္း၊ ထို႔အတူ AA အၾကမ္း ဖက္ေသာင္းက်န္းသူအဖြဲ႕ အေနျဖင့္လည္း မူးယစ္ေဆးဝါးသယ္ေဆာင္ ေရာင္းဝယ္မႈမ်ားကို ျပဳလုပ္ကာ ရရွိသည့္ေငြေၾကးမ်ားျဖင့္ လက္နက္၊ ခဲယမ္းမ်ားဝယ္ယူ၍ ရခိုင္ျပည္နယ္အတြင္း အၾကမ္းဖက္ လုပ္ငန္းမ်ား လုပ္ေဆာင္ျခင္း၊ လက္နက္အားကိုးျဖင့္ အျပစ္မဲ့ျပည္သူမ်ားအေပၚ အႏိုင္က်င့္ ႏွိပ္စက္ သတ္ျဖတ္ျခင္းမ်ားကို လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မူးယစ္ေဆးဝါးသယ္ေဆာင္ ေရာင္းဝယ္ျခင္းႏွင့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို မလို လားသည့္ ေဒသခံျပည္သူမ်ား၏ သတင္းေပးပို႔ခ်က္အရ ၂၀၂၅ ခုႏွစ္၊ စက္တင္ဘာ ၂၄ ရက္တြင္ ရွမ္းျပည္နယ္မွ မူးယစ္ေဆးဝါးမ်ားအား ရန္ကုန္ၿမိဳ႕မွတစ္ဆင့္ ရခိုင္ျပည္နယ္ႏွင့္ မေလးရွားႏိုင္ငံသို႔ ပို႔ေဆာင္မည္ျဖစ္ေၾကာင္း သိရွိရသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ပိတ္ဆို႔ရွာေဖြစစ္ေဆးခဲ့ရာ လွည္းကူးၿမိဳ႕နယ္၊ လွည္းကူး - ေဖာင္ႀကီးလမ္းမေပၚ၌ ယာဥ္ေမာင္း ေအာင္ခန႔္ေက်ာ္ ႏွင့္ ယာဥ္ေနာက္ လိုက္ ထက္ေဝၿဖိဳး တို႔ကို ၎တို႔ေမာင္းႏွင္လာသည့္ NISSAN CONDOR ယာဥ္ေပၚမွ အိုက္စ္ ၁၄၃၉ ကီလိုဂရမ္၊ တန္ဖိုးေငြက်ပ္ ၃၅.၉၇ ဘီလီယံခန႔္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး ၎တို႔ ၂ ဦး၏ ထြက္ဆိုခ်က္အရ စက္တင္ဘာ ၂၅ ရက္တြင္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ဒညင္းကုန္း လမ္းဆုံအနီးရွိ“ေ႐ႊေမာင္း”လက္ဖက္ရည္ဆိုင္၌ မူးယစ္ေဆးဝါး သယ္ေဆာင္မည့္ယာဥ္အား ငွားရမ္းခ်ိတ္ဆက္ ေပးသည့္ ေဇာ္ဝင္းထြန္း ႏွင့္ ဆန္းထြန္းေက်ာ္ တို႔ ၂ ဦး အားလည္းေကာင္း၊ ထန္းတပင္ၿမိဳ႕နယ္၊ စည္ပင္သာေက်း႐ြာရွိ ေနအိမ္၌ မူးယစ္ေဆးဝါးမ်ား သိုေလွာင္သိမ္းဆည္းေပးသူ ေဇာ္လင္း၊ေစာဇင္မင္းဟန္ တို႔ကို အိုက္စ္ ၁၉၉၉ ကီလိုဂရမ္၊ တန္ဖိုးေငြက်ပ္ ၄၉.