သမိုင်းမုဒိတာအိမ်ရာရှိ (၄)လွှာတိုက်ပေါ်မှ လူငယ်အမျိုးသားတစ်ဦး ခုန်ချမှုဖြစ်ပွား

1031
စော (NP News) - ဇူလိုင် ၃၁
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းမုဒိတာအိမ်ရာရှိ (၄)လွှာတိုက်ပေါ်မှ အသက် (၂၅)နှစ်အရွယ် အမျိုးသားတစ်ဦး ခုန်ချခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့(ဇူလိုင်လ ၃၀ ရက်)၊ ညနေ (၆)နာရီခွဲဝန်းကျင်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ သမိုင်းမုဒိတာအိမ်ရာ (၁)ရှိ (B)အဆောင်တွင် ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းထံမှ သိရသည်။
“ခုန်ချရတဲ့အကြောင်းအရင်းကတော့ မသိပါဘူး။ နောက်ဖေးပြတင်းပေါက်ကနေ အမျိုးသားတစ်ဦး ခုန်ချတယ်။ သုံးလွှာပေါ်က အခန်း sunshade ကတစ်ဆင့် အောက်ပြုတ်ကျတယ်ဆိုပြီး ကျွန်တော်တို့ဆီကိုဖုန်းဆက်လာတာပါ”ဟု ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသားသည် အသက် (၂၅)နှစ်အရွယ်ရှိပြီး လက်ရှိအချိန်တွင် စိုးရိမ်စရာမရှိသော်လည်း အင်းစိန်ဆေးရုံ၌ ဆေးကုသမှုဆက်လက်ခံယူနေကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၂၆)ရက်၊ နံနက် (၁၀)နာရီခွဲအချိန်တွင် ဗိုလ်တထောင်မြို့နယ်တွင် တိုက်ခန်း(၈)လွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျခဲ့ကြောင်း သိရသည်။

zawgyi version
သမိုင္းမုဒိတာအိမ္ရာရွိ (၄)လႊာတိုက္ေပၚမွ လူငယ္အမ်ိဳးသားတစ္ဦး ခုန္ခ်မႈျဖစ္ပြား
ေစာ (NP News) - ဇူလိုင္ ၃၁
ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ သမိုင္းမုဒိတာအိမ္ရာရွိ (၄)လႊာတိုက္ေပၚမွ အသက္ (၂၅)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ခုန္ခ်ခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဇူလိုင္လ ၃၀ ရက္)၊ ညေန (၆)နာရီခြဲဝန္းက်င္အခ်ိန္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္ (၂)ရပ္ကြက္၊ သမိုင္းမုဒိတာအိမ္ရာ (၁)ရွိ (B)အေဆာင္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊေရာင္သမိုင္း အေရးေပၚကယ္ဆယ္ေရးႏွင့္ လူမႈအေထာက္အကူျပဳဖြံ႕ၿဖိဳးေရးအသင္းထံမွ သိရသည္။
“ခုန္ခ်ရတဲ့အေၾကာင္းအရင္းကေတာ့ မသိပါဘူး။ ေနာက္ေဖးျပတင္းေပါက္ကေန အမ်ိဳးသားတစ္ဦး ခုန္ခ်တယ္။ သုံးလႊာေပၚက အခန္း sunshade ကတစ္ဆင့္ ေအာက္ျပဳတ္က်တယ္ဆိုၿပီး ကြၽန္ေတာ္တို႔ဆီကိုဖုန္းဆက္လာတာပါ”ဟု ေ႐ႊေရာင္သမိုင္း အေရးေပၚကယ္ဆယ္ေရးႏွင့္ လူမႈအေထာက္အကူျပဳဖြံ႕ၿဖိဳးေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါအမ်ိဳးသားသည္ အသက္ (၂၅)ႏွစ္အ႐ြယ္ရွိၿပီး လက္ရွိအခ်ိန္တြင္ စိုးရိမ္စရာမရွိေသာ္လည္း အင္းစိန္ေဆး႐ုံ၌ ေဆးကုသမႈဆက္လက္ခံယူေနေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ဇူလိုင္လ (၂၆)ရက္၊ နံနက္ (၁၀)နာရီခြဲအခ်ိန္တြင္ ဗိုလ္တေထာင္ၿမိဳ႕နယ္တြင္ တိုက္ခန္း(၈)လႊာမွ အမ်ိဳးသားတစ္ဦး ျပဳတ္က်ခဲ့ေၾကာင္း သိရသည္။