၉၇ ဘီလီယံခန႔္ ႏွင့္အတူ လည္း ေကာင္း ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူမ်ား၏ ေဖာ္ထုတ္ခ်က္အရ မူးယစ္ေဆးဝါးမ်ားအား သုံးခြၿမိဳ႕နယ္၊ သမၼစိတၱ ကမ္းေျခမွ မေလးရွား ႏိုင္ငံသို႔ ပို႔ေဆာင္မည္ျဖစ္ေၾကာင္း သိရွိရသျဖင့္ လုံၿခဳံေရးပူးေပါင္းအဖြဲ႕ျဖင့္ ဖမ္းဆီးရမိေရး ေဆာင္႐ြက္ခဲ့ရာ စက္တင္ဘာ ၂၇ ရက္တြင္ သမစိတၱေက်း႐ြာအနီးရွိ ေနအိမ္ဂိုေဒါင္၌ ဂိုေဒါင္ပိုင္ရွင္ျဖစ္သူ ေက်ာ္ႏိုင္ ႏွင့္ မူးယစ္ေဆးဝါးသယ္ေဆာင္ေပးခဲ့သည့္ ယာဥ္ေမာင္း/ယာဥ္ေမာင္း အကူမ်ားျဖစ္ေသာ သက္ပိုင္ဦး၊ ရဲကို၊ ဟိန္းထက္စိုး၊ ထက္ေနလင္း၊ ဇင္မင္းလႈိင္၊ ေဝၿဖိဳးေအာင္ တို႔ကို ကတ္တမင္း ၂၁၉၈ ကီလိုဂရမ္၊ တန္ဖိုးေငြက်ပ္ ၁၀၉.၉ ဘီလီယံခန႔္ႏွင့္ မူးယစ္ေဆးဝါး သယ္ေဆာင္ရာတြင္ အသုံးျပဳခဲ့သည့္ MITSUBISHI FUSO အျဖဴေရာင္ယာဥ္ ၁ စီး၊ NISSAN VANETTE အျဖဴေရာင္ယာဥ္ ၁ စီး၊ HYUNDAI PORTER အျဖဴေရာင္ယာဥ္ ၁ စီး တို႔ႏွင့္အတူ လည္းေကာင္း၊ လႈိင္သာယာၿမိဳ႕နယ္၊ ေရဥကၠံေက်း႐ြာ၌ မူးယစ္ေဆးဝါးသယ္ေဆာင္မည့္ ယာဥ္ေမာင္းမ်ားအား ခ်ိတ္ဆက္ေပးသူ စိုးမင္းပိုင္ အားလည္းေကာင္း ဖမ္းဆီးရမိခဲ့ၿပီး သတင္းဆက္အရ စက္တင္ဘာ ၂၈ ရက္တြင္ လႈိင္သာယာၿမိဳ႕နယ္၊ (၁၅)ရပ္ကြက္၊ Smile World Spa ဆိုင္၌ မူးယစ္ေဆးဝါးမ်ား သိုေလွာင္သိမ္းဆည္းေပးသူ ခင္ေမာင္တြတ္ အားလည္းေကာင္း၊ စက္တင္ဘာလ၂၉ ရက္တြင္ တြံေတး ၿမိဳ႕နယ္၊ ဘုရားငူေက်း႐ြာ၌ တင့္ႏိုင္ထြန္း အားလည္းေကာင္း ထပ္မံဖမ္းဆီးရမိခဲ့သျဖင့္ ျဖစ္စဥ္တြင္ ဖမ္းဆီးရမိသူ ၁၆ ဦး၊ ေမာ္ေတာ္ယာဥ္ ၄ စီးႏွင့္ အိုက္စ္ ၃၄၃၈ ကီလိုဂရမ္၊ ကတ္တမင္း ၂၁၉၈ ကီလိုဂရမ္၊ စုစုေပါင္း မူးယစ္ေဆးဝါး တန္ဖိုးေငြက်ပ္ ၁၉၅.၈၅ ဘီလီယံခန႔္ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသူမ်ား၏ထြက္ဆိုခ်က္အရ ကာလိၿမိဳ႕ေန စိုင္းေနာ္ခမ္း(ခ)ကိုစိုင္း (ဖမ္းဆီးရန္ က်န္)က ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ လြိဳင္လင္ခ႐ိုင္၊ ေက်းသီးၿမိဳ႕နယ္၊ ဝမ္ဟိုင္းေဒသမွ မူးယစ္ ေဆးဝါးမ်ားကို ရမည္းသင္းၿမိဳ႕ သို႔ ပို႔ေဆာင္ေပးခဲ့ရာ ရမည္းသင္းၿမိဳ႕မွ ရန္ကုန္ၿမိဳ႕ သို႔ ေအာင္ခန႔္ေက်ာ္ ႏွင့္ ထက္ေဝၿဖိဳး တို႔က ဆက္လက္ သယ္ေဆာင္ခဲ့ေၾကာင္း၊ စိုင္းေနာ္ခမ္း(ဖမ္းဆီးရန္က်န္)၏ ေစခိုင္း ခ်က္အရ ရခိုင္ျပည္နယ္သို႔ ပို႔ေဆာင္မည့္ မူးယစ္ေဆးဝါးမ်ားကို ေဇာ္လင္း ငွားရမ္းထားသည့္ ထန္းတပင္ၿမိဳ႕နယ္၊ စည္ပင္သာေက်း႐ြာရွိ ေနအိမ္၌ သိုေလွာင္သိမ္းဆည္းထားစဥ္ ဖမ္းဆီးခံရျခင္း ျဖစ္ေၾကာင္းႏွင့္ မေလးရွားႏိုင္ငံသို႔ ပို႔ေဆာင္မည့္ မူးယစ္ေဆးဝါးမ်ားကို ခင္ေမာင္တြတ္ က လႈိင္သာယာၿမိဳ႕နယ္၌ ေခတၱသိုေလွာင္သိမ္းဆည္းေပးခဲ့ၿပီး ၎ေနရာမွတဆင့္ ပင္လယ္ကမ္းစပ္ျဖစ္သည့္ သုံးခြၿမိဳ႕နယ္၊ သမစိတၱေက်း႐ြာရွိ ေက်ာ္ႏိုင္ ၏ ဂိုေဒါင္သို႔ ပို႔ေဆာင္သိုေလွာင္ခဲ့ေၾကာင္း၊ ဖမ္းဆီးရမိသူ ေက်ာ္ႏိုင္ ၏ထြက္ဆိုခ်က္အရ ဂိုေဒါင္၌ဖမ္းဆီးရမိသည့္ မူးယစ္ ေဆးဝါးမ်ားကို AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မွ စီးပြားေရးတာဝန္ခံမ်ားျဖစ္သည့္ ရဲေဇာ္ (ဖမ္းဆီးရန္ က်န္)ႏွင့္ ခ်စ္မင္း(ဖမ္းဆီးရန္က်န္)တို႔က ပင္လယ္ေရလမ္းေၾကာင္းျဖင့္ မေလးရွားႏိုင္ငံသို႔ ဆက္လက္ပို႔ေဆာင္ရန္ စီစဥ္ေနစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ထို႔ေၾကာင့္ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူမ်ားအား ဥပေဒအရ ထိေရာက္စြာအေရးယူ ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး တရားခံေျပးမ်ား အပါအဝင္ ကြင္းဆက္ျပစ္မႈက်ဴး လြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိေရး ေဆာင္႐ြက္လ်က္ရွိၿပီး ျပည္သူမ်ားအေနျဖင့္လည္း မူးယစ္ ေဆးဝါးသယ္ေဆာင္သည့္ သတင္းမ်ားရရွိပါက သက္ဆိုင္ရာသို႔ လွ်ိဳ႕ဝွက္စြာသတင္းေပးတိုင္ၾကားႏိုင္ ေၾကာင္းႏွင့္ သတင္းေပးသူႏွင့္ ပူးေပါင္းပါဝင္ဖမ္းဆီးေပးသူမ်ားအား လွ်ိဳ႕ဝွက္၍ ဆုေငြမ်ား ထိုက္တန္စြာ ခ်ီးျမႇင့္ေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